Home သတင်း ကြွက်‌ကြောင့် ပျက်စီးသွားသည့် လယ်‌မြေများအတွက် ကျပ်‌ငွေသိန်း ၄၀၀‌ကျော် မွန်ပြည်နယ်အစိုးရ ‌ထောက်ပံ့မည်

ကြွက်‌ကြောင့် ပျက်စီးသွားသည့် လယ်‌မြေများအတွက် ကျပ်‌ငွေသိန်း ၄၀၀‌ကျော် မွန်ပြည်နယ်အစိုးရ ‌ထောက်ပံ့မည်

2133

ဇန်နဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြခတ်‌ချောင်း‌ကျေးရွာအုပ်စုအတွင်းရှိ၊ ‌ကျေးရွာ ၆ခု၌ စပါးစိုက်ခင်းများကို ပြီးခဲ့သည့် နှစ်လယ် ပိုင်းခန့်မှ စတင်ကာကြွက်များ ဖျက်ဆီးမှု‌ကြောင့် ဆုံးရှုံးခဲ့ရသည့် ‌ဒေသခံများအတွက် မွန်ပြည်နယ် အစိုးရအဖွဲ္ပ့မှ ကျပ်သိန်း ၄၃၅ ‌ကျော် ‌ထောက်ပံ့‌ပေးသွားမည်ဟု မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

ဝန်ကြီးက “ကျ‌နော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့က‌နေပြီး‌တော့ ဘီးလင်းမြို့နယ် ကြခတ်‌ချောင်း ‌ကျေးရွာအုပ်စုထဲက ရွာ‌တွေမှာ ကြွက်ဖျက်ဆီးခံရတဲ့ လယ်ယာ‌မြေနဲ့ ‌ဒေသခံ‌တွေကို ၄၃၅သိန်း‌ကျော် သွားလှူဖို့ရှိတယ်။ လာမဲ့ ဇန်နဝါရီ ၁၆ရက်‌နေ့မှ သွား ‌ထောက်ပံ့‌ပေးဖို့ လျာထားပါတယ်”ဟု ဇန်နဝါရီလ ၈ရက်‌နေ့က ‌ပြောသည်။

အဆိုပါ‌ဒေသတဝိုက်ရှိ လယ်၊ယာသီးနှံဆုံးရှုံးခဲ့သည့် ‌ဒေသခံများကို လူတစ်ဦးလျှင် ကျပ် ၇,၅၀ဝနှုန်း၊ လယ်တစ်ဧကလျှင် ကျပ် ၅၀,၀၀ဝနှုန်းဖြင့် စုစု‌ပေါင်း လူ ၃,၀၀ဝဦးခန့်နှင့် လယ်ဧက ၄၅၅‌ကျော်တို့ကို ‌ထောက်ပံ့‌ပေးရန် စီစဉ်ထားသည်ဟုလည်း ကရင် ‌ရေးရာဝန်ကြီးက ဆက်‌ပြောသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲသည့် ‌ကျေးရွာများတွင် ယခင်နှစ် မိုးစပါး စိုက်ပျိုးချိန်နှင့် စပါး‌ပေါ်ထွက်ချိန်များတွင် ကြွက်များဖျက်ဆီးမှု‌ကြောင့် ‌ဒေသခံများ စပါးအထွက်နည်းခြင်း၊ စပါးနှင့် ‌တောင်ယာစိုက်ခင်းများ ပျက်စီးခြင်းများကို ကြုံ‌တွေ့ခဲ့ရပြီး ‌ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးလာနိုင်သည့် အလားအလာများရှိ‌နေသည်ဟု ‌ဒေသခံများက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ‌ကေအိုင်စီသိို့ ‌ပြောသည်။

ဘီးလင်းမြို့နယ်၊ ကဝါထာ့‌ကျေးရွာသူကြီး ‌စော‌မောင်စိုးက “ဒီနှစ် ‌တောင်ယာစပါးက စူးထိုးစိုက်ပျိုးကတည်းက ကြွက်‌တွေက စပါး‌စေ့‌တွေကို တူးဆွ စား‌သောက်။ အပင်‌ပေါက်လာတဲ့အခါ ကိုက်ဖြတ်ဖျက်ဆီး။ အသီး သီး‌တော့လည်း ကိုက်ဖြတ်စားတယ်။ အဲဒါအပြင် စပါးစိုက်ပြီး တစ်လ၊ နှစ်လ‌လောက်မှာ ရာသီ‌ကြောင့် စပါးပင်‌တွေ အဝါ‌ရောင်သန်းတာ ရှိတယ်။ ဒီဒဏ်‌တွေကို ‌တော် ‌တော် ဆိုးဆိုးဝါးဝါး ခံ‌နေရတယ်”ဟု ဒီဇင်ဘာလ ၁၈ရက်‌နေ့က ‌ပြောသည်။

ယခုကဲ့သို့ စပါးခင်းများကို ကြွက်များဖျက်ဆီးခံရမှုများမှာ ‌ဒေသပြန့်ကြဲကာ ဖြစ်ပွားလျှက်ရှိပြီး ဘီးလင်းမြို့နယ်၊ ကဝါထာ့‌ကျေး ရွာအုပ်စုအတွင်း ရွာတိုင်းနီးပါးကြုံ‌တွေ့ခဲ့ရာ စပါး‌ပေါ်ချိန်ဖြစ်‌သော်လည်း ဆန်စပါးရှားပါးမှု‌ကြောင့် ဆန်များကို ပြင်ပမှ စတင် ဝယ်ယူစား‌သောက်‌နေရသည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

လက်ရှိ ဘီးလင်းမြို့နယ်အတွင်း ကြခတ်‌ချောင်း‌ကျေးရွာအုပ်စု အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ထိန်းချုပ် နယ်‌မြေ ဘီးလင်းမြို့နယ်၊ နို့ဘဲ‌ဘော‌ကျေးရွာအုပ်စုရှိ ကဝါထာ့‌ကျေးရွာတွင် ကြွက်‌ဘေး‌ကြောင့် ယခုနှစ် ‌တောင်ယာစပါးအ ထွက်နှုန်းမှာ ပုံမှန်ထက် သုံးပုံ တစ်ပုံခန့် ‌လျော့နည်းသွား‌ကြောင်း ‌ဒေသခံ ‌တောင်ယာစပါး စိုက်ပျိုးသူများက ‌ပြောဆို‌နေကြ သည်။