Home သတင်း ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး KCO ၏ ၃ ကြိမ်‌မြောက်‌ရွေး‌ကောက်ပွဲပြီးစီး

ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး KCO ၏ ၃ ကြိမ်‌မြောက်‌ရွေး‌ကောက်ပွဲပြီးစီး

1731

ဇွန် ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် အ‌ခြေစိုက်သည့် ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး KCO ၏ ၃ ကြိမ်‌မြောက်‌ရွေး ‌ကောက်ပွဲကို ဇွန်လ ၆ ရက်‌နေ့က ဖားအံမြို့နယ် ခ‌လောက်နို့‌ကျေးရွာရှိ အုန်းတပင်‌ကျောင်းတိုက်တွင်ပြု လုပ် ကျင်းပခဲ့ပြီး အလုပ်အမှု‌ဆောင်သစ်များကို ပြန်လည်‌ရွေးချယ်ခဲ့ကြ‌ကြောင်း သိရသည်။

KCO အစည်းအရုံး၏ အလုပ်အမှု‌ဆောင်သစ်များကို မဲစနစ်ဖြင့်‌ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဥက္ကဌမှလွဲ၍ ယခု ကရင်ယဉ်‌ကျေးမှုအနုပညာအစည်းအရုံး KCO တွင် အဖွဲ့ဝင်အသစ်များ အများစုပါဝင်လာ‌ကြောင်းလည်း သိရသည်။

‌ရွေး‌ကောက်ပွဲရလဒ်အရ ‌စောသ‌မော့အဲ‌ဖေါင်အား ဒုတိယအကြိမ် ဥက္ကဌ အဖြစ်ပြန်လည်‌ရွေးချယ်ခံရပြီး ဒုဥက္ကဌ ‌စောမြင့်သူ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောရှား‌ဖောင်၊ တွဲဖက်အတွင်း‌ရေးမှူး ၁ ‌စောK ဖိုးခွား၊ တွဲဖက်အတွင်း ‌ရေးမှူး ၂ ‌စောကားကားတို့ ‌ရွေးချယ်ခံရသည်။

ထို့အပြင် KCO တွင်ရှိသည့် ဆပ်‌ကော်မတီများဖြစ်သည့် ဘာသာစုံ၊ ရုပ်ရှင်နှင့်ဗွီဒီယို၊ ‌တေး‌ရေးနှင့်‌တေးဆို၊ ဇာတ်သဘင်၊ ယဉ်‌ကျေးမှု စသည့် ဆပ်‌ကော်မတီများမှ တာဝန်ခံများကို ‌ရွေးချယ်နိုင်ခဲ့ပြီး ၎င်းတို့ကို မဲစနစ်ဖြင့် ‌ရွေးချယ်ခြင်းမဟုတ်ဘဲ အဆိုတင်သွင်းကာ ‌ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

KCO ‌ရွေး‌ကောက်ပွဲတွင် အဖွဲ့ဝင် ၂၀ဝ ‌ကျော်တက်‌ရောက်ခဲ့ကြပြီး ‌ရွေး‌ကောက်ပွဲအပြင်အဖွဲ့အား တရား ဝင်ဖြစ်‌ရေး၊ အနုပညာရှင်အချို့၏သရုပ်ပျက်ဝတ်စားဆင်ယင်မှုကိစ္စ၊ လတ်တ‌လောကြုံ‌တွေ့‌နေရသည့် ခိုးကူး ‌ခွေပြဿနာများအား ကိုင်တွယ်‌ဖြေရှင်းနိုင်‌ရေးကိစ္စများကို ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း လည်းသိရသည်။

အဆိုပါ ‌ရှေ့လုပ်ငန်းစဉ်များကို ၎င်း KCO ‌ရွေး‌ကောက်ပွဲတွင် ‌ဆွေး‌နွေးဆုံးဖြတ်နိုင်ခြင်း မရှိ‌သေးသည့်အတွက် လာမည့် တစ်ပတ်အတွင်း ထပ်မံ‌တွေ့ဆုံကာ လုပ်ငန်းစဉ်များကို ‌ရေးဆွဲအတည်ပြု ချမှတ်သွားမည်ဖြစ်‌ကြောင်းလည်း KCO တာဝန်ရှိ သူများ၏ ‌ပြောပြချက်အရ သိရသည်။