Home သတင်း ဆင်းရဲနွမ်းပါးသူများအတွက် ဥပ‌ဒေဆိုင်ရာ အကူအညီ‌ပေးမည့် ဖားအံ တရားမျှတမှု စင်တာ ဖွင့်လှစ်

ဆင်းရဲနွမ်းပါးသူများအတွက် ဥပ‌ဒေဆိုင်ရာ အကူအညီ‌ပေးမည့် ဖားအံ တရားမျှတမှု စင်တာ ဖွင့်လှစ်

2228

စက်တင်ဘာ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအတွက် ဥပ‌ဒေဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ ကူညီ‌ဆောင်ရွက်‌ပေးနိုင်ရန် ရည်ရွယ်ပြီး My Justice အဖွဲ့မှ ဖားအံ တရားမျှတမှု စင်တာ (Hpa-An Justice Centre) ၏ ရုံးကို ဖားအံမြို့ ၊ အမှတ် ၆ ရပ်ကွက်တွင် စက်တင်ဘာလ ၂၇ ရက်‌နေ့က ဖွင့်လှစ်လိုက်သည်။

My Justice သည် ဥ‌ရောပသမဂ္ဂ EUမှ ကူညီပံ့ပိုးပြီ ဗြိတိသျှ‌ကောင်စီ၏ စီမံခန့်ခွဲခြင်းဖြင့် ၄ နှစ်တာ စီမံကိန်းဖြစ်ကာ ကိုယ် ပိုင်‌ရှေ့‌နေ ငှားရန် ‌ငွေ‌ကြေးမတတ်နိုင်သူများကို အခမဲ့ ‌ရှေ့‌နေလိုက်‌ပေးမှုနှင့် ကူညီ‌ဆောင်ရွက်‌ပေးမှုအပြင် ရပ်ရွာလူထု နှင့် သက်ဆိုင်ရာ ဌာနများအတွက် ဥပ‌ဒေဆိုင်ရာ အသိပညာ‌ပေးခြင်းဝန်‌ဆောင်မှုများ လုပ်‌ဆောင်ရန်အတွက် ရုံးဖွင့် လှစ်‌ပေးထားခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့မှ မြန်မာနိုင်ငံ၏ စီမံကိန်းဒါရိုက်တာ မစ္စတာ ဂျင်မ်‌တေလာက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အဓိက ရည်ရွယ်ချက်က‌တော့ ရာဇဝတ်ပြစ်မှုနဲ့ စွပ်စွဲခံရတဲ့ တိုင်းရင်းသားပြည်သူ‌တွေ လူ့အ သိုင်းဝိုင်းထဲမှာ တန်းတူညီမှုမရရှိတဲ့လူ‌တွေကို ကိုယ်စားပြု‌ပေးနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ သူတို့ဟာ ကိုယ်တိုင် ကိုယ်ကျ ဒီစင်တာမှာ လာ‌ရောက်အကူညီ ‌တောင်းခံမှုမရှိရင်လည်း သူတို့ရဲ့ မိသားစုဝင်‌တွေ ၊ မိတ်‌ဆွေ‌တွေကဟာ ကျ‌နော် တို့နဲ့ တိုက်ရိုက်အကူအညီ‌တောင်းခံလို့ရတယ်” ဟု ရုံးဖွင့်ပွဲအခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

ဖားအံ တရားမျှတမှု စင်တာကို စက်တင်ဘာလ ၁ ရက်‌နေ့ကတည်းက စတင်ကာ ဥပ‌ဒေပိုင်းဆိုင်ရာ ကူညီ‌ဆောင်ရွက်မှု လုပ်ငန်းကို လုပ်‌ဆောင်လာခဲ့ပြီဖြစ်‌သော်လည်း ယခုမှသာ စင်တာ၏ရုံးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တရားလွှတ်‌တော်‌ရှေ့‌နေ ၂ ဦးနှင့် အထက်တန်း‌ရှေ့‌နေ ပုဂ္ဂိုလ် ၁ ဦးတို့မှ အမှု ၃ မှု လက်ခံ‌နေပြီဟု သိရသည်။

ထို့အပြင် My Justice ၏ စီမံကိန်းအ‌ကြောင်းနှင့် လုပ်‌ဆောင်ချက်များကို အစိုးရ ဌာနဆိုင်ရာများကို အသိ‌ပေး‌ကြေညာ ထားပြီးဖြစ်သလို ရပ်ရွာလူထုသိရှိရန်အတွက်လည်း လက်ကမ်းစာ‌စောင်များဖြင့် အသိ‌ပေးဖြန့်‌ဝေသွားမည်ဟု My Justice အဖွဲ့က ‌ပြောသည်။

“အခုလို ဆင်းရဲနွမ်းပါးလူများအတွက် ‌ရှေ့‌နေငှား‌ပေးနိုင်ဖို့ စီစဉ်‌ပေးတဲ့အတွက် အားကိုးအားထားရာ ‌ပေါ်‌ပေါက်လာလို့ အထူးဝမ်းသာပါတယ်။ တရားစီရင်‌ရေးမှန်ကန်မှ တရားဥပ‌ဒေစိုးမိုးမှု ဖြစ်လာမယ်။ တစ်ဖက် တစ်လမ်းမှ အဖွဲ့အစည်း ‌ပေါ်‌ပေါက်လာလို့ အထူးပဲဝမ်း‌မြောက်ပါတယ်”ဟု ကရင်ပြည်နယ် ဥပ‌ဒေချုပ် ‌စောချစ်မြင့်‌လေးက အဆိုပါ ရုံးဖွင့်ပွဲ အခမ်း အနားတွင် ‌ပြောကြားသည်။

My Justice Centre အ‌နေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ ရန်ကုန်နှင့် ‌မော်လမြိုင်တို့တွင် ဥပ‌ဒေပိုင်းဆိုင်ရာအကူအညီ စတင် ‌ထောက်ပံ့လာခဲ့ရာ လတ်တ‌လောအချိန်ထိ အမှု‌ပေါင်း ၂၃၅၉ မှုတို့ကို ‌ရှေ့‌နေလိုက်‌ပေးခဲ့ပြီဖြစ်သလို အမှုသည် ၁၃၇၂ ဦးအား ဥပ‌ဒေပိုင်းဆိုင်ရာ အကြံပြုမှုများ လုပ်‌ဆောင်‌ပေးခဲ့ပြီးပြီဟု ၎င်းအဖွဲ့က ‌ပြောသည်။