Home သတင်း ‌ကေအဲန်ယူ မူ‌တြော်(ဖာပွန်)ခရိုင်၏ အလုပ်အမှု‌ဆောင်သစ်တွင် အမျိုးသမီးတစ်ဦး ပါဝင်‌ရွေး‌ကောက်ခံရ

‌ကေအဲန်ယူ မူ‌တြော်(ဖာပွန်)ခရိုင်၏ အလုပ်အမှု‌ဆောင်သစ်တွင် အမျိုးသမီးတစ်ဦး ပါဝင်‌ရွေး‌ကောက်ခံရ

2368

စက်တင်ဘာ ၁၉ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောသိန်းမြင့်

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်(မူ‌တြော်)ခရိုင်၏ ၁ဝကြိမ်‌မြောက် ကွန်ဂရက်ကို စက်တင်ဘာလ ၁၁ရက်မှ ၁၆ ရက်‌နေ့အထိ မူ‌တြော်ခရိုင်၊ လူ‌သောမြို့နယ်၊ ‌ဒေ့ပူနို့ ‌ကျေးရွာတွင် ကျင်းပပြီး ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် (EC)သစ် များ ‌ရွေး‌ကောက်ခဲ့ရာတွင် အမျိုးသမီး‌ခေါင်း‌ဆောင်တစ်ဦး ပါဝင်လာခဲ့သည်။

အဆိုပါကွန်ဂရက်တွင် မဲ‌ပေး‌ရွေး‌ကောက်ခံရသည့် ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် ၉ဦးမှာ ဥက္ကဌ ပဒို‌စောထဲဒယ်၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စောမုဟဲ၊ အတွင်း‌ရေးမှူး ပဒို‌စောကလို့မူ‌တြော်၊ တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စော‌လေး‌တော၊ ‌ကော်မတီအဖွဲ့ဝင်များအ ဖြစ် ပဒို‌စောဖါး‌ဝေါ်၊ ပဒို‌စောဒီ့‌ဂေဂျူနီယာ၊ ပဒို‌နော်ပဲ့ဝါး၊ ပဒို‌စောကလို့ထူး၊ ဒုဗိုလ်မှူးကြီး ‌စောယိုးရှူးတို့ ပါဝင်သည်ဟု အလုပ်အမှု ‌ဆောင်‌ကော်မတီအဖွဲ့ဝင် ပဒို‌စောဖါး‌ဝေါ်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ပဒို‌စောဖါး‌ဝေါ်က “အလုပ်အမှု‌ဆောင်‌ကော်မတီဝင်ထဲမှာ အ‌ပြောင်းအလဲ ‌တော်‌တော်များများရှိတယ်။ အရင် အတွင်း‌ရေးမှူးက ဥက္ကဌအဖြစ် ပြန်‌ရွေးခံတယ်။ တွဲဘက်အတွင်း‌ရေးမှူးက အတွင်း‌ရေးမှူးအဖြစ် ပြန်အ‌ရွေးခံရတယ်။ ထူးခြားတာက‌တော့ အမျိုး သမီးတစ်‌ယောက် ပါလာတယ်။ သူက မူ‌တြော်ခရိုင်ရဲ့KWO-ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ ‌နော်ပဲ့ဝါးပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ရွေး‌ကောက်ပွဲ၏ စည်းမျဉ်းစည်းကမ်းအရ ‌ဒေသအသီးသီးမှ တက်‌ရောက်လာသည့် ကိုယ်စားလှယ်များမှ အဆိုပြုလာသည့် ကိုယ်စားလှယ်‌လောင်း ၅ဝဦးထဲမှ ခရိုင် အမြဲတမ်း‌ကော်မတီဝင် ၃၃ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ပြီးမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်း‌ရေးမှူး၊ တွဲဘက်အတွင်း‌ရေးမှူး စသည့် ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် (EC) ၄ဦး (ကြီး‌လေးကြီး) ကို လျှို့ဝှက်မဲဖြင့် ဆက်လက် ‌ရွေး‌ကောက်ခဲ့ခြင်း ဖြစ်သည်။

ခရိုင် အမျိုးသမီး‌ခေါင်း‌ဆောင် ‌ရွေး‌ကောက်ခံရမှုအ‌ပေါ် KWO ၏ ဗဟို တွဲဘက်အတွင်း‌ရေးမှူး(၂) ‌နော်‌စေး‌စေးဟဲက “အဖွဲ့အ စည်းထဲက စီမံအုပ်ချုပ်မှုအပိုင်းမှာ အမျိုးသမီး ပူး‌ပေါင်းပါဝင်မှု ၃ဝရာခိုင်နှုန်း ပါဝင်ဖို့ ကျမတို့ ‌တောင်းဆိုခဲ့တာလည်း အ‌တော် ကြာပါပြီ။ အခုလို ခရိုင်အဆင့်မှာ အမျိုးသမီးတစ်‌ယောက် EC ထဲမှာ အ‌ရွေးခံရတာ ကျမတို့အ‌နေနဲ့ အတိုင်းမသိ ဝမ်းသာတယ်။ ‌ရှေ့ဆက် အမျိုးသမီး‌ရေးရာနဲ့ပတ်သက်ပြီး ပူး‌ပေါင်းလုပ်‌ဆောင်မှု၊ ချိတ်ဆက်မှုအပိုင်းမှာ အား‌ကောင်းလာမယ်လို့ ‌မျှော်လင့်ပါ တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KWO ခရိုင်အဆင့် ‌ခေါင်း‌ဆောင်များထဲတွင် ‌ကေအဲန်ယူ၏ သထုံခရိုင်၊ ဒူးပလာယာခရိုင်၊ ဖားအံခရိုင်နှင့် ဗဟိုအဆင့် ကွန်ဂရက် များ၌ ‌ရွေး‌ကောက်ပွဲအရ တက်လာသည့် အမျိုးသမီး‌ခေါင်း‌ဆောင်များလည်း ရှိ‌နေပြီးဖြစ်သည်။

‌ကေအဲန်ယူ မူ‌တြော်ခရိုင် ကွန်ဂရက်သို့ ‌ကေအဲန်ယူ ဗဟိုမှ တွဲဘက် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းနှင့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်ခရိုင်များမှ တာဝန်ရှိသူများက မဲ‌ကော်မရှင်အဖြစ် သွား‌ရောက်ကူညီ‌ဆောင်ရွက်‌ပေးခဲ့သည်။ ၎င်းကွန် ဂရက်တွင် မူ‌တြော်ခရိုင်ရှိ လူ‌သော၊ ဘူးသိုနှင့် ဒွဲလိုးမြို့နယ်များမှ စစ်ဘက်၊ အရပ်ဘက်ကိုယ်စားလှယ်များ၊ ‌ကျေးရွာအုပ်စုများမှ ကိုယ်စားလှယ်များ၊ ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၁၀၈ဦး တက်‌ရောက်ခဲ့ကြသည်။

၆ရက်ကြာ ကျင်းပပြုလုပ်သည့် ၎င်းကွန်ဂရက်တွင် မူ‌တြော်ခရိုင်၏ ၂နှစ်တာကာလအတွင်း လုပ်‌ဆောင်မှုများကို ပြန်လည်သုံး သပ်ခြင်း၊ သက်ဆိုင်ရာ ဌာန၊ မြို့နယ်အသီးသီးမှ အစီရင်ခံခြင်း၊ ခရိုင်၏ ဝင်‌ငွေထွက်‌ငွေ ပြန်လည်စိစစ်ခြင်း၊ လက်ရှိ မြန်မာ့နိုင်ငံ ‌ရေးအ‌ခြေအ‌နေများကို သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် စစ်မှန်သည့် ငြိမ်းချမ်း‌ရေး ‌ပေါ်‌ပေါက်လာရန် ကြိုးပမ်းလုပ်‌ဆောင်‌နေသည့် ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်များကို ဝန်းရံ သွားရန်၊ ခရိုင်အတွင်း သန်း‌ခေါင်စာရင်းများ ‌ကောက်ခံသွားရန်၊ ‌ဒေသခံလူထုများအား အသိအမှတ်ပြုလက်မှတ်များ ထုတ်‌ပေး သွားရန်၊ ခရိုင်၊ မြို့နယ် နယ်ခြားစည်းမျဉ်းများ တိုင်းတာမှုများကို အပြီးသတ်ရန်နှင့် ယခုနှစ်ဆန်းပိုင်းက သတ်မှတ်အတည်ပြု ထားသည့် Salween Peace Park ၏ လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော်သွားရန် စသည့်‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ ကြသည်ဟု ‌ကေအဲန်ယူ မူ‌တြော်ခရိုင် တာဝန်ရှိသူများက ‌ပြောသည်။

ခရိုင်ဥက္ကဌအဖြစ် ပြန်လည် ‌ရွေး‌ကောက်ခံရသူ ပဒို‌စောထဲဒယ်က “ဒီ ၂နှစ်တာကာလအတွင်းမှာ ကျလာတဲ့တာဝန်ကို တတ်စွမ်း သ‌လောက် ထမ်း‌ဆောင်သွားမယ်။ ဒီလို ထမ်း‌ဆောင်တဲ့‌နေရာမှာ တစ်ဦးတစ်‌ယောက်ထဲနဲ့ ထမ်း‌ဆောင်လို့မရဘူး။ အားလုံး ပါဝင်တဲ့ စု‌ပေါင်း‌ခေါင်း‌ဆောင်မှုနဲ့ သွားရမယ်။ တစ်ဦးချင်း တာဝန်ခွဲ‌ဝေ‌ပေးမှုအ‌ပေါ်မှာလည်း လက်ခံရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂ဝ၁၄ခုနှစ်က ကျင်းပခဲ့သည့် ၉ကြိမ်‌မြောက် မူ‌တြော်ခရိုင် ကွန်ဂရက်၏ ‌ရွေး‌ကောက်ပွဲတွင် ခရိုင် အလုပ်အမှု‌ဆောင်‌ကော်မတီ ဥက္ကဌအဖြစ် ပဒို‌စောဒီ့‌ဂေဂျူနီယာ၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စောမူဟဲ၊ အတွင်း‌ရေးမှူး ပဒို‌စောထဲဒယ်၊ တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စော လွဲ‌ဂေ၊ ‌ကော်မတီအဖွဲ့ဝင်များအဖြစ် ပဒို‌စောကလို့ထူး၊ ပဒို‌စောဖါး‌ဝေါ်၊ ဗိုလ်မှူး‌စောကလယ်ဒို့၊ ပဒို‌စောကလို့မူ‌တြော် (တာဝန်က နုတ်ထွက်သွားသည့် ပဒို‌စောလွဲ‌ဂေ၏ တာဝန်ကို ပြန်ယူ)နှင့် ပဒို‌စောကလယ်‌စေးတို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့သည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေအရ တပ်မဟာမှူး တာဝန်ယူထားသူကို ‌ရွေး‌ကောက်စရာ မလိုဘဲ သက်ဆိုင်ရာ ခရိုင်၏ ဒုဥက္ကဌတာဝန်ကို အလိုအ‌လျောက် ထမ်း‌ဆောင်‌စေရမည်ဟူ၍ ပါရှိသည်။ ထို့အပြင် ဖွဲ့စည်းပုံအရ ခရိုင်အဆင့် ‌ရွေး‌ကောက်ပွဲ ကို ၂နှစ်တစ်ကြိမ် ကျင်းပရန် ယခင်က ပြဌာန်းခဲ့ကြ‌သော်လည်း ၂၀၁၇ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန် ယူ ကွန်ဂရက်တွင် ခရိုင်၊ မြို့နယ်အဆင့် ကွန်ဂရက်များကို ၄နှစ်တစ်ကြိမ် ကျင်းပသွားရန် ‌ပြောင်းလဲဆုံးဖြတ်ခဲ့ကြသည်။