Home သတင်း ၂၀၁၆ခုနှစ်အတွင်း မယ်လဒုက္ခသည်စခန်းတွင် ‌သေ‌ကြောင်းကြံစည်မှု ၅၀‌ကျော်ရှိခဲ့

၂၀၁၆ခုနှစ်အတွင်း မယ်လဒုက္ခသည်စခန်းတွင် ‌သေ‌ကြောင်းကြံစည်မှု ၅၀‌ကျော်ရှိခဲ့

1551

မတ်လ ၃ရက်၊ ၂၀၁၇ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၁၆ခုနှစ် တနှစ်တာကာလအ တွင်း မိမိကိုယ်ကို‌သေ‌ကြောင်းကြံစည်မှု ၅၇မှု ဖြစ်ပွားခဲ့ပြီး ၂၃ဦးမှာ အသက်‌သေဆုံးခဲ့‌ကြောင်း မယ်လစခန်းမှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ လူဦး‌ရေ ၃၇,၆၁၈ဦးရှိသည့် မယ်လဒုက္ခသည်စခန်းသည် နယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည် စခန်း ၉ခုအနက် အကြီးဆုံးနှင့် လူဦး‌ရေ အများဆုံးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ခုနှစ်အတွင်း မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှုများ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါစာရင်းများကို ပြုစု‌ပေးသူ မယ်လဒုက္ခစခန်းမှ ‌စောကာလိက “ကျ‌နော်တို့ရွာမှာ‌နေတုန်းက တစ်နှစ်မှ တစ်‌ယောက်‌တောင် မကြားဖူးဘူး။ အခုက ဒီစခန်းမှာ ကိုယ့်ကိုယ်ကိုသတ်‌သေတာ တစ်လကို ၅မှုနှုန်း‌လောက် ဖြစ်‌နေတယ်ဆို‌တော့ အကုန်လုံး မ‌သေ‌ပေမယ့်လည်း တအားမြင့်သွားပြီ။ စိုးရိမ်စရာလည်း ‌ကောင်းတဲ့အ‌ခြေအ‌နေ ဖြစ်‌နေတယ်”ဟု ‌ပြောသည်။

ယခုရရှိသည့် ‌သေ‌ကြောင်းကြံစည်မှုနှင့် ‌သေဆုံးသူစာရင်းများမှာ မယ်လဒုက္ခသည်စခန်းရုံးနှင့် အဆိုပါစခန်းအတွင်းရှိ ‌ဆေးရုံမှ ‌ကောက်ယူရရှိထားသည့် စာရင်းများကို ပြန်လည်စိစစ်ထားသည့် စာရင်းနှစ်ခု‌ပေါင်း အ‌ရေအတွက်များဖြစ်ပြီး စခန်းနှင့် ‌ဆေးရုံ များသို့ ‌ရောက်ရှိမလာသည့် ဖြစ်စဉ်များနှင့် အ‌ရေအတွက်များလည်း ရှိနိုင်‌ကြောင်း မယ်လစခန်း၏ စာရင်းပြုစုသူများက ‌ပြောဆို သည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်အတွင်း ပြုစုထားသည့် စာရင်းများအရ မယ်လဒုက္ခသည်စခန်းတွင်း ဖြစ်ပွားခဲ့သည့် မိမိကိုယ်ကို ‌သေ ‌ကြောင်းကြံစည်မှု ၅၈မှုတွင် ‌ယောက်ျား‌လေးမှ ‌သေ‌ကြောင်းကြံစည်မှု (ကျား) ၃ဝမှုနှင့် မိန်းက‌လေး(မ) ၂၇မှု ဖြစ်ပွားခဲ့ပြီး ထိုအ ထဲတွင် ကျား ၁၆ဦးနှင့် မ ၇ဦးတို့ ‌သေဆုံးသွားခဲ့သည်။

ထို့အတူ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှ ‌ဖေ‌ဖော်ဝါရီလအထိ စာရင်းများအရ မယ်လဒုက္ခသည်စခန်းအတွင်း ‌သေ‌ကြောင်းကြံစည်မှု ၄မှု ဖြစ်ပွားခဲ့ရာ ‌ယောက်ျား ၁ဦး ထပ်မံ‌သေဆုံးခဲ့ပြီး ၎င်းတို့အ‌နေဖြင့် အိမ်‌ထောင်‌ရေးအဆင်မ‌ပြေမှုများ၊ စိတ်ဖိစီးမှုများ၊ မူးယစ် ‌ဆေးဝါးနှင့် အရက်‌သေစာ ‌သောက်စားမှုများ‌ကြောင့်သာ အများဆုံးဖြစ်ပွားရခြင်းဖြစ်‌ကြောင်း ‌ပြောဆိုမှုများလည်းရှိ‌နေသည်။

မယ်လစခန်း‌ဆေးရုံမှ တာဝန်ရှိ ဆရာဝန်တစ်ဦးက “၂၀၁၆ခုနှစ်အတွင်းမှာ ‌တော်‌တော်များလာတယ်။ ဘာဖြစ်လို့လဲဆို‌တော့ လူဦး‌ရေ ၄‌သောင်းဝန်းကျင်ရှိတာမှာ ဒီလိုနှုန်းထားမျိုးက မြင့်တယ်လို့‌ပြောလို့ရတယ်။ အများအားဖြင့် လူငယ်‌တွေဖြစ်ပါတယ်။ အဓိကက‌တော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု‌တွေနဲ့ ဆက်နွယ်ပြီး အရက်နဲ့ မူးယစ်‌ဆေးဝါး‌တွေ‌ကြောင့် ဖြစ်လာတာ‌တွေဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူဦး‌ရေ တစ်သိန်းကို အ‌ခြေခံထားသည့် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့(WHO)၏ တွက်ချက်မှုရာခိုင်နှုန်းအရ ယခုနှုန်းထားမှာ သိသာ စွာ မြှင့်တက်‌နေသည့်အတွက် စခန်းအတွင်းရှိ လူငယ်များအား မူးယစ်‌ဆေးဝါးဆိုင်ရာ အသိပညာ‌ပေးမှုများနှင့် လူငယ်ဖွံ့ဖြိုး‌ရေး အစီအစဉ်များကို တိုးမြှင့်လုပ်‌ဆောင်သွားရန် လိုအပ်‌ကြောင်းလည်း ၎င်းက ဆက်လက် ‌ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အခြားကရင်ဒုက္ခသည်စခန်းများတွင် မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှုမှာ ရှိခဲ့ကြ‌သော်လည်း မယ်လ စခန်းမှာ အဆိုပါဒုက္ခသည်စခန်းများထဲတွင် အမြင့်ဆုံးဖြစ်ပြီး အုန်းဖျန်ဒုက္ခသည်စခန်းမှာ မိမိကိုယ်ကို‌သေ‌ကြောင်း ကြံစည်မှု အနည်းဆုံးဖြစ်‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ(KRC) တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။