Home သတင်း ရန်ကုန် ကရင်တက္ကသိုလ် ‌ကျောင်းသူ‌ကျောင်းသားများ ‌ဘောလုံးပွဲတွင် YUOE နှင့် DU ဗိုလ်စွဲ

ရန်ကုန် ကရင်တက္ကသိုလ် ‌ကျောင်းသူ‌ကျောင်းသားများ ‌ဘောလုံးပွဲတွင် YUOE နှင့် DU ဗိုလ်စွဲ

2968

ဩဂုတ် ၅ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးရှိ တက္ကသိုလ်‌ကျောင်းများမှ ကရင်‌ကျောင်းသူ‌ကျောင်းသားများ၏ စတုတ္ထအကြိမ် ‌ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲများကို ဩဂုတ် ၅ရက်(ယ‌နေ့) ‌နေ့လည်ပိုင်းတွင် ရန်ကုန် ပညာ‌ရေးတက္ကသိုလ်ဝင်းရှိ ‌ဘောလုံးကွင်း၌ ကျင်းပကစားခဲ့ကြရာ အမျိုးသမီးပွဲတွင် ရန်ကုန်ပညာ‌ရေးတက္ကသိုလ်မှ (YUOE)နှင့် အမျိုးသားပွဲစဉ်တွင် ဒဂုံတက္ကသိုလ်မှ (DU) အသင်းတို့က အသီး သီး အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

အဆိုပါ ‌ဘောလုံးပြိုင်ပွဲကို ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တက္ကသိုလ်များ(ရန်ကုန်)က ဦး‌ဆောင်၍ တက္ကသိုလ် ကရင်‌ကျောင်းသားများဖလား ‌ဘောလုံးပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ စီစဉ်မှုဖြင့် ဇူလိုင်လ ၁ရက်‌နေ့က စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားအသင်း ၈သင်းနှင့် အမျိုးသမီးအသင်း ၄သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲ ‌နောက်ဆုံးဗိုလ်လုပွဲ အမျိုးသမီးပွဲစဉ်တွင် ရန်ကုန်ပညာ‌ရေးတက္ကသိုလ်အသင်းက ဒဂုံညွန့်‌ပေါင်းအသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် လည်း‌ကောင်း၊ အမျိုးသား ပွဲစဉ်တွင် ဒဂုံတက္ကသိုလ်အသင်းက ရန်ကုန်ပညာ‌ရေးတက္ကသိုလ်ကို ၂ဂိုး – ၁ဂိုး ဖြင့်လည်း‌ကောင်း အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ တက္ကသိုလ်များတွင် နယ်အသီးသီးမှ လာ‌ရောက်ပညာသင်ကြား‌နေကြသည့် ကရင်‌ကျောင်းသူ‌ကျောင်းသားများ ပါဝင်ကစားသည့် အဆိုပါ‌ဘောလုံးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဒီပလိုမာ‌ကျောင်းသား မန်း‌သောလျှံက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ အခု ‌ဘောလုံးပွဲကို တက္ကသိုလ်စာယဉ်က‌နေ ဦး‌ဆောင်ကျင်းပတာဖြစ်တယ်။ ရန်ကုန်မှာ နယ်အသီးသီးက‌နေ ‌ကျောင်း‌ပေါင်းစုံ လာတက်‌နေတဲ့ ကရင်‌ကျောင်းသူ‌ကျောင်းသား‌တွေ အချင်းချင်း ချိတ်ဆက်မိပြီး စာယဉ်လုပ်ငန်း‌တွေမှာ အတူ လက်တွဲ လုပ်‌ဆောင်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တာပါ”ဟု မန်း‌သောလျှံက ရှင်းပြ‌ပြောဆိုသည်။

ယခုလို ကရင်‌ကျောင်းသူ‌ကျောင်းသားများ ‌ဘောလုံးပွဲကို ပါဝင်ခွင့်ရသည့်အတွက် ဝမ်းသာသလို ဖြစ်‌မြောက်‌အောင် စီစဉ်သူ ဆရာဆရာမများနှင့် အားလုံးကို ‌ကျေးဇူတင်‌ကြောင်း စုစည်းညီညွှတ် ‌အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ယူမိပြီး နှစ် စဉ် လုပ်သွားနိုင်‌အောင် ပူး‌ပေါင်းပါဝင်သွားမည်ဟု အလယ်တန်း အ‌ကောင်းဆုံးဆုရ ရန်ကုန်အ‌နောက်ပိုင်း နည်းပညာ တက္ကသိုလ် ‌ကျောင်းသား‌စော‌အောင်မျိုးဝင်းက ‌ပြောသည်။

“သမီးက ငယ်ငယ်ထဲက ‌ဘောလုံးကစားတာ ဝါသနာပါတယ်။ ယူ-၁၆ အမျိုးသမီး လက်‌ရွေးစင်လည်း ဖြစ်ဖူးတယ်။ အခုက ‌တော့ ပညာ‌ရေးပိုင်းကို အားစိုက်‌နေရတယ်။ အခုလို ကရင်‌ကျောင်းသား‌တွေစုပြီး ‌ဘောလုံးပွဲလုပ်‌တော့ အချင်းချင်း ချိတ်ဆက်မိ သွားတယ်။ ညီညီညွတ်ညွတ်နဲ့ ‌နောက်နှစ်‌တွေလည်း လုပ်နိုင်ဖို့ ‌မျှော်လင့်တယ်”ဟု အမျိုးသမီးအ‌ကောင်းဆုံး ‌ဘောလုံးသမားဆု ရ ဒဂုံတက္ကသိုလ် အားကစားဘာသာရပ် ပထမနှစ် ဂုဏ်ထူးတန်း‌ကျောင်းသူ နန့်သန္တာလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်လုပွဲများ မစတင်မှီ တက္ကသိုလ် ကရင်‌ကျောင်းသား‌ဟောင်းအသင်းနှင့် အငယ်တန်း ကရင်‌ကျောင်းသားအသင်းတို့ ချစ် ကြည်‌ရေး‌ဘောလုံးပွဲ ပြုလုပ်ခဲ့ရာ ‌ကျောင်းသား‌ဟောင်းအသင်းက ‌လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားသည်။ တက္ကသိုလ် ကရင် ‌ကျောင်းသားများ‌ဘောလုံးပွဲကို ၂၀၁၄ခုနှစ်တွင် တက္ကသိုလ်စာယဉ် ဦး‌ဆောင်မှုဖြင့် စတင် ကျင်းပခဲ့ပြီး ပြည်‌ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုး‌ရေးဒီဂရီ‌ကောလိပ်အသင်းက နှစ်ကြိမ် ဒဂုံတက္ကသိုလ်အသင်းကလည်း နှစ်ကြိမ်စီ ဗိုလ်စွဲခဲ့သည်။ ထို့အပြင် အမျိုးသမီး‌ဘောလုံးပွဲကို ၂၀၁၅ခုနှစ်တွင် စတင် ထည့်သွင်းပြုလုပ်ခဲ့‌ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။