Home ဆောင်းပါး ၂၁ ရာစုရဲ့ သီးခြား ကမ္ဘာတစ်ခု (သို့မဟုတ်) ဖာပွန်

၂၁ ရာစုရဲ့ သီးခြား ကမ္ဘာတစ်ခု (သို့မဟုတ်) ဖာပွန်

2885

စဖန်း‌ရှောင်း

ဧရာဝတီ၊ မြစ်ဝကျွန်း‌ပေါ်သားစစ်စစ်ဖြစ်တဲ့ကျ‌နော် ကရင်ပြည်နယ်၊ ဖာပွန်မြို့ရယ်လို့ လူသိများတဲ့ ‌နေရာ‌ဒေသ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်‌မြေ၊ လူ‌သောမြို့နယ်ထဲက ‌တောင်တန်းများ ဆီကို မ‌မျှော်လင့်တဲ့ခရီးတစ်ခု‌ကြောင့် ‌ရောက်ရှိသွားခဲ့ရပါတယ်။ မကြုံဖူး၊ မမြင်ဖူး၊ မသိ‌သေးတဲ့အရာ‌တွေ ဗဟုသုတ ‌တွေ များစွာရခဲ့တဲ့ ခရီးတစ်ခုလို့‌ပြောရင် မှားမယ်မထင်ပါဘူး။

‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်ဟာဆိုရင် လက်ရှိ ၂၁ ရာစုဖြစ်‌နေ‌ပေမယ့် ၁၉ ရာစုလူ‌နေမှု ပုံစံမျိုးနဲ ့ သဘာဝအတိုင်း အရိုင်းပန်း ‌လေးသဖွယ်ရှိ‌နေပြီး လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲမှု၊ ပင်ပန်းဆင်းရဲမှု၊ ‌ကြောက်ရွံ့ မှု‌တွေနဲ့ အသက်ရှင်ရပ်တည်‌နေရဆဲဖြစ်တာကို‌တွေ့ရပါတယ်။ အဲဒီ့ ‌ဒေသမှာ ‌နေထိုင်တဲ့ ကျ‌နော်တို့ ကရင် တိုင်းရင်းသားများ အတွက်‌တော့ သိပ်မထူးဆန်းလှ‌ပေမယ့် ကျ‌နော်အဖို့ အမှန်တိုင်းဝန်ခံရရင် ထို‌နေရာ၊ ထို‌ဒေသမှာ အသက်ရှင်ရပ်တည် ဖို့အတွက် စိတ်မကူးရဲ‌အောင် ဖြစ်ရပါတယ်။

ဖာပွန်မြို့ဟာ ကရင်ပြည်နယ်၊ ‌မြောက်ဘက်ပိုင်းမှာ တည်ရှိပြီး ၂၀၁၅ ခုနှစ် ‌ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး ‌နောက်ပိုင်းမှာ အနည်းငယ်‌အေး ချမ်းသွားသလိုရှိတဲ့ ‌ဒေသ‌လေးပါ။ မြို့‌ပေါ်ကွက်ကွက် က‌လေးမှာ ခရိုင်အဆင့် အစိုးရရုံး‌တွေ စိုက်‌ပေမယ့် ‌တောင်တန်းမြင့်မြင့်ကြီး‌တွေ လျှို‌မြောင်‌တွေထူထပ်တဲ့ ဖာပွန်ရဲ့ နယ်‌မြေ‌တော် ‌တော်များများ မှာ‌တော့ နာမည်‌ကျော်ကြားတဲ့ KNU လက်‌အောက်ခံ၊ ဖာပွန်ခရိုင် တပ်မဟာ ၅ ရဲ့ ဩဇာသက် ‌ရောက်မှု‌တွေ ယ‌နေ့ အထိရှိ ‌နေဆဲပဲဖြစ်ပါတယ်။
ပြည်တွင်းစစ်ရဲ့မငြိမ်းချမ်းမှုအကျိုးဆက်များ‌ကြောင့် KNU လူ‌သောမြို့နယ်ဟာဆိုရင် လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲတဲ့‌နေရာဖြစ်ပါတယ်။ ဖာပွန်အတွင်းပိုင်း ‌တောင်တန်းထူထူ‌တွေမှာ ‌နေထိုင်‌နေကြတဲ့ ‌ဒေသခံကရင်လူမျိုး များအ‌နေနဲ ့ ကားလမ်းမရှိ၊ ကားမရှိ ၊ ဆိုင်ကယ်က ခပ်ရှားရှား၊ စက်ဘီးဆိုနတ္ထိဖြစ်‌နေပြီး ‌ခြေလျင် သက်သက် သွားလာကြရပါတယ်။

သူတို့အဖို့က‌တော့ ဒီလို ‌တောထူထူ ‌တောင်မြင့်မြင့်‌တွေတက်ရတာ အရီအ‌မော‌တောင် မပျက်ပါဘူး။ ကရင် တစ်ဟိုး ဆိုရင်‌တော့ သတိသာ ထား‌ပေ‌တော့။ ဟိုးးးးးမှာ….ဟိုးးးးမှာ နဲ့အဲဒီခရီးက တစ်ရက်‌လောက်သွားရ တတ်ပါတယ်။ ‌ဒေသခံ‌တွေ ‌ပြောစကားတစ်ခုကိုလည်း မကြခဏကြားခဲ့ရပါတယ်။ သူတို့ ‌ပြောတဲ့ တ‌ဖော‌မော (‌ဆေးလိပ်တဖွာ) စာဆိုတာက ကရင်တဟိုးနဲ့ အတူတူပဲခင်ဗျာ။

‌မျှော်မဆုံးနိုင်‌တွေ့ရတဲ့ ဒီ‌တောင်တန်း‌တွေကို ကျ‌နော်တို့‌မြေပြန့်သား‌တွေ လျှာထွက်၊ ‌မောဟိုက်၊ ဒူးကိုက်ခံပြီး ‌လေးဘက်‌ထောက်တက်ရတာ‌တောင် ‌ဒေသခံ ‌တွေအဖို့က‌တော့ ‌ဆေးတံခဲမပျက် ‌အေး‌ဆေး သာသာယာယာ တက်နိုင်တာကို ‌တွေ့ရပါတယ်။ ကျ‌နော်တို့ အသဲအသန်‌လျှောက်ရတဲ့ ၃ နာရီ ခရီးဟာ သူတို့အဖို့ တစ်နာရီခွဲ ‌လောက်ပါကြာပါတယ်။ ဆန်တစ်တင်းခွဲကို ပုဆိုးသိုင်းပြီး‌ကျောပိုးတက်နိုင်တာ၊ တက်‌နေကျ တာဟာ‌တော်ရုံ တန်ရုံနဲ့‌တော့ မဖြစ်ဘူး‌ပေါ့။
ပင်ပင်ပန်းပန်းတက်ရတဲ့ ‌တောင်တက်လမ်းခရီးတခုမှာ‌တော့ ကျ‌နော်တို့ အ‌နောက်မှာ ကပ်ပြီးလိုက်လာတဲ့ သားအမိလို့ထင်ရတဲ့သူ နှစ်ဦးပါလာပါတယ်။ အဖွားအရွယ်က‌တော့ တုတ်‌ချောင်းနဲ့ အားပြုပြီး မျက်နှာက ‌မြေကြီးနမ်း‌တော့မယ့်ဟန်ပါပဲ။ ခဏနားလို့ ‌မေးမြန်းကြည့် ‌တော့မှ အဲဒီအဖွားက အသက် ၉ဝ ‌ကျော်ရှိ‌နေပြီးတဲ့။ အ‌ပေါ်သွား ၂ ‌ချောင်းပဲကျန်‌ပေမယ့် ကွမ်းဝါးနိုင်‌သေးတာ အံဩဖွယ်‌တွေ့ရပါတယ်။

လမ်းပန်းဆက်သွယ်‌ရေးခက်ခဲသလို အသက်‌မွေးဝမ်း‌ကျောင်းပြုရတဲ့‌နေရာမှာလည်း ‌တောင်‌ပေါ် ‌ဒေသခံ‌တွေ အ‌နေနဲ့ ‌တောင်ယာ စိုက်ပျိုးခြင်းကိုသာ အဓိကထား‌နေရပါတယ်။ ထမင်းတလုပ်အတွက် ‌တောင် ယာစိုက်ပျိုးမှု ပြုရခြင်းက လွယ်ကူလှတဲ့ ကိစ္စ‌တော့ မဟုတ်ဘူး‌ပေါ့။ ခက်ခက်ခဲခဲ တက်ရတဲ့‌တောင် ‌တွေအ‌ပေါ်မှာ ‌တောင်ယာ ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့၊ မီးရှို့ပြီး စူးထိုးစိုက်ပျိုးရတာပါ။ မြင်‌အောင် ‌ပြောရမယ်ဆိုရင်‌တော့ တစ်‌တောင်လုံးကို ‌တောင်ကတုံး ဖြစ်‌အောင်ရှင်းပြီးမှ စပါးစိုက်ပျိုးရခြင်း ဖြစ်ပါတယ်။

‌တောင်ယာစိုက်ပျိုးမယ်ဆိုရင် နှစ်စဉ် ဇန်နဝါရီ၊ ‌ဖေ‌ဖော်ဝါရီ‌လောက်မှာ စတင်ခုတ်ထွင်ရှင်းလင်းရပါတယ်။ ဧပြီ မှာ‌တော့ ခုတ်ထွင်ပြီးသား ‌တောင်ယာကို မီးရှို့ရှင်းလင်းရပါတယ်။ အဲဒီ‌နောက် ‌မေကုန်၊ ဇွန်လ မိုးဦးကျကာစမှာ စူးထိုးပီး စပါး‌စေ့ချ စိုက်ပျိုးရခြင်းပါ။ တချို့‌တောင်ယာခင်း‌တွေဆို ‌တော်‌တော်မတ်‌စောက်ပြီး မြင့်လို့ ‌ဒေသခံ မဟုတ်သူ‌တွေအ‌နေနဲ့ မတ်တပ်ရပ်ဖို့‌တောင် ခက်ခဲလှပါတယ်။ ‌တောင်ယာစိုက်ခင်း‌တွေက ‌ရေတင်စရာ မလို၊ ‌မြေဩဇာလည်း မလိုပါဘူး။
ကျ‌နော်တို့ ‌မြေပြန့်၊ မြစ်ဝကျွန်း‌ပေါ်သား‌တွေလို လယ်လုပ်ရင် မိုး‌ရေနဲ့အတူ ရွှံ့ဗွက်‌တွေ၊ နွား‌တွေ၊ ကျွဲ‌တွေနဲ့ တမန်းကျ‌အောင် ထွန်ယက်စိုက်ပျိုးရတာမဟုတ်‌တော့ သူတို့လို ‌တောင်အမြင့်ကြီး ‌ပေါ်တက်ပြီး ‌တောင်ယာ မလုပ်နိုင်သလို ကျ‌နော်တို့လို မိုးထဲ‌ရေထဲ ရွှံ့ဗွက်‌တွေထဲမှာ လယ်လုပ်နိုင် မလား‌တော့မ‌ပြောတတ်ပါ။
‌ရွှေ့‌ပြောင်း‌တောင်ယာ စိုက်ပျိုး‌ရေးက ရာသီဥတုအ‌ခြေအ‌နေအပြင် အခန့်မသင့်ရင် ကြွက်ဖျက်ဆီးတဲ့ရန်၊ ပိုးနဲ့ ‌တောဝက်‌တွေ ဖျက်ဆီးတဲ့ရန်‌ကြောင့် စပါးမထွက်ရင် သူတို့‌တွေရဲ့ တစ်နှစ်စာ ရိက္ခာအတွက်က‌တော့ စိုးရိမ် ရတဲ့ အ‌ခြေအ‌နေဖြစ်‌နေပါတယ်။ ‌တောင်ယာလုပ်တာ စီးပွားဖြစ်မဟုတ်ဘဲ မိသားစုဝမ်းဖြည့်‌ရေး အတွက်သာ စိုက်ပျိုးကြတာပါ။ စီးပွားဖြစ်‌အောင်လည်း စိုက်ပျိုးလို့မဖြစ်နိုင်တဲ့ အ‌ခြေအ‌နေဖြစ်‌နေတာ‌တွေ့ရပါတယ်။

ဒီ‌တောင်ယာစိုက်ခင်း‌တွေက ‌ဒေသခံ‌တွေ ဝမ်းစာအတွက် တခုတည်း‌သောနည်းလမ်းဖြစ်သလို အခြား စီးပွား ‌ရေးလုပ်ငန်း‌တွေလုပ်ဖို့က လမ်းပမ်းဆက်သွယ်‌ရေး၊ ‌တော‌တောင်ထူထပ်တာ‌ကြောင့် မလွယ်ကူ‌သေးသလို တနိုင်တပိုင် ကြက်၊ ဝက်‌မွေးမြူတာ‌တွေကို‌တော့ အချို့အိမ်‌တွေမှာ‌တွေ့ရပါတယ်။ ငြိမ်းချမ်းကာစ ဒီ‌နေရာ‌တွေ အတွက်ဆို ချက်ချင်းကြီး‌တော့ ‌ကောင်းမွန်လာမဲ့အ‌ခြေအ‌နေ မရှိနိုင်‌သေးပါဘူး။

ဒီ‌တောင်‌ပေါ်‌ဒေသ လူ‌နေမှုဘဝအ‌နေနဲ့က‌တော့ လျှပ်စစ်မီး လုံးဝမရှိသလို အ‌ခြေခံ အိမ်အသုံး အ‌ဆောင်‌တွေ ဖြစ်တဲ့ ထမင်း‌ပေါင်းအိုးတို့ ‌ရေခဲ‌သေတ္တာတို့ စတာ‌တွေဆိုတာက‌တော့ သူတို့အိမ်မက်ထဲမှာပဲရှိမလား၊ ထည့် ‌ကောမက်ကြရဲ့လား‌တော့မ‌ပြောတတ်ပါဘူး။ သူတို့‌တွေအ‌နေနဲ ့ မနက်‌စော‌စော ၂ နာရီ ‌လောက်ကတည်းက ထပြီး စပါး‌ထောင်းကြရပါတယ်။ ‌ခြေနင်း ‌မောင်းနဲ့‌ပေါ့။ ထမင်းစားရဖို့ ဘယ်‌လောက်ပင်ပန်းလဲဆိုတာ ကိုယ်တိုင် ‌တွေ့မြင်လာခဲ့ရပါတယ်။ စပါး‌ထောင်းပြီးတာနဲ့ ဆန်ပြာပြီး ထမင်းချက်၊ စား‌သောက်ပြီး မနက် ၄ နာရီ‌လောက်မှာ အိမ်မှာရှိတဲ့သန်စွမ်းသူမှန်သမျှ ‌တောင်ယာခင်းထဲသွားကြတာ ‌ဒေသရဲ့ဓ‌လေ့ တခုလို ဖြစ်‌နေတာ‌တွေ့ရပါတယ်။

ပြီး‌တော့ ‌ဖော်‌ရွေပျူငှာမှုမှာလည်း တကယ်ကိုအံ့ဩစရာပါ။ ဘယ်အိမ်သွားသွား အိမ်မှာဆန်ရှိရှိမရှိရှိ ထမင်း တစ်အိုးစာအတွက် က‌တော့ အဆင့်သင့်ပါ။ တခါတ‌လေ စဉ်းစားကြည့်မိတာက ကိုယ့်ကို ထမင်း‌ကျွေး လိုက်ရင် သူတို့ စားဖို့‌တောင် ရှိပါ‌တော ့မလားဆိုတဲ့ အ‌တွေးမျိုးဝင်လာပါတယ်။ ဘာလို့လည်းဆို‌တော့ သူတို့ ဝမ်း‌ရေး ကျပ်တည်းမှုကို ကိုယ်တိုင်သိမြင်ခဲ့ရလို့ဘဲ ဖြစ်ပါတယ်။ သူတို့မှာ ချမ်းသာတယ် ဆိုတဲ့အိမ် မရှိပါဘူး။ ကာယ အားကိုးပြီး ပိုလုပ်နိုင်လို့ ပိုစားရတာပဲရှိပါတယ်။

‌ဒေသခံ‌တွေအ‌နေနဲ ့ သူတို့ အိမ်‌တွေကို ကရင်ပြည်နယ်အတွင်း အခြား‌ဒေသ‌တွေမှာလို ဖက်မိုးဖက်ကာ‌တွေ၊ ‌တောင်ထန်း‌တွေ မသုံးပါဘူး။ အိမ်တိုင် ဝါးသုံးပြီးတည်‌ဆောက်ပါတယ်။ အိမ်ကြမ်းခင်းနဲ့အကာ‌တွေကိုလည်း ဝါးဘိုးဝါးပဲ သုံးပြီး အိမ်အမိုးအတွက် ဝါးကိုထက်ခြမ်းခွဲကာ အ‌ပေါ်‌အောက်စီပြီး မိုးကြပါတယ်။ ဝါးဘိုးဝါး အများဆုံး ‌ပေါက်‌ရောက်တဲ့အတွက် တစ်အိမ်လုံးကို သံတစ်‌ချောင်းမပါပဲ ဝါးဘိုးဝါးချည်းသက်သက်နဲ့ ‌ဆောက်လုပ်‌နေထိုင် ‌နေကြတာ သဘာဝအတိုင်း ‌တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အိမ်အသုံးအ‌ဆောင် စတီးပန်းကန်၊ ‌ကြွေပန်းကန်ဆိုတာ လုံးဝမရှိသလို ဝါးဘိုးဝါး တစ်ဆစ် စာ‌လောက် ကိုဖြတ်၊ ထက်ခြမ်း ခွဲပြီးပန်းကန်အဖြစ်အသုံးပြုသလို။ ဇွန်း၊ ငရုတ်ဆုံတို့ကိုလည်း ဝါးကိုသာ အသုံးပြုပြီး ‌ရေခပ်လည်း ဝါးကျည်‌တောက်ကိုသုံးပါတယ်။ ‌ရေအတွက် ‌တောင်ကျ‌ချောင်း‌ရေကို ဝါးနဲ့ပဲ သွယ်ကြရ ပါတယ်။ ထူခြား တာက‌တော့ အိမ်တိုင်းလိုလိုရဲ့ အိမ်မထဲမှာ မီးဖိုစင်ထားတာ‌တွေ့ရပြီး သူတို့ကို ‌မေးကြည့်‌တော့ အရမ်း ‌အေးလို့ ပါတဲ့။ မီးဖိုစင်တိုင်းမှာလည်း ‌တောပုန်း (လက်လုပ်‌သေနတ်) လို့‌ခေါ်တဲ့ အမဲ လိုက် ‌သေနတ်ရယ်၊ ဟင်းသီးဟင်းရွက်မျိုး ‌စေ့သိမ်းဆည်းပြီး ထုပ်ထားတဲ့ အထုပ်‌တွေ အများဆုံး ‌တွေ့ရပါ ‌သေးတယ်။

KNU လူ‌သော မြို့နယ်ထဲက ရွာ‌တွေက‌တော့ ရွာလို့သာ ‌ပြော‌ပေမဲ့ တစ်ရွာလုံး အိမ် ၁ဝ လုံး‌လောက်ပဲရှိပြီး ရွာခံ ‌တွေကို ‌မေးကြည့်‌တော့ လက်ရှိ ‌နေရာက သူတို့ရွာ မဟုတ်တဲ့အ‌ကြောင်း တိုက်ပွဲဖြစ်လို ့ထွက်‌ပြေး၊ ပုန်း‌ရှောင် ဖို့အတွက် မိသားစု၊ ‌ဆွေမျိုး‌တွေစုပြီး ရွာသ‌ဘော တည်‌ထောင်‌နေကြတာဖြစ်ပြီး အခု‌ခေတ် စကားနဲ ့ ‌ပြောမယ် ဆို IDPs လို့‌ခေါ်တဲ့ ပြည်တွင်း‌ရွှေ့‌ပြောင်း ပုန်း‌ရှောင်‌နေထိုင် သူများသာဖြစ်တာကိုလည်း ‌တွေ့ရပါတယ်။

ခု‌နောက်ပိုင်း ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေချိန်မှသာ ‌ဒေသခံတချို့‌တောင်ယာ‌တွေကို ပြန်လုပ်ရဲကြတာပါ။ အရင်က မြန်မာတပ်မ‌တော်နဲ့ KNU တပ်မဟာ ၅ လက်‌အောက်ခံတပ်‌တွေ တိုက်ပွဲဖြစ်‌နေကြ‌တော့ ‌တောင်ယာ မစိုက်ပျိုးနိုင်သလို အသက်ကို ဖက်နဲ ့ထုတ်ပြီး ‌နေရတဲ့ အ‌ခြေအ‌နေမျိုးဖြစ်‌နေတယ်လို ့‌ဒေသခံ‌တွေဆီက သိရ ပါတယ်။ ဒါ့အပြင် သွားလာ‌ရေးမှာလည်း မိုင်းအန္တရာယ်ကို ‌ကြောက်ရသလို တချို့‌နေရာ‌တွေဆို ဘယ်သူ‌တွေ ‌ထောင်မှန်း မသိရသလို အခုချိန်ထိ စိတ်မချရတဲ့ ‌နေရာ‌တွေ အများကြီး ရှိ‌သေး‌ကြောင်း KNU တပ်မဟာ ၅ တာဝန်ရှိသူ‌တွေက ‌ပြောပါတယ်။

‌ဒေသခံ‌တွေက‌တော့ ကျ‌နော်တို့ကို အား‌ပေးရှာပါတယ်။ ဘာမှမဖြစ်ဘူး သွားလို့ရပါတယ်တဲ့။ ကြည့်ပြီးသွား၊ လမ်းအတိုင်း တည့်တည့်သာသွားလို့‌ပြောပါတယ်။
ကျ‌နော်က‌တော့ ‌မောပန်းလို့နားရင်‌တောင် လူသွားလမ်း‌ပေါ် မှာပဲ နားရဲပါတယ်။ လမ်းသွားရင်‌ရှေ့ ကလူ‌ခြေရာကို ကြည့်ပြီးမှ အဲဒီ‌ခြေရာကို နင်းပြီး‌တော့ သွားပါတယ်။ တကယ်လည်း သူတို့ ‌ပြောတာ‌တွေကို လိုက်နာရပါတယ် ခင်ဗျာ။ မလိုက်နာလို့လည်း မရပါဘူး။ ကိုယ့်မှာလည်း ‌ခြေ‌ထောက် အပိုမှ မပါပဲကိုဗျ။
ဒီကြားထဲ ကိုယ်က ပိုးကရင်ဆို‌တော့ သူတို့‌ပြောတဲ့ ‌ရှောင်(စ‌ကောကရင်) စကားကို မတတ်‌တော့ ‌တောင်တက် ‌တောင်ဆင်း လမ်းခရီးမှာ ဗမာလို‌ပြောရတာ‌ပေါ့။ ဗမာစကား ‌ကောင်း‌ကောင်း‌ပြောတတ်တဲ့ ကျ‌နော်နဲ့အတူ ပါလာတဲ့ ‌ဒေသခံက‌တော့ သတိ‌ပေးပါတယ်။ ဗမာလို သိပ်မ‌ပြောနဲ့တဲ့။ ‌တော်ကြာ လက်နက်ကိုင်အမျိုး‌တွေက ရန်သူထင်ပြီး လှမ်းထု‌နေမှ ဒုက္ခ‌ရောက်ကုန် မယ်တဲ့ဗျာ။ တကယ်လည်း ဟုတ်ပါတယ်၊ အဲဒီမှာ ဗမာစကားကို အများစုနားမလည်သလို ‌ပြောလည်း မ‌ပြောကြပါဘူး။ အဲဒီ‌တော့ အမျိုး‌တွေ ဆို‌ပေမယ့် ဗမာစကား ‌ပြောတဲ့ သူစိမ်းဖြစ်တဲ့ ကျ‌နော်က‌တော့ တစ်လမ်းလုံး ပါးစပ်ကျယ်ကျယ် မဟရဲပါဘူး။ ‌တောင်တက်ရလို့ ‌မောပန်းတာ လည်းပါတာ‌ပေါ့ဗျာ။

‌နောက်တစ်ခုက အဲဒီ‌ဒေသမှာရှိတဲ့ ‌ဒေသခံကရင်လူမျိုး‌တွေက ဗမာဆိုရင်‌ကြောက်ပါတယ်။ ရွံ့ပါတယ်။ ‌ပေါ်တာ အဆွဲခံရမှာ၊ အသတ်ခံရမှာကို အခုထိ‌ကြောက်‌နေကြတုန်း။ ဒါကလည်း အ‌ကြောင်းရှိပါတယ်။ မငြိမ်းချမ်းခင် ကာလ အဲဒီ‌ဒေသ မှာရှိတဲ့ KNUနဲ့ မြန်မာတပ်‌တွေ နှစ်ဖက်တိုက်ပွဲဖြစ်‌နေတဲ့ ကာလ ‌တွေတုန်းက သူတို့‌တွေ ‌မြေဇာပင်ဖြစ်ခဲ့ရပါတယ်။ လူ‌သောမြို့နယ် ဖလခို့‌ကျေးနယ် ဂူ‌ဒေးရွာသား ‌စော‌ရွှေဘမူးက‌တော့ သူ‌တောင်ယာ ကပြန်‌ရောက်‌တော့ အိမ်မှာရှိတဲ့ အိမ်သား ၅ ‌ယောက်စလုံးကို သူ့အ‌ခေါ် အ‌ဝေါ်အရ (ဗမာတပ်)က ပစ်သတ် သွားတယ်လို့ ရင်နစ်ဖွယ် ‌ပြောပြပါတယ်။
ကြားရတာ နားဝမှာ မသက်သာလှ‌ပေမယ့် စိတ်မ‌ကောင်းဖြစ်ရုံမှတပါး ဘာမှမလုပ်တတ်ပါ။ သူတို့ဖြတ်သန်း လာခဲ့ရတဲ့ အ‌တွေ့အကြုံ‌တွေ၊ ခါးသီးတဲ့ခံစားမှု‌တွေရယ် အလုံးစုံ‌သောနိမ့်ကျမှု‌တွေအတွက် ဒီလိုအကျိုးဆက် ဖြစ်လာရတာကို အပြစ်တင်လို့၊ ရှုံ့ချလို့ မရသလို၊ ကဲ့ရဲ့လို့လည်းမရပါဘူး။ နားလည်‌ပေးနိုင်ဖို့ ကိုယ်ချင်းစာ စိတ်‌လေးနှလုံးသွင်းပြီး ကူညီ‌ပေးနိုင်ဖို့ ကြိုးစားရမှာသာ ဖြစ်ပါတယ်။

အခုလို အ‌တွေ့ အကြုံ‌တွေ‌ကြောင့် ‌ဒေသခံ‌တွေ အ‌နေနဲ့ သူတို့အနီးအနားမှာ မြန်မာတပ်မ‌တော်က စခန်းချပြီး လာ‌နေတာကို သိပ်သ‌ဘောမကျပါဘူး။ တပ်စခန်း‌တွေ‌ကြောင့် သူတို့ စိတ်မလွတ်လပ်သလို မိုင်းနင်းမိမလား၊ ‌ပေါ်တာဆွဲခံရမလား၊ ဘုမသိဘမသိ ‌ခေါ်ရိုက်ခံရမလား ဆိုတာ အမြဲစိုးရိမ်‌နေရပါတယ်။ ဒီ‌တော‌တောင်ထဲမှာဘဲ လုပ်ကိုင်စားရသူ‌တွေအနဲ ့ အခုလို အသွားအလာမရဲတဲ့အတွက် များစွာခက်ခဲတာကိုလည်း ‌တွေ့ရပါတယ်။ ဒီ‌တော့ သူတို့အတွက် တပ်စခန်း‌တွေမရှိရင် ပို‌ကောင်းတယ်လို့ ‌ပြောတာ သဘာဝကျပြီး နာလည်‌ပေးနိုင်ဖို့ လိုအပ်ပါတယ်။

‌နောက်ပြီး ကျန်းမာ‌ရေး၊ ပညာ‌ရေးကိစ္စ‌တွေမှာ လူ‌သော‌ဒေသဟာ နိမ့်ကျတယ်ဆိုတာထက် ရှားပါးတယ်လို့ ‌ပြောရင် ပိုသင့်‌တော်မယ်ထင်ပါတယ်။ ကျ‌နော်သွားခဲ့တဲ့ အသွားအပြန် ၇ ရက်တာ ခရီးလမ်းတစ်‌လျှောက်မှာ ဆိုရင် ကရင်ပညာ‌ရေး အဖွဲ့အစည်းက ဖွင့်‌ပေးတဲ့ အထက်တန်း‌ကျောင်းတစ်‌ကျောင်းရယ်၊ ကရင်ကျန်းမာ‌ရေး အဖွဲ့ အစည်းတစ်ခုက ဖွင့်ထားတဲ့ ‌ဆေးခန်းတစ်ခုရယ်ပဲ ‌တွေ့မိပါတယ်။ ကိုယ်ပူ၊ ‌ခေါင်းကိုက်၊ ဝမ်းပျက်၊ ဝမ်း‌လျှော‌လောက်နဲ့ သွားပြရတဲ့ခရီးလမ်းအ‌နေအထားနဲ့ဆို စဉ်းစားကြည့်ရင် သိမြင်နိုင်ပါတယ်။ ‌နောက် ‌ဒေသခံ‌တွေအ‌နေနဲ့ ယင်လုံ အိမ်သာ‌တွေ အသုံးပြုတဲ့ ဓ‌လေ့ ရှိဖို့ လိုအပ်တာကိုလည်း ‌တွေ့ရပါတယ်။

‌ဒေသခံ‌တွေအ‌နေနဲ့ ပညာတက်‌တွေဖြစ်ဖို့ အိမ်မက်မရှိသလို သူတို့စိတ်ထဲမှာ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စား ‌သောက်ရပြီး ‌အေး‌အေးချမ်း ‌နေထိုင်ရ‌ရေးဟာ သူတို့ရဲ့ လက်‌တွေ့ကြတဲ့ စိတ်ကူးအိမ်မက်ပဲ ဖြစ်တယ်။ ‌ဒေသခံ ‌တွေရဲ့ ယဉ်‌ကျေး၊ ‌ဖော်‌ရွေမှု၊ ‌ရောင့်ရဲ တင်းတိမ်မှု၊ မပျက်စီး‌သေးတဲ့ ‌တော‌တောင်‌တွေ၊ မူလသဘာဝ အတိုင်း ပကတိ ရှိ‌နေတာ‌တွေ့ရပြီး အ‌တွေးများစွာ ဖြစ်‌ပေါ်‌စေပါတယ်။

ထို့အတူ မ‌ပြောင်းလဲ‌သေးတဲ့ ရိုးရာဓ‌လေ့‌တွေ၊ အယူအဆ‌တွေ ရှိ‌နေ‌သေးတာ‌တွေ့ခဲ့ရပါတယ်။ တစ်ပတ်‌ကျော် ကြာတဲ့ခရီးစဉ်အတွင်း ဝင်‌ရောက်တည်းခိုခဲ့တဲ့ အိမ်တိုင်းလိုလိုမှာ‌တော့ အံ့ဩစရာတစ်ခုအ‌နေနဲ့ ဗုဒ္ဓ၊ ခရစ်ယာန် စတဲ့ ဘာသာ‌တွေနဲ့ဆိုင်တဲ့ အမှတ်အသား‌တွေ မ‌တွေ့ရပါဘူး။ တခြားအိမ်‌တွေမှာ‌တော့ ရှိ‌ကောင်းရှိနိုင်ပါ တယ်။ အများစုဟာ နတ်ကိုးကွယ်ကြတဲ့သူ‌တွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရိုးရာ၊ သူတို့ဓ‌လေ့နဲ့ ‌ပျော်‌မွေ့ ‌နေကြသူများဖြစ်ပါတယ်။ ‌ဒေသခံ‌တွေရဲ့ ကိုးကွယ်မှုပုံစံက‌တော့ ခရီးတစ်ခုခုသွားတဲ့ အခါဖြစ်‌စေ၊ ပွဲတစ်ခုခု လုပ်တဲ့အခါဖြစ်‌စေ ပိုင်ရာဆိုင်ရာများကို ပူ‌ဇော်ပသတဲ့ဓ‌လေ့ကို‌တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ပူ‌ဇော်ပသရာမှာ ပိုင်ရာဆိုင်ရာများကို ‌ဘေးရန်ကင်းဖို့၊ ကူညီ‌စောင့်‌ရှောက်ဖို့အတွက် ဆု‌တောင်း အသိ ‌ပေးပြီးတာနဲ့ ထသွားလို့မရ‌သေးပဲ ဆန်အရက်စစ်စစ်ကို ဝိုင်းဖွဲ့ပြီး‌တော့ နည်းနည်းချင်းချင်းစီနဲ့ အ‌ယောက်တိုင်း တစ်လှည့်စီ မကုန်မချင်း ဝါးခွက်နဲ့ ‌သောက်ရပါတယ်။ အဖွင့်ရှိသလို အပိတ် လည်းရှိ‌တော့ ၂ ခါ‌သောက်ရတာ ‌တွေ့ရပြီး၊ ဒီ‌နေရာမှ က‌လေးကအစ ‌သောက်ကြတာကို ချစ်စဖွယ်‌တွေ့မြင်ခဲ့ရပါ‌သေးတယ်။
ကျ‌နော်‌ရောက်ခဲ့တဲ့ ဖာပွန်‌ဒေသ ‌တော‌တောင်‌တွေကြားမှာ‌နေထိုင်‌နေတဲ့ ကျ‌နော်တို့ကရင်‌သွေး ချင်းများဟာ အထက်က ‌ရေးသားခဲ့အတိုင်း ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး၊ စီးပွား‌ရေး စတဲ့အရာရာ အားလုံး နိမ့်ကျ‌နေ‌သေးပြီး သီးခြားကမ္ဘာ‌လေး တစ်ခုအဖြစ်တည်ရှိ‌နေဆဲပါ။ ‌အေး‌အေးချမ်းချမ်းနဲ့ ‌နေထိုင်၊ လုပ်ကိုင်စား ‌သောက်ဖို့အတွက် သူတို့‌တွေကိုယ်တိုင်က ရင်ဖွင့်ပြီးမ‌ပြောပြ‌ပေမယ့် ‌မျှော်လင့်‌နေမှာ‌တော့ မလွဲ ပါဘူး။
အ‌ကြောင်းအမျိုးမျိုး‌ကြောင့်‌နှောင့်‌နှေး နိမ့်ကျခဲ့ရတဲ့ သူတို့ဘဝ‌တွေ မြင့်မားလာ‌အောင် နိုင်ငံ‌ရေး၊ စစ်‌ရေး အရ ရည်ရွယ်ချက် မပါဘဲ၊ စစ်မှန်တဲ့ ‌စေတနာနဲ ့ ယခုလိုငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေချိန် ကာလအတွင်း နှစ်ဖက် ‌ခေါင်း‌ဆောင်များ အ‌နေနဲ့ လူထုအ‌ရေး‌ရှေးရှုပြီး အ‌ကောင်းဆုံးဖြစ်‌အောင် လုပ်‌ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။

ဖွံ့ဖြိုး‌ရေးနဲ့အတူ သူတို့‌တွေ ပြန်လည်‌ပေး ဆပ်ရမယ့် အရာ‌တွေကို‌တွေးပြီး‌တော့လည်း ရင်‌လေးရပြန် ပါတယ်။ အယူရှိသလို အ‌ပေးရှိရမယ့်သင်ခန်းစာ၊ အ‌ကောင်းရှိသလို အဆိုးရှိတယ်ဆိုတဲ့အယူအဆ၊ အတုံ့အလှည့် ဆိုတဲ့ သ‌ဘောကိုနှလုံးသွင်းပြီး‌တော့ တစ်ခါက KNU ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး‌စောဘိုမြ ရဲ့ချက်မြုပ်‌ဒေသ၊ (၅)ဆက် ‌မြောက်ထိုင်းဘုရင်ရဲ့မိဖုရား ကရင်မ‌လေး မူယယ်ဖဲ‌မွေးဖွားရာ ‌ဒေသကို လွတ်လပ် ဖွံ့ဖြိုးမှုသာမကပဲ ပွင့်‌သော ပန်းတိုင်း‌မွေးတဲ့ ‌နေရာ‌လေးတစ်ခုအဖြစ် ‌နောင်တချိန် မြင်‌တွေ့ရဖို့ ‌မျှော်လင့်ချက်များစွာနဲ့ ပဲဆု‌တောင်း‌နေမိပါ ‌တော့ တယ်……………..။