Home သတင်း အပစ်ရပ်ပြီး‌နောက် ကရင်ပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသွားများ ဝင်‌ရောက်မှု တစ်နှစ်ထက်တစ်နှစ် များပြား

အပစ်ရပ်ပြီး‌နောက် ကရင်ပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသွားများ ဝင်‌ရောက်မှု တစ်နှစ်ထက်တစ်နှစ် များပြား

1288

ဇွန်လ ၁၂ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

အစိုးရနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲအပြီး ‌နောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်း၌ နိုင်ငံခြား သား ဧည့်သည်များ ဝင်‌ရောက်လည်ပတ်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာ‌ကြောင်း ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာန၏ တာဝန်ရှိသူများက ဇွန်လ ၁၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဏာမ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၀၁၂ခုနှစ်‌နောက်ပိုင်း နိုင်ငံခြားသားများ ဝင်‌ရောက်လည်ပတ်မှုမှာ နှစ်စဉ် တစ်‌သောင်း‌ကျော် မှ ရှစ်‌သောင်း‌ကျော်အထိ များပြားလာပြီး ထိုသို့ နိုင်ငံခြားသားခရီးသွားများ လာ‌ရောက်လည်ပတ်မှု များပြားလာရခြင်းနှင့် ပတ် သက်၍ ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန လက်‌ထောက်ညွန်မှူး ဦးဝင်း‌ကျော်က ယခုလို ‌ပြောဆိုသည်။

၎င်းက “များလာတဲ့အ‌ကြောင်းရင်းက ငြိမ်းချမ်း‌ရေး‌ကြောင့်‌ပေါ့ကွာ။ လမ်း၊ တံတား‌တွေလည်း ‌ကောင်းလာတယ်။ ၂၄နာရီစလုံး လည်း ဖွင့်ထား‌ပေးတယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ် တိုးတက်လာမှု‌ကြောင့် နယ်‌မြေတည်ငြိမ်လာသည်နှင့်အမျှ လမ်းပန်းဆက်သွယ် ‌ရေး ‌ကောင်းမွန်လာတဲ့အတွက်လည်း နိုင်ငံခြားခရီးသွား အဝင်‌တွေ များလာတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဦး‌ရေ ‌လေး‌သောင်း‌ကျော်၊ ၂၀၁၄ခုနှစ်တွင် ငါး‌သောင်း‌ကျော်၊ ၂၀၁၅ခုနှစ်တွင် ခုနှစ်‌သောင်း‌ကျော်နှင့် ၂၀၁၆ခုနှစ်တွင် တစ်သိန်း ငါး‌သောင်း‌ကျော်အထိ ကရင်ပြည်နယ်သို့ လာ‌ရောက်ခဲ့ကြပြီး ယခု ‌နောက်ဆုံး စာရင်းများအရ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တစ်လလျှင် ၂‌သောင်းခွဲ‌ကျော်ထိ လည်ပတ်သူများ ရှိခဲ့‌ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

လက်ရှိအ‌ခြေအ‌နေအရ ကရင်ပြည်နယ်အတွင်းရှိ အချို့‌နေရာများတွင် ကန့်သတ်နယ်‌မြေများ ရှိ‌နေ‌သေးသည့်အတွက် နိုင်ငံခြား သားအများစုမှာ အခြားမြို့နယ်များသို့ လည်ပတ်မှု သိပ်မရှိဘဲ ဖားအံမြို့နယ် အနီးတဝိုက်၊ အထူးသဖြင့် သဘာဝလိုဏ်ဂူများသို့ သာ ဝင်‌ရောက်လည်ပတ်မှု အများဆုံးဖြစ်ပြီး နှစ်တစ်နှစ်၏ မိုးတွင်းကာလတွင် ဝင်‌ရောက်မှုအနည်းဆုံးဖြစ်သည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း လာ‌ရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များအနက် ပြင်သစ်နိုင်ငံမှ ပထမ အများဆုံး၊ ဂျာမဏီမှ ဒုတိယနှင့် နယ်သာလန်မှ တတိယအများဆုံးတို့ဖြစ်ကြပြီး နိုင်ငံတကာ‌လေ‌ကြောင်းလိုင်းများအပြင် တရားဝင် နယ်စပ် ဖြတ်‌ကျော်ဝင်‌ရောက်မှုများဖြင့်လည်း လာ‌ရောက်လည်ပတ်ကြ‌ကြောင်း သိရသည်။

ဖားအံမြို့၊ ‌ကော့က‌သောင်ဂူ၏ ‌ဂေါပက ဖူ့‌စောကဲကလည်း ပျမ်းမျှအားဖြင့် ‌ကော့က‌သောင်ဂူသို့ တစ်ရက်လျှင် မနှစ်က နိုင်ငံခြား သား ၃ဝဦးခန့်လာ‌ရောက်ကြပြီး ယခုနှစ်တွင် ၅ဝဦးခန့် လာ‌ရောက်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

သံလွင်အ‌နောက်ဖက်ကမ်းရှိ ‌ကော့ရင်း‌ကျေးရွာအနီးရှိ ဘုရင့်ညီသို့ လာ‌ရောက်လည်ပတ်သူ အဂင်္လန်အမျိုးသမီးတစ်ဦးက “ဒီမှာ က ‌တောင်‌တွေ ဂူ‌တွေနဲ့ စိတ်ဝင်စားဖို့‌ကောင်းပါတယ်။ ‌နောက်ပြီး ‌တောင်‌ပေါ်က‌နေ သဘာဝရှု‌မျှော်ခင်း‌တွေကိုကြည့်ပြီး ခံစားရ တာ သာယာရှိတာ‌ကြောင့် တကူးတကကို လာ‌ရောက်လည်ပတ်ရတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရနှင့် KNU တို့သည် ၂၀၁၂ခုနှစ်တွင် ပဏာမအပစ်အခတ်ရပ်စဲ‌ရေး၊ ၂၀၁၅ခုနှစ် ‌အောက်တိုဘာလ၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ်(NCA) ကို လက်မှတ်‌ရေးထိုးခဲ့ကြပြီး ‌နောက် ကရင်ပြည်နယ်အတွင်း နိုင်ငံခြားခရီးသွား ပိုမိုဝင် ‌ရောက်လာသည့်အ‌ပေါ် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနအ‌နေဖြင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာ‌စေရန် ‌ဒေသဆိုင်ရာ ဧည့်လမ်းညွန်သင်တန်းကိုလည်း ယခု မိုးတွင်းကာလ၌ ဖွင့်လှစ်သွားရန်ရှိ‌ကြောင်း သိရသည်။