Home သတင်း လူငယ်များ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပိုမိုပါဝင်ကြရန် နှစ်သစ်ကူး‌နေ့တွင် ဝန်ကြီးချုပ် တိုက်တွန်း

လူငယ်များ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပိုမိုပါဝင်ကြရန် နှစ်သစ်ကူး‌နေ့တွင် ဝန်ကြီးချုပ် တိုက်တွန်း

2001

ဒီဇင်ဘာလ ၃ဝရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် ဖားအံမြို့ သီရိကွင်းတွင် ဒီဇင်ဘာလ ၂၉ရက်‌နေ့ မနက်က ကျင်းပခဲ့သည့် ကရင်သက္ကရာဇ် ၂၇၅၆ခုနှစ်၊ (၇၉) ကြိမ်‌မြောက် ကရင့်အမျိုးသား နှစ်သစ်ကူး ‌ကောက်သစ်စားပွဲ‌တော် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က လူငယ်များ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်‌ဆောင်ရွက်ကြရန် တိုက်တွန်း‌ပြောဆိုခဲ့သည်။

“ကျမက‌တော့ ကရင့်နှစ်သစ်ကူးမှာ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်တာ‌တွေ အထူး‌ပြောချင်တယ်။ ကရင်ပြည်နယ်ကြီး အခု တစတစ ငြိမ်းချမ်းလာပြီး မကြာခင်ဆို ငြိမ်းချမ်း‌ရေးညီလာခံကြီးလည်း ကျင်းပ‌တော့မယ်။ အခုဆို ကရင်ပြည်နယ်တွင် ငြိမ်းချမ်း‌ရေး လုပ် ငန်းစဉ်‌တွေ ကရင်‌တွေစပြီး လုပ်‌နေတယ်။ ‌အောင်မြင်ဖြစ်ထွန်း တိုးတက်မှု‌တွေရှိလာ‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေကို လူငယ် ‌တွေအားလုံး ပါဝင်ပြီး အဓွန့်ရှည် တည်တံ့‌အောင် ‌ဆောင်ရွက်‌စေချင်ပါတယ်။ ဒါမှ ‌ရေရှည် ငြိမ်းချမ်းသာယာတဲ့ ကရင်ပြည်နယ် ဖြစ်လာနိုင်မှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကျင်းပခဲ့‌သော ပြည်နယ်လုံးဆိုင်ရာ ကရင့်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်သို့ အစိုးရအဖွဲ့နှင့် ဝန် ကြီးများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ‌ဒေသခံများ၊ လက်နက်ကိုင်အဖွဲ့များ မှ ‌ခေါင်း‌ဆောင်ကြီးများ၊ ပြည်နယ်အတွင်း တာဝန်ထမ်း‌ဆောင်ခဲ့ကြ‌သော ကရင့်အမျိုးသား ဂုဏ်‌ဆောင်ဂုဏ်ပြုခံ အဘိုးအဘွား များ၊ ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်ကြီးများ ‌ဒေသခံပြည်သူများ စုစု‌ပေါင်း လူဦး‌ရေ ၂‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြပြီး နိုင်ငံ‌တော်နှင့် တိုင်းရင်းသား အကြီးအကဲများ ‌ပေးပို့‌သော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

၎င်းအခမ်းအနား တက်‌ရောက်သူ ‌ကော့ကရိတ်မှ ကရင်လူငယ်ကွန်ယက်(KYN) အဖွဲ့ဝင် ‌စောငြိမ်းမိုးက “ကျ‌နော်တို့ ကရင်ငြိမ်း ချမ်း‌ရေးက အပစ်ရပ် ငြိမ်းချမ်း‌ရေးအဆင့်မှာပဲ ရှိ‌နေ‌သေးတယ်။ ဒါကို ခိုင်မာတဲ့ ငြိမ်းချမ်း‌ရေးဖြစ်လာဖို့ လူကြီး‌တွေ တာဝန်ရှိသူ ‌တွေက ဒီလုပ်ငန်း စဉ်ထဲလူငယ်‌တွေ ပါဝင်ခွင့်ရ‌အောင် အခွင့်အ‌ရေး‌ပေးလာရင် ဝိုင်းဝန်းလုပ်‌ဆောင်သွားမှာပါ။ အခု‌တော့ ငြိမ်း ချမ်း‌ရေးဖြစ်စဉ်အတွက် ‌လေ့လာ‌စောင့်ကြည့်‌ရေး လုပ်ငန်းစဉ်‌တွေမှာ ပါဝင်ဖို့ ပြင်ဆင်‌နေပါတယ်”ဟု ဆိုသည်။

screenshot_2016-12-30၂၀၁၆ခုနှစ် ကရင်နှစ်သစ်ကူး အခမ်းအနားများကို ‌နေပြည်‌တော် အပါအဝင် ကရင်လူမျိုးများ ‌နေထိုင်ရာ ဧရာဝတီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်လူမျိုးများ ‌နေထိုင်ရာ ‌ဒေသအသီးသီး၌ ကျင်းပခဲ့ကြရာ စုစု‌ပေါင်း အခမ်းအနား ၅ဝ ဝန်းကျင်ခန့်ရှိမည်ဖြစ်‌ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာ‌ရောက် ကရင်များလည်း ကျင်းပကြ‌ကြောင်း သိရသည်။

ယခုနှစ် ကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားများကို ‌ဒေသအလိုက် လွတ်လပ်စွာ ကျင်းပခွင့်‌ပေးထားပြီး အားကစားပွဲများ ရိုးရာအ ကအလှများ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ပြခန်းများ၊ တိမ်မြှုပ်‌ပျောက်ကွယ်‌တော့မည့် ကရင့်ရိုးရာဩပွဲများကို ‌ဖော်ထုတ် ကျင်းပပြုလုပ် ကြ‌ကြောင်း ကရင်စာ/ယဉ် ‌ကော်မတီပွဲ ကျင်းပသူများ၏ ‌ပြောပြချက်အရ သိရသည်။

ကရင်ရိုးရာ နှစ်သစ်ကူးပွဲ‌တော်ကို ၁၆၇၈ခုနှစ်၊ သ‌လေထိုင်ခုတ်ဖို့ (ပြာသိုလဆန်း ၁ရက်) ခရစ်သက္ကရာဇ် ၁၉၃၈ခုနှစ်၊ ဒီဇင်ဘာ လ ၂၁ရက်‌နေ့တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ပြည်တွင်းစစ်‌ကြောင့် နှစ်သစ်ကူး မကျင်းပနိုင်ခဲ့သည့် နှစ်များလည်း ရှိခဲ့သ လို ယခုနှစ် ကျင်းပသည့် နှစ်သစ်ကူးပွဲ‌တော်မှာ ၇၉ကြိမ်‌မြောက်ရှိလာပြီဖြစ်သည်။