Home သတင်း (၁၁)ကြိမ်‌မြောက် ဗိုလ်ချုပ်ကြီး‌စောဘိုမြ ‌အောက်‌မေ့ဖွယ် KNU တပ်မဟာ(၇)နယ်‌မြေတွင် ပြုလုပ်မည်

(၁၁)ကြိမ်‌မြောက် ဗိုလ်ချုပ်ကြီး‌စောဘိုမြ ‌အောက်‌မေ့ဖွယ် KNU တပ်မဟာ(၇)နယ်‌မြေတွင် ပြုလုပ်မည်

2287

ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကွယ်လွန်သူ KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြနှင့် သားကြီး ဒုဗိုလ်မှူးကြီး‌စော‌နေ‌ကော်မြ တို့အား ရည်စူး၍ တစ်နှစ်တစ်ကြိမ် ‌အောက်‌မေ့ဖွယ် ဘုရားဝတ်ပြု ဆု‌တောင်းပွဲကို လာမည့် ဇန်နဝါရီလ ၂ဝရက်‌နေ့တွင် ကျ ‌ရောက်သည့် ‌စောဘိုမြ၏ ၉ဝနှစ်‌မြောက်‌မွေး‌နေ့၌ ‌ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်နယ်‌မြေ၊ မူ‌အေးပူတွင် ပြုလုပ်မည်ဖြစ် သည်။

KNU ဥက္ကဋ္ဌနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၏ စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး‌စောဘိုမြသည် ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး သားကြီးဖြစ်သူ KNLA -၂၀၂ တပ်ရင်းမှူး‌ဟောင်း ဒုဗိုလ်မှူးကြီး‌စော‌နေ‌ကော်ဘိုမြမှာ ၂၀၀၈ခုနှစ် တွင် ကွယ်လွန်သွားခဲ့သည်။

၎င်းတို့၏ ‌အောက်‌မေ့ဖွယ် ဝတ်ပြုဆု‌တောင်းပွဲကို ကျန်ရစ်သူ မိသားစုဝင်များက ဗိုလ်ချုပ်ကြီး‌စောဘိုမြ ကွယ်လွန်ခဲ့သည့်အချိန်မှ စ၍ နှစ်စဉ် ကျင်းပခဲ့ရာ ယခုနှစ်တွင် ၁၁ကြိမ်‌မြောက် ရှိပြီဖြစ်သည်။