Home သတင်း ‌ကေအဲန်ယူကွန်ဂရက်သို့ နိုင်ငံ ၁၂နိုင်ငံမှ ကရင်ကိုယ်စားလှယ်များ ‌လေ့လာသူအဖြစ် တက်‌ရောက်ကြမည်

‌ကေအဲန်ယူကွန်ဂရက်သို့ နိုင်ငံ ၁၂နိုင်ငံမှ ကရင်ကိုယ်စားလှယ်များ ‌လေ့လာသူအဖြစ် တက်‌ရောက်ကြမည်

1742

မတ်လ ၂ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လာမည့် မတ်လ ၁၄ရက်‌နေ့တွင် စတင် ကျင်းပမည့် ၎င်းတို့၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ကရင်အဖွဲ့အစည်း အသီးသီးအား ကိုယ်စားပြုသည့် နိုင်ငံ‌ပေါင်း ၁၂နိုင်ငံမှ ‌လေ့လာသူများ တက်‌ရောက်မည်ဖြစ် ‌ကြောင်း နိုင်ငံတကာကရင်အဖွဲ့အစည်း(International Karen Organization-IKO)အဖွဲ့ထံမှ သိရသည်။

နိုင်ငံတကာရှိ ‌ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအ‌နေဖြင့် မကြာမီ ကျင်းပမည့် ‌ကေအဲန်ယူကွန်ဂရက်တွင် ‌လေ့လာသူအဖြစ်သာ တက်‌ရောက်ရမည်ဖြစ်ပြီး တက်‌ရောက်မည့်နိုင်ငံနှင့် လူဦး‌ရေစာရင်းများကို (IKO)က မတ်လ ၂ရက် ‌နေ့စွဲဖြင့် ‌ကေအဲန်ယူကွန်ဂရက်ကျင်းပ‌ရေး ‌ကော်မတီထံသို့ အသိ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူကွန်ဂရက်ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌သောသီဘွဲက “ပြည်ပနိုင်ငံအသီးသီးက ‌လေ့လာသူအဖြစ် တက် ‌ရောက်မယ့်သူ‌တွေစာရင်း‌တွေ‌တော့ ပို့ထား‌ပေးတာ ရှိပါတယ်။ မပြည့်စုံ‌သေးတာ‌တွေ‌တော့ ရှိတယ်။ မပြည့်စုံ‌သေးဘူးဆိုတာက သတ်မှတ်ထားတဲ့ လူအ‌ရေအတွက် မပြည့်မှီ‌သေးလို့ ဖြစ်ပါတယ်။ ခရိုင်အသီးသီးကလည်း ပို့ထားပြီးပါပြီ”ဟု ‌ပြောသည်။

ပြည်ပနိုင်ငံအသီးသီးတွင် ‌ကေအဲန်ယူက တရားဝင်ခန့်အပ်ထားသည့် ကိုယ်စားလှယ်များရှိပြီး ယင်းကိုယ်စားလှယ်များကလည်း ‌လေ့လာသူများအဖြစ် ၈ဦးနှင့် နိုင်ငံတကာရှိ ကရင်လူမှုအဖွဲ့အစည်းများအတွက် တစ်ဖွဲ့လျှင် ၂ဦးစီ တက်‌ရောက် ‌လေ့လာသူနိုင် ရန် ဖိတ်ကြားမည်ဖြစ်‌ကြောင်းလည်း ကျင်းပ‌ရေး‌ကော်မတီထံမှ သိရသည်။

လက်ရှိတွင် ဩစ‌တြေးလျား၊ က‌နေဒါ၊ ဂျပန်၊ မ‌လေးရှား၊ ‌နော်‌ဝေ၊ ယူ‌ကေ စသည့်နိုင်ငံများမှ တက်‌ရောက်‌လေ့လာမည့်သူူ ၁၂ ဦးရှိ‌ကြောင်း သိရပြီး ကျန်ရှိ‌နေ‌သေးသည့် နိုင်ငံများနှင့် ပြည်ပကရင်အဖွဲ့အစည်းအသီးသီးမှ ‌လေ့လာသူအဖြစ် တက်‌ရောက်မည့် သူစာရင်းမှာ အတည်ပြုနိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းကရင်နိုင်ငံ‌ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအတွက် ၁၅ဦးကို ‌လေ့လာသူများအဖြစ် တက်‌ရောက်ရန် ဖိတ် ကြားထား‌သော်လည်း ပြည်တွင်းမှ တက်‌ရောက်မည့်သူများအ‌နေဖြင့် ယ‌နေ့အထိ တစ်စုံတစ်ရာ အ‌ကြောင်းပြန်ကြားခြင်း မရှိ ‌သေး‌ကြောင်းလည်း ‌ကေအဲန်ယူ၏ ကွန်ဂရက်ကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက ‌ပြောဆိုသည်။

ပြည်တွင်းကရင်နိုင်ငံ‌ရေးပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသားပါတီ၏ အတွင်း‌ရေးမှူးမန်း‌ကျော်ငြိမ်းက “ဒီပြည်တွင်းကတက်မယ့် သူ‌တွေ‌တော့ သူတို့‌ရွေးထားပြီးပြီ။ ကျ‌နော်က‌တော့ ပါတီအ‌နေနဲ့မဟုတ်ဘဲ KUPC အ‌နေနဲ့တက်ရမှာ ဖြစ်ပါတယ်။ ‌နောက် နှစ် ရက်၊ သုံးရက်‌လောက်ဆို ကွန်ဂရက်တက်မယ့်သူ အမည်စာရင်းကို သူတို့ပို့‌ပေးမယ်လို့ သိရတယ်”ဟု ဆိုသည်။

ယခုမတ်လ ၁၄ရက်‌နေ့တွင် စတင်ကျင်းပမည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်တွင် ပြည်တွင်း ကရင်နိုင်ငံ‌ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကရင်လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပရှိ ‌ကေအဲန်ယူနှင့် ကရင်လူမှုအဖွဲ့အစည်းများမှ ပထမဆုံးအကြိမ်အ ဖြစ် စုံလင်စွာ ပါဝင်တက်‌ရောက်ကြမည်ဖြစ်သည်။