Home သတင်း ‌ကော့လုံကျွန်းတွင် ပထမဦးဆုံး ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်လှစ်

‌ကော့လုံကျွန်းတွင် ပထမဦးဆုံး ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်လှစ်

2688

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

လှိုင်းဘွဲမြို့နယ်၊ ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးရွာအုပ်စု ငှက်‌ပျော‌တော‌ကျေးရွာ၌ ရွာသူရွာသားများ စု‌ပေါင်း တည်‌ဆောက် ပြီးစီးသွား‌သော ရတနာသိုက်အမည်ရှိ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တစ်လုံးကို ‌အောက်တိုဘာလ ၂၉ရက်‌နေ့က ဖွင့်လှစ် လိုက်သည်။

‌ကျေးရွာနှင့် အနီးအနားရှိ ‌ဒေသခံများ စာဖတ်ခြင်းဖြင့် ဗဟုသုတ ပွားများလာ‌စေရန် ရည်ရွယ်၍ ရွာသူရွာသားများက စု‌ပေါင်းအ လှူ‌ငွေ ထည့်ဝင်ကာ လနှင့်ချီ၍ တည်‌ဆောက်လာခဲ့ရာမှ ပြီးစီးပြီဖြစ်သည့်အတွက် ယခုလို ဖွင့်ပွဲကျင်းပရခြင်းဖြစ်သည်ဟု ရတနာသိုက် စာကြည့်တိုက်မှူးဖြစ်သူ ‌စောတာပူးလူက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကျေးရွာမှာ ပညာဗဟုသုတ‌တွေ များပြားလာဖို့ ရည်ရွယ်ပြီး ဒီစာကြည့်တိုက်ကို ကျ‌နော်တို့ စု‌ပေါင်းအလှူ‌ငွေထည့်ပြီး တည် ‌ဆောက်ကြတာပါ။ နာမည်ကို‌တော့ ရတနာသိုက်လို့ ‌ပေးထားတာ‌ပေါ့။ ရတနာဆိုတာ ‌ရွှေ၊ ‌ငွေမှ မဟုတ်ပါဘူး။ ပညာဆိုတာ လည်း ရတနာတပါးဖြစ်တဲ့အတွက် ရတနာသိုက်ဆိုပြီး နာမည်‌ပေးတာ‌ပေါ့‌နော်။ စာတိုက်ကြည့်တိုက်ဖွင့်ခြင်းဖြင့် ကျ‌နော်တို့ ရွာအတွက် ပိုပြီး တိုးတက်‌စေမှာပါ”ဟု သူက ‌ပြောသည်။

စာကြည့်တိုက်တွင် ရသစာအုပ်များ၊ ဘာသာ‌ရေးစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ အတ္ထုပ္ပတ္တိစာအုပ်များ၊ ပညာ‌ပေးကျမ်းများ ပါဝင် ‌ကြောင်း ထည့်သွင်းထား‌ကြောင်းနှင့် လိုအပ်သည့် စာအုပ်များကိုလည်း ဆက်လက် ဝယ်ယူသွားမည်ဖြစ်‌ကြောင်း ‌စောတပူးလူ က ဆက်‌ပြောသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ သံဃာ‌တော်များ၊ ‌ဒေသခံတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ၊ ‌ကျောင်းဆရာ/ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ အစိုးရ၏ မြို့နယ်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ‌ဒေသ ခံများ စုစု‌ပေါင်း ၈၀ဝ ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် အခမ်းအနားတွင် သံဃာနှင့် တာဝန်ရှိသူအချို့မှ စာကြည့်တိုက်၏ အ‌ရေးပါပုံ၊ ရည်ရွယ်ချက်များနှင့် စာကြည့်တိုက် ထားရှိခြင်းဖြင့် ‌ဒေသခံများအတွက် မျက်စိပွင့် နားပွင့်လာနိုင်ခြင်း၊ ပညာဗဟုသုတ တိုးတက်‌ပြောင်းလဲလာနိုင်ခြင်း စသည်များ ‌ဟော‌ပြောခဲ့ကြသလို ‌ကျေးရွာ‌ဒေသခံမှလည်း ဒုံးယိမ်းအကဖြင့် ‌ဖျော်‌ဖြေခဲ့ကြသည်။

စာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနား တက်‌ရောက်လာသူ ကရင်လူငယ် နန်းနွယ်နွယ်‌အေးက “ဒီစာကြည့်တိုက်ရှိခြင်းဖြင့် ‌နောင်လာ‌နောက်သား က‌လေး‌တွေ တိုးတက်လာမယ်။ အကျင့်စာရိတ္တ‌တွေလည်း ‌ကောင်းမွန်လာမယ်။ ‌ကျေးရွာအတွက်‌ကော အကျိုး‌ကျေးဇူး‌တွေ ရှိလာမှာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ငှက်‌ပျော‌တောရွာ ‌ဒေသခံများသည် စာကြည့်တိုက်အ‌ဆောက်အဦးနှင့် စာအုပ်အတွက် အလှူ‌ငွေ ကျပ်သိန်း ၉ဝခန့် ထည့်ဝင်ခဲ့ ကြသလို စာကြည့်တိုက်ဖြစ်‌မြောက်‌ရေးအတွက် လိုအပ်သည့် အကူအညီအချို့ကို သံဃာ‌တော်၊ မြို့နယ်အဆင့် အစိုးရတာဝန်ရှိ သူများနှင့် အရပ်ဖက်အဖွဲ့အချို့ကလည်း ကူညီပံ့ပိုး‌ပေးခဲ့‌ကြောင်း ‌ကျေးရွာရပ်မိရပ်ဖများထံမှ သိရသည်။

သံလွင်မြစ်လယ်တွင် တည်ရှိပြီး ၁၂မိုင်ခန့် ရှည်လျားသည့် ‌ကော့လုံကျွန်း‌ပေါ်တွင် ကို‌မောင်‌ကျေးရွာအုပ်စုနှင့် မြ‌လေး‌ကျေးရွာ အုပ်စုဟူ၍ရှိကာ ယင်း‌ကော့လုံကျွန်း‌ပေါ်၌ ငှက်‌ပျော‌တော အပါအဝင် ‌ကျေးရွာ‌ပေါင်း ၁၄ရွာရှိသည့်အနက် ယခုလို ကိုယ်ထူ ကိုယ်ထ စာကြည့်တိုက်တစ်လုံးကို ပထမဆုံးအကြိမ် တည်‌ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။