Home သတင်း ငြိမ်းချမ်း‌ရေး တည်‌ဆောက်သည့်ကာလ လုံခြုံ‌ရေးကဏ္ဍ၏ အ‌ရေးပါမှု ဖားအံတွင်‌ဆွေး‌နွေး

ငြိမ်းချမ်း‌ရေး တည်‌ဆောက်သည့်ကာလ လုံခြုံ‌ရေးကဏ္ဍ၏ အ‌ရေးပါမှု ဖားအံတွင်‌ဆွေး‌နွေး

2552

‌အောက်တိုဘာ ၂၆ ရက်၊ ၂၀၁၇ ခုုနှစ်။ နန်း‌ဝေဖြိုးဇာ

ငြိမ်ချမ်း‌ရေးတည်‌ဆောက်သည့်ကာလတွင် လုံခြုံ‌ရေးကဏ္ဍ၏ အ‌ရေးပါမှုနှင့်ပတ်သက်၍ မြန်မာ့ ငြိမ်းချမ်း ‌ရေးနှင့် လုံခြုံ‌ရေးသိပ္ပံမှဦးစီးပြီး ‌အောက်တိုဘာလ ၂၄ ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ ‌တော်ဝင်ရတနာ ဟိုတယ်တွင် ပညာရပ်ဆိုင်ရာ ‌ဆွေး‌နွေးမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင်အများစု သိမြင်ထားကြသည့်လုံခြုံ‌ရေးဆိုင်ရာအသိပညာများထက် လုံခြုံ‌ရေးဆိုသည်မှာ ကျယ်ပြန့် သည့် သ‌ဘောတရားများရှိသည့်အတွက် ၎င်းနှင့်ပတ်သက်သည့် ပညာရပ်ပိုင်းဆိုင်ရာ ‌ပေးရန်ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်း‌ရေးနှင့်လုံခြုံ‌ရေးသိပ္ပံမှ ဒါရိုက်တာ ‌ဒေါ်ခင်မမမျိုးက ‌ပြောသည်။

၎င်းက “အဓိကက‌တော့ မြန်မာနိုင်ငံမှာက လုံခြုံ‌ရေးလို့‌ပြောလိုက်ရင် စစ်တပ်၊ ရဲ၊ ‌ထောက်လှမ်း‌ရေး အဲလိုပဲမြင် တယ် ‌ပေါ့‌နော်။ အဲဒီ‌တော့လုံခြုံ‌ရေးအပိုင်းဆိုတာက အဲဒီလိုမဟုတ်ဘူး။ ပိုမိုကျယ်ပြန့်တဲ့သ‌ဘောတရားရှိတယ် ဆိုတာကို ပညာရပ်ဆိုင်ရာ ရှု‌ထောင့်က‌နေ ပညာ‌ပေးဖို့အတွက် ဒီပွဲ‌လေးကိုလုပ်ဖြစ်တာပါ”ဟု ‌ပြောသည်။

ထို‌နေ့က ပြုလုပ်သည့်အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အမျိုးသားလုံခြုံ‌ရေးတွင် အန္တရာယ်ကင်းရှင်း‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေး၊ လူသားများအတွက် လိုအပ်သည့် အဖွဲ့အစည်းလုံခြုံ‌ရေး၊ နိုင်ငံ‌ရေးရာလုံခြုံ‌ရေး၊ တစ်ဦးချင်း လုံခြုံ‌ရေး၊ ကျန်းမာ‌ရေးလုံခြုံ‌ရေး၊ အစားအစာလုံခြုံ‌ရေး နှင့်စီးပွား‌ရေး လုံခြုံ‌ရေး စသည့် အ‌ကြောင်းများ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့‌ဆွေး‌နွေးရာတွင် လက်ရှိငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလ လုံခြုံ‌ရေးနှင့်ပတ်သက်ပြီး ‌ခေါင်းစဉ်တစ်ခု အဖြစ် ‌ဆွေး‌နွေးခွင့်ရလာသည့်အချိန်တွင် နိုင်ငံလုံခြုံ‌ရေးအတွက် ထည့်သွင်း စဉ်းစားရာ၌ နိုင်ငံ‌တော် လုံခြုံ‌ရေး ကဏ္ဍစဉ်းစားမှု များအပြင် အဓိကအားဖြင့် လူအားလုံး၏ လုံခြုံ‌ရေးအတွက်ကိုပါထည့် သွင်းစဉ်းစားရမည် ဖြစ်‌ကြောင်းကို တက်‌ရောက် လာသူများက ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်သည့် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S) အရပ်သားကိုယ်စားလှယ်နန်း‌စေအွာက
“ငြိမ်းချမ်း‌ရေး ထည့်သွင်း စဉ်းစားပြီးရင် လုံခြုံ‌ရေးကို စဉ်စားရမယ်။ စစ်ဘက် ကြည့်ရင် ငြိမ်းချမ်း‌ရေးရှိပြီး မြင်‌ပေမယ့်လည်း လူတစ်ဦးတစ်‌ယောက် အမျိုးသမီး ဘဲဖြစ်ဖြစ် မလုံခြုံဘူးဆိုရင်‌တော့ ငြိမ်းချမ်း တယ်လို့ ဆိုလို့ရမှာမဟုတ်ဘူး။ လုံခြုံ‌ရေးလို့ ထည့်သွင်းစဉ်းစားရင် ထဲထဲဝင်ဝင်ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ့ငြိမ်းချမ်း‌ရေးနှင့်လုံခြုံ‌ရေးသိပ္ပံအ‌နေဖြင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလ လုံခြုံ‌ရေးဆိုင်ရာ အသိ ပညာများနှင့်ပတ်သက်ပြီး ပိုမိုတိုးတက်လာ‌အောင် အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့်လက်တွဲကာ သင်တန်း‌ပေးမှုများ၊ အလုပ်ရုံ‌ဆွေး‌နွေးပွဲများပြု လုပ်ပြီး ကူညီမှုများလုပ်‌ဆောင်‌နေသည့်အဖွဲ့အစည်း ဖြစ်သည်။

‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေး ကွန် ရက်(TCDN)၊ ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့ကွန်ရက် KSCNအဖွဲ့၊ မာဃလူငယ်ကွန်ရက်အဖွဲ့တို့ တက်‌ရောက်ခဲ့ကြပြီး တက်‌ရောက်သူ ၄၁ ဦးရှိသည်ဟု သိရသည်။