Home သတင်း KNLA ၏ ၄ ကြိမ်‌မြောက် စစ်ဘက်ဆိုင်ရာ ဆရာဖြစ်သင်တန်း ပြုလုပ်ပြီးစီး

KNLA ၏ ၄ ကြိမ်‌မြောက် စစ်ဘက်ဆိုင်ရာ ဆရာဖြစ်သင်တန်း ပြုလုပ်ပြီးစီး

2726

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

(KNU) ကရင်အမျိုးသားအစည်းအရုံး ၏ စစ်‌ရေး‌တောင်ပံတစ်ခုဖြစ်‌သော ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟိုစစ်ဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် ၄ ကြိမ်‌မြောက် စစ်ဘက်ဆိုင်ရာ ဆရာဖြစ်မွမ်းမံသင်တန်း ဆင်းပွဲကို KNLA ဗဟိုစစ်ဌာနချုပ်တည်ရှိရာ ‌သေ့‌ဘေ့ထာ့၌ ‌အောက်တိုဘာ ၂၅ ရက်(ယ‌နေ့)တွင် ပြုလုပ်ခဲ့သည်။

၎င်းစစ်ဘက်ဆိုင်ရာ ဆရာဖြစ် မွမ်းမံသင်တန်းကို KNLA တပ်မဟာ(၇)ခုမှ စစ်သည်သင်တန်းသား ၂၉ ဦး တက်‌ရောက်ပြီး အ‌ခြေခံစစ်သင်တန်း၊ ‌မြေပုံဖတ်နည်း၊ တပ်မ‌တော်ဖွဲ့စည်းပုံဥပ‌ဒေ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို သင်တန်းဆရာ (၁၀)ဦးက ‌လေးလကြာ သင်တန်းပို့ချခဲ့ပြီး‌နောက် ယခုလို သင်တန်းဆင်းပွဲပြုလုပ်ခြင်းဖြစ်သည်ဟု KNLA တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်က ‌ပြောသည်။

၎င်းက “စစ်သားဆိုတာက အမြဲတမ်း စစ်‌ရေး‌လေ့ကျင့်ဖို့ လိုတယ်။ စစ်‌ရေးစစ်ရာ မရှိတဲ့အချိန်မှာ ရဲ‌ဘော်‌တွေကို အရည်အချင်းမြှင့်တင်‌ပေးဖို့ သင်တန်းလိုတယ်‌လေ။ သင်တန်းဆရာများများ ရှိမှလည်း သင်တန်း‌ပေးနိုင်မယ်။ ဒါ‌ကြောင့် သင်တန်းဆရာပြန်‌မွေးထုတ်‌ပေးရတာ‌ပေါ့ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းဖွင့်လှစ်‌ပေးခြင်းဆိုသည်မှာ စစ်စည်းကမ်းနှင့် ညီညွတ်ရန်၊ အချို့မှာ စစ်သားဖြစ်‌သော်လည်း စစ်အ‌တွေ့အကြုံ မရှိ‌သော ‌ကြောင့် အရည်အချင်းမပြည့်မီသည့် အ‌နေအထားတစ်ခုမှသည် ထိုက်သင့်‌သော ပညာရပ်များအား တတ်‌မြောက်ရန် သင် တန်းများပို့ချ‌ပေးသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်ဝ၊ ပြည့်မီ‌သော တပ်မ‌တော် တစ်ခုဖြစ်ရန် ရည်ရွယ်‌ကြောင်းလည်း ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်က ဆက်‌ပြောသည်။

၎င်းသင်တန်းကို တက်‌ရောက်‌အောင်မြင်သွားသည့် သင်တန်းသားများအ‌နေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တပ်မဟာအသီးသီးရှိ သင်တန်းဌာနများ၊ တပ်ရင်းများသို့ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချတာဝန် ထမ်း‌ဆောင်ရမည်ဟု သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

ယ‌နေ့ပြုလုပ်‌သော ၎င်းသင်တန်းဆင်းပွဲ အခမ်းအနားသို့ KNLA တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်၊ သင်တန်းတာဝန်ခံ ဗိုလ်မှူးကြီးမန်းကြာယုံ၊ KNU စည်းရုံး‌ရေးနှင့်ပြန်ကြား‌ရေးဌာန အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စော လစ္စတန်အပါအဝင် စစ်ဘက်အရာရှိများ၊ တပ်မှူးများ၊ စစ်သည်များ၊ ‌ကေအဲန်ယူ၏ မျိုးဆက်သစ်‌ကျောင်းမှ ‌ကျေုာင်းသား ‌ကျောင်းသူများ စုစု‌ပေါင်း လူဦး‌ရေ ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယခု သင်တန်းအပါအဝင် KNLA စစ်ဘက်ဆိုင်ရာ ဆရာဖြစ်မွမ်းမံသင်တန်း၏ အပတ်စဉ်သင်တန်း ၄ ကြိမ်စလုံးကို KNLA ဌာနချုပ် ‌သေ့‌ဘေ့ထာ့၌သာ ပြုလုပ်ခဲ့ပြီး ‌နောင်တွင်လည်း အလားတူ မွမ်းမံသင်တန်းမျိုးကို အလျင်းသင့်သလို ပြုလုပ်သွားမည်ဟု ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်က ‌ပြောသည်။