Home သတင်း ‌မြေယာကိစ္စကို မူအရ ‌ဆွေး‌နွေးမှုအဆင့်မက လက်‌တွေ့‌ဆောင်ရွက်နိုင်သည့်အထိ လုပ်‌ဆောင်မည်

‌မြေယာကိစ္စကို မူအရ ‌ဆွေး‌နွေးမှုအဆင့်မက လက်‌တွေ့‌ဆောင်ရွက်နိုင်သည့်အထိ လုပ်‌ဆောင်မည်

1840

ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်အတွင်း ကြုံ‌တွေ့‌နေရသည့် ‌မြေယာကိစ္စများကို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အစိုးရတို့အကြား မူဝါဒ များအရ ညှိနှိုင်း‌ဆွေး‌နွေးမှုအပြင် လက်‌တွေ့‌ဆောင်ရွက်နိုင်သည်အထိ လုပ်‌ဆောင်သွားမည်ဟု KNU တွဲဖက်အတွင်း‌ရေးမှူး -၂ ပဒိုမန်းမန်းမန်းက ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ဇန်နဝါရီ ၅ရက်မှ ၇ရက်‌နေ့အထိ ကျင်းပခဲ့သည့် ‌မြေယာနှင့် သဘာဝ သယံဇာတ ကဏ္ဍဆိုင်ရာ ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ ‌နောက်ဆုံးရက် မီဒီယာရှင်းလင်းပွဲတွင် ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ ၏ ‌မြေယာကဏ္ဍဆိုင်ရာ ဦး‌ဆောင်သူ ပဒိုမန်းမန်းမန်းက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ကျ‌နော်တို့ လုပ်‌နေတဲ့ ‌မြေယာမူဝါဒဆိုင်ရာ ‌ဆွေး‌နွေးတာ‌တွေက‌တော့ လက်ရှိဖြစ်‌နေတဲ့ ‌မြေယာပြဿနာ‌တွေ ‌မြေယာ စီမံခန့်ခွဲမှု‌တွေကို အစိုးရနဲ့ KNU နဲ့ ထိစပ်နယ်‌မြေ‌တွေ ရှိ‌နေ‌တော့ နှစ်ဖက် ညှိနှိုင်းပြီး ပူး‌ပေါင်း‌ဆောင်ရွက်‌ဖြေရှင်းမယ်။ မူအရ ‌ဆွေး‌နွေးတဲ့အဆင့်မက လက်‌တွေ့‌ဆောင်ရွက်တဲ့ အပိုင်း‌တွေပါ လုပ်‌ဆောင်သွားမယ်။”ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိ ‌ဆွေး‌နွေး‌နေသည့် ‌မြေယာအ‌ခြေခံမူများနှင့် ရည်ရွယ်ချက်များကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ (သို့မဟုတ်)၂၁ရာစုပင် လုံ ဒုတိယအကြိမ် ‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေးအတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး ‌နောင်လာမည့် တိုင်းရင်းသား အားလုံးပါဝင် သည့် ဖက်ဒရယ်ပြည်‌ထောင်စုဆိုင်ရာ ‌ဆွေး‌နွေးပွဲများအထိ အ‌ထောက်အကူပြုမည်ဟု ယုံကြည်‌ကြောင်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

၎င်း‌မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍဆိုင်ရာ ‌ဆွေး‌နွေးပွဲတွင် ကရင်လူမျိုးများ‌နေထိုင်ရာ ‌ဒေသအသီးသီးမှ ကိုယ်စားလှယ် များ၊ ကရင်နိုင်ငံ‌ရေးပါတီများ ‌မြေယာမူဝါဒ‌ရေးဆွဲ‌ရေးဆိုင်ရာ ပညာရှင်များ၊ လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက်ကြပြီး ‌မြေယာ ကဏ္ဍဆိုင်ရာ ရည်ရွယ်ချက် ၆ချက်၊ အ‌ခြေခံမူ ၁၅ချက် ကြားကာလ ‌ဆောင်ရွက်ရမည့်အချက် ၁ဝချက် သယံဇာတဆိုင်ရာ အ‌ခြေခံမူအချက် ၂၀‌ကျော်ကြားကာလ ‌ဆောင်ရွက်ရန် အချက် ၁၀‌ကျော်တို့ကို ‌ဆွေး‌နွေးအတည်ပြုနိုင်ခဲ့သည်ဟု ထို‌နေ့မီဒီယာ ရှင်းလင်းပွဲအရ သိရှိရသည်။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-S) ‌ကော်မတီဝင် နန်း‌စေအွာက “ကရင်ပြည်နယ်တွင်း ‌မြေယာသိမ်းဆည်းခံရမှု‌တွေ များသလိုတနိုင်ငံလုံးမှာလည်း ဒီကိစ္စက အ‌ရေးကြီးတယ်။ အခု ဒီကာလမှာ ‌တော့ အခြခံမူ‌တွေအရ အ‌ကောင်အထည်‌ဖော်ပါ့မယ်။ ‌ဒေသခံ‌တွေရဲ့ လယ်ဦး လယ်ထိပ်၊ ဓါးမဦးချဆိုတဲ့ ရိုးရာဓ‌လေ့ အစဉ်အ လာအတိုင်း သူတို့ပိုင်ဆိုင်မှု‌တွေကို ဥပဒအရ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီ‌ဆောင်ရွက်သွားမှာပါ”ဟု ‌ပြောသည်။

KNU သည် ‌မြေယာမူဝါဒကို ၁၉၄၇ခုနှစ်တွင် ပြဌာန်းလုပ်‌ဆောင်‌နေခဲ့ပြီး ၂၀၁၅ခုနှစ်တွင် အဆိုပါဥပ‌ဒေကို ပြင်ဆင်ကာ ‌မြေယာ ကို ပြည်သူလူထုကသာ ပိုင်ရမည်ဟု ‌ရေးဆွဲပြဌာန်းထားသည်။ ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေတွင်မူ ‌မြေယာကို နိုင်ငံ‌တော်က သာ ပိုင်ဆိုင်သည်ဟု ပြဌာန်းထားသည်။

‌ဒေသတွင်း ‌မြေယာပြဿနာများ ‌ဖြေရှင်း‌ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၆ရက်‌နေ့က KNU တာဝန်ရှိသူများနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ‌ဒေသတွင်း ‌မြေယာပြဿ နာများကို ညှိနှိုင်း ပူး‌ပေါင်း‌ဆောင်ရွက်ရန် ‌ဆွေး‌နွေးခဲ့ကြ‌သေးသည်။