Home သတင်း အဂတိလိုက်စားမှုဆိုင်ရာ အချက်အလက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနထံ တင်ပြမည်

အဂတိလိုက်စားမှုဆိုင်ရာ အချက်အလက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနထံ တင်ပြမည်

1886

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ဖားအံမြို့၊ သီရိဖားအံဟိုတယ် ခန်းမ‌ဆောင်၌ အဂတိတရား ကင်းရှင်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဒီဇင်ဘာလ ၆ရက်မှ ၁၂ရက်‌နေ့အထိ ကျင်းပခဲ့ရာ ထို‌ဆွေး‌နွေးပွဲမှ ရရှိလာ‌သောအချက်အလက်များကို စာတမ်းပြုစုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သက် ဆိုင်ရာ ဝန်ကြီးဋ္ဌာနများထံ တင်ပြသွားမည်ဖြစ်‌ကြောင်း အလုပ်ရုံ‌ဆွေး‌နွေးပွဲကို စီစဉ်သူများက ‌ပြောသည်။

ပြည်နယ် လူမှုဝန်ထမ်းဦးစီးဋ္ဌာနနှင့် ‌ဒေသတွင်း အရပ်ဖက်အဖွဲ့စည်း (CSO)၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်း (NGO) ၉ဖွဲ့တို့၏ ပူး‌ပေါင်းပါဝင်မှုဖြင့် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဋ္ဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံ‌ဆွေး ‌နွေးပွဲ‌နောက်ဆုံးရက်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဋ္ဌာန ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံ့ဝန်ထမ်းများအ‌နေနဲ့ ပြည်သူ့အကျိုး‌ဖော်‌ဆောင်ရာမှာ ပိုမိုထိ‌ရောက်စွာ ‌ဆောင်ရွက်နိုင်‌ရေးနဲ့ အဂတိတရား လိုက်စားမှုကင်း ရှင်း‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ပြည်နယ်တိုင်းအားလုံးမှာ ‌ဆောင်ရွက်ပြီး ထွက်‌ပေါ်လာတဲ့ Outcome(ရလဒ်)များကို ဝန်ကြီး ဋ္ဌာနသို့ ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောကြားခဲ့သည်။

နိုင်ငံသားအားလုံးတွင် အဂတိတရား ကင်းရှင်း‌ရေးအတွက် တာဝန်ရှိ‌ကြောင်း သိလာ‌စေရန်၊ နိုင်ငံ‌တော်အစိုးရအ‌နေဖြင့် အစိုးရ ဝန်ထမ်းနှင့်ပြည်သူများအကြား အဂတိ လိုက်စားမှု‌လျော့နည်း ပ‌ပျောက်‌ရေးအတွက် လိုအပ်သည့်အစီအမံများ ချမှတ်‌ဆောင် ရွက်‌ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါအလုပ်ရုံ‌ဆွေး‌နွေးပွဲကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။
cooruption-workshop-1
၎င်းအဂတိ လိုက်စားမှုတိုက်ဖျက်‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်ပြည်နယ်တွင်း မြို့နယ်များမှ အမှုထမ်း အရာထမ်း ၁၀၇ဦး ‌ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများမှ ၆၆ဦး အပါအဝင် စုစု‌ပေါင်း ၁၇၃ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာ‌ရေးဋ္ဌာန ဒုဦးစီးမှူး ဝင်းနိုင်ထွန်းက “ဒီလို‌ဆွေး‌နွေးတာ အင်မတန် ‌ကောင်းပါ တယ်။ ကျ‌နော်တို့သိလာတဲ့ အချက်အလက်‌တွေ ‌ရှောင်ရန်‌ဆောင်ရန်‌တွေကို ဋ္ဌာနပြန်‌ရောက်လို့ လက်‌အောက်ငယ်သား‌တွေကို ပြန်‌ပြောပြ‌ဆွေး‌နွေး‌ပေးမယ်ဆိုရင် ဝန်ထမ်း‌တွေအတွက် အ‌တွေ့အကြုံ ဗဟုသုတ‌တွေလည်း ရလာမှာဖြစ်တယ်။”ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၇ရက်‌နေ့က ပြည်‌ထောင်စုလွှတ်‌တော် ဥပ‌ဒေအ မှတ်(၂၃/၂၀၁၃)ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်‌ရေးဥပ‌ဒေကို ပြဋ္ဌာန်းခဲ့သည်။ အလားတူ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂ တိ လိုက်စားမှုတိုက်ဖျက်‌ရေး ကွန်ဗန်းရှင်းတွင် ၁၃၅နိုင်ငံ‌မြောက်အဖြစ် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်‌နေ့တွင် လိုက်နာ‌ဆောင်ရွက်ရမည့် ကျင့်ဝတ်များကို သ‌ဘောတူ လက်မှတ်‌ရေးထိုးထားသည့်နိုင်ငံလည်းဖြစ်သည်။

ကရင်ပြည်နယ်တွင် အဂတိတရား ကင်းရှင်း‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ယခု ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ပြည် နယ်နှင့် တိုင်း အသီးသီးတွင် အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ပွဲစီစဉ်သူများက ‌ပြောသည်။