Home သတင်း ခွဲထွက်အဖွဲ့ ၂၃ဦး လက်နက်ချဟု တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်

ခွဲထွက်အဖွဲ့ ၂၃ဦး လက်နက်ချဟု တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်

1805
Photo-ဖားအံသား

ဇန်နဝါရီ ၈ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲ့သ‌ဝေါ‌ဒေသတွင်းရှိ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA/KKO-ခွဲထွက်) ‌စောဆန်း‌အောင်အဖွဲ့မှ စိုးစိုး ဦး‌ဆောင်‌သော ၂၃ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၇ရက်‌နေ့က အစိုး ရတပ်မ‌တော်ထံသို့ ဝင်‌ရောက်လက်နက်ချခဲ့သည်ဟု တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး၏ ထို‌နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ DKBA /KKO ခွဲထွက်အဖွဲ့သည် ၎င်းတို့ ကိုင်‌ဆောင်‌သော လက်နက်မျိုးစုံ ၈လက်၊ ကျည်မျိုးစုံ ၁၄၉‌တောင့်၊ ကျည်အိမ် ၈ခု၊ ဗုံးသီး ၃လုံး၊ မိုင်း ၇လုံးနှင့်အတူ နယ်‌မြေခံ တပ်မ‌တော် တာဝန်ရှိသူများထံသို့ ဝင်‌ရောက်ခြင်းဖြစ်‌ကြောင်း အစိုးရတပ်မ ‌တော် ကာကွယ်‌ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ယင်းဝင်‌ရောက်လာ‌သောအဖွဲ့မှာ KKO ခွဲထွက်အဖွဲ့၏ လုပ်ရပ်များအ ‌ပေါ် လက်ခံမှုမရှိခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာ‌နေထိုင်လိုခြင်း၊ နိုင်ငံ‌တော်နှင့် တပ်မ‌တော်၏ တိုင်းရင်း သားပြည်သူများအ‌ပေါ် ထားရှိသည့် သ‌ဘောထား‌စေတနာအမှန်ကို နားလည်သ‌ဘော‌ပေါက်လာသည့်အတွက် ဥပ‌ဒေ‌ဘောင် အတွင်းသို့ ဝင်‌ရောက်လာခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

လတ်တ‌လောတွင် ယင်းသို့ဝင်‌ရောက်လာသည့် DKBA/KKO ခွဲထွက်တပ်ဖွဲ့ဝင်များအား လှိုင်းဘွဲတပ်နယ်တစ်‌နေရာတွင် ‌နေရာ ချ‌ပေးထားသည်ဟု သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

(DKBA/KKO ခွဲထွက်)အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂၁ရက်‌နေ့တွင် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA ကလို့ထူး‌ဘောအဖွဲ့)မှ ခွဲထွက်ကာ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်း DKBA ခွဲထွက် အဖွဲ့ဝင်များသည် နီးစပ်ရာ အပစ်ရပ် ကရင်လက်နက်ကိုင် အဖွဲ့ KNU/KNLA-PC တပ်ဖွဲ့ထံသို့ ၅ဦး၊ ၂၀၁၇ ဇန်နဝါရီ ၁ရက်‌နေ့က မြဝတီတပ်နယ်သို့ ၇ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်‌ရောက်ခဲ့ပြီး‌နောက် ဇန်နဝါရီလ ၇ရက်တွင် လှိုင်းဘွဲတပ်နယ်သို့ ၂၃ဦး ထပ်မံ ဝင်‌ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ DKBA ခွဲထွက်အဖွဲ့ထံသို့ ‌ကေအိုင်စီက ဆက်သွယ်ရန် ကြိုးစား‌သော်လည်း ဆက်သွယ်မှု မရရှိခဲ့‌ပေ။