Home သတင်း ကရင်နီဒုက္ခသည်စခန်းတွင် မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်ကြမည့် ဒုက္ခသည် ၃၅ဦး အမည်စာရင်းတင်ထား

ကရင်နီဒုက္ခသည်စခန်းတွင် မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်ကြမည့် ဒုက္ခသည် ၃၅ဦး အမည်စာရင်းတင်ထား

2580

စက်တင်ဘာ ၁၃ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်းတွင် ဇူလိုင်လမှ ယခု စက်တင်ဘာလအထိ မိမိဆန္ဒအ ‌လျောက် ‌နေရပ်ပြန်ရန် နာမည်စာရင်း‌ပေးသွင်းထားသည့် ကရင်နီဒုက္ခသည် ဦး‌ရေ စုစု‌ပေါင်း ၃၅ဦးရှိသည်ဟု ကရင်နီဒုက္ခသည် ‌ကော်မတီ (KnRC) ဥက္ကဌ ‌စောမန်း‌စောက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ဒုက္ခသည်စခန်းအတွင်းရှိ ‌နေရပ်ပြန်လိုသူများအတွက် UNHCR မှ ဖွင့်လှစ်‌ပေးထားသည့် ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား‌ရေးအ ကျိုး‌ဆောင်ဌာန (Voluntary Repatriation Center –VRC) မှ တစ်ဆင့် အမည်စာရင်း သွား‌ရောက်‌ပေးသွင်းခြင်းဖြစ်ပြီး ၎င်းအ ‌ခြေအ‌နေနှင့်ပတ်သက်၍ KnRC ဥက္ကဌ ‌စောမန်း‌စောက ယခုလို ရှင်းပြ‌ပြောဆိုသည်။

“အခု တင်ထားတာက အမှတ်(၁) စခန်းတစ်ခုထဲ ရှိတယ်။ ‌လော‌လောဆယ်အထိ‌တော့ ၃၅‌ယောက်ရှိတယ်။ အ‌သေးစိတ်စာရင်း ကို‌တော့ မရ‌သေးဘူး။ တင်ပြီး‌တော့ တစ်ခါထဲ လုပ်‌ဆောင်လို့မရဘူး‌လေ။ Process အများကြီး သွားရအုံးမယ်။ ဘယ်‌နေရာမှာ ပြန်မလဲဆိုတာ ပြန်ပြီး ‌လေ့လာရအုံးမယ်။ ပြန်မယ့်‌နေရာက ပြန်‌နေလို့ ရမရ၊ ပြီး‌တော့ မြန်မာအစိုးရနဲ့ အတည်ပြုမှုယူရပြီးမှ အစီ အစဉ်က စရမယ်။”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ဒုက္ခသည်များဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီ အစဉ်သာဖြစ်ပြီး မိမိတို့ ကရင်နီဒုက္ခသည်‌ကော်မတီနှင့် လာ‌ရောက်ညှိနှိုင်း‌ဆွေး‌နွေးခြင်း မရှိ‌သော‌ကြောင့် ယင်းအစီအစဉ်အ‌ပေါ် ၎င်းတို့အ‌နေဖြင့် ပူး‌ပေါင်း‌ဆောင်ရွက်ခြင်း မရှိ‌သေး‌ကြောင်း KnRC ဥက္ကဌ ‌စောမန်း‌စောက ဆက်‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင် မယ်‌ဟောင်‌ဆောင်မြို့နယ်ရှိ ကရင်နီအမှတ်(၁)နှင့် ခိုယွန်းမြို့နယ်ရှိ အမှတ်(၂) ဒုက္ခသည်စခန်းနှစ်ခုတို့တွင် စုစု‌ပေါင်း လူဦး‌ရေ (၁၃၀၀၀)ခန့် ‌နေထိုင်လျက်ရှိသည်ဟု KnRC စာရင်းအရ သိရသည်။

အလားတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ကြီးကြပ်မှု‌အောက်ရှိ မယ်လ၊ အုန်းဖျန်နှင့် နို့ဖိုးဒုက္ခ သည်စခန်း ၃ခုတွင်လည်း ယခုနှစ်အတွင်း မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်ရန် စာရင်းတင်ထားသည့် ဒုက္ခသည်ဦး‌ရေ ၁၆ဝ‌ကျော် ရှိပြီး ၎င်းတို့အား ယခုနှစ် ဇူလိုင်လဆန်းပိုင်းက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR က သွား‌ရောက်‌မေး မြန်းမှုများ ပြုလုပ်ခဲ့‌သေးသည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူများက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်း‌ကော်မတီ ဥက္ကဌ ‌စော‌အောနက်က “ဇူလိုင်လတုန်းက လာပြီး အင်တာဗျူးတာ‌တွေလုပ်ပြီး‌တော့ အခုထိ ‌နောက်ဆက်တွဲ ဘာမှမလာ‌သေးဘူး။ ဘယ်လိုဆက်သွားမလဲ။ ဘယ်‌တော့ပြန်စမလဲ၊ ကျ‌နော်တို့ကို အသိ‌ပေးတာ မရှိ‌သေးဘူး။ ကျန်တဲ့ စခန်း‌တွေလည်း အဲလိုပဲလို့ သိရတယ်။ ကျ‌နော်တို့က‌တော့ အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေတုန်းပါပဲ”ဟု ‌ကေအိုင်စီသို့ ယ‌နေ့(စက်တင်ဘာ ၁၃ရက်)တွင် ‌ပြောသည်။

UNHCR နှင့် ထိုင်းအစိုးရအာဏာပိုင်များ၏ ညှိနှိုင်းလုပ်‌ဆောင်မှုများအရ ယင်း VRC ဌာနများကို ၂၀၁၆ခုနှစ်မှ စတင်ကာ ဒုက္ခ သည်စခန်းအသီးသီးတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ‌နေရပ်ပြန်လိုသူများအတွက် ‌ဆွေး‌နွေးလမ်းညွှန်မှုများ ပြုလုပ်‌ပေးခြင်း၊ မိုင်းအသိ ပညာ‌ပေးခြင်း၊ ‌နေရပ်ပြန်ခရီးစဉ်များ၊ ဘဝပြန်လည်ထူ‌ထောင်‌ရေးနှင့် စားနပ်ရိက္ခာများအတွက် ‌ငွေ‌ကြေးအကူအညီ‌ပေးခြင်းအ ပြင် ‌ဘေးကင်းလုံခြုံမှုရှိ‌ရေးအတွက်လည်း လမ်းညွှန်ကူညီ‌ပေးသွားမည်ဖြစ်‌ကြောင်း ယင်း VRC ဌာနက ထုတ်ပြန်ထားသည်။

၎င်းဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေးနှင့်ပတ်သက်၍ VRC ဌာနမှ လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များတွင် ၎င်းတို့ နှင့် ညှိနှိုင်း‌ဆွေး‌နွေးမှုများ မရှိခဲ့‌ကြောင်း ကရင်ဒုက္ခသည် စခန်း ၇ခုကို ဦး‌ဆောင်လမ်းညွှန်မှု‌ပေး‌နေသည့် ကရင်ဒုက္ခသည်‌ကော် မတီ(KRC) နှင့် ကရင်နီဒုက္ခသည်‌ကော်မတီ(KnRC)တို့က အသီးသီး ‌ပြောဆိုထားသည်။

ယင်းသို့ ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်များ ဖြစ်‌ပေါ်လာပြီး‌နောက် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခ သည်မိသားစု ၁၉စုမှာ ၎င်းတို့ဆန္ဒအရ ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရနှင့် UNHCR တို့၏ စီစဉ်‌ပေးမှုဖြင့် ၂၀၁၆ခုနှစ်၊ ‌အောက်တို ဘာလ ၂၆ရက်‌နေ့တွင် ပထမဆုံးအသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်ခဲ့ပြီးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်‌ပေါင်း ၁၀၂,၆၀၇ဦးရှိ‌ကြောင်း ၂၀၁၆ခုနှစ်အတွက် UNHCR က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပြီး အများစုမှာ လက်ရှိ မြန်မာနိုင်ငံ‌ရေး အ‌ခြေအ‌နေများ‌ကြောင့် ‌နေရပ်ပြန် နိုင်‌ရေး အစီအစဉ်များအ‌ပေါ် ‌စောင့်ကြည့်‌နေဆဲဖြစ်သည်ဟု ဒုက္ခသည်များက ‌ပြောဆို‌နေကြသည်။

လက်ရှိ မြန်မာ့နိုင်ငံတွင် ခိုင်မာသည့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးမရရှိသည့်အတွက် နယ်စပ်‌ဒေသရှိ ဒုက္ခသည်များ ‌နေရပ်ပြန်ရန် အချိန်မကျ‌သေးဟု ဒုက္ခသည်အ‌ရေးကို ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြောဆို‌နေကြသလို ၂ဝ၁၆ ခုနှစ်က ပထမဆုံးအသုတ် ‌နေရပ်ပြန်ကြသည့် ဒုက္ခသည်အချို့၏ ‌နောက်ဆက်တွဲအ‌ခြေအ‌နေများကို ‌စောင့်ကြည့်‌လေ့လာမှု အားနည်းသည့်အတွက် ယခုလုပ်‌ဆောင်‌နေသည့် ‌နေရပ်ပြန်ခြင်းအစီအစဉ်အ‌ပေါ် စခန်းတွင်း ကျန်ရှိ‌နေသည့် ဒုက္ခသည်များက စိုးရိမ်မှုများ ရှိ‌နေကြသည်။