Home သတင်း မင်း‌ဇော‌ကျေးရွာ ပထမဆုံးအကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ပါဝင်ဆင်နွှဲသူ များပြား

မင်း‌ဇော‌ကျေးရွာ ပထမဆုံးအကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ပါဝင်ဆင်နွှဲသူ များပြား

2170

ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ယခုနှစ် ဒီဇင်ဘာလ ၂၉ရက်‌နေ့တွင် ကျ‌ရောက်သည့် ၂၇၅၆ခု ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကရင်အမျိုးသား အစည်း အရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ဖားအံမြို့နယ်၊ မင်း‌ဇော(‌ခေါဖိုးပလယ်)‌ကျေးရွာ၌ ပထမဆုံးအကြိမ်ကျင်းပပြီး တက်‌ရောက် သူ တစ်‌ထောင်‌ကျော်ကာ ခန့်မှန်းထားသည်ထက် ပါဝင်ဆင်နွှဲသူ များပြားသည်ဟု ပွဲ‌တော်ဖြစ်‌မြောက်‌ရေးအဖွဲ့က ‌ပြောသည်။

ပွဲ‌တော်မှာ မင်း‌ဇော‌ကျေးရွာနှင့် တ‌ဂေး‌လောင်း(ထီးချိ‌ဘော)‌ကျေးရွာတို့ ပူး‌ပေါင်း၍ ‌ကျေးရွာအုပ်စုအဆင့်သာ ပြုလုပ်ခြင်းဖြစ် ‌သော်လည်း ခရိုင်နှင့် မြို့နယ်အဆင့် ‌ခေါင်း‌ဆောင်များ၊ အစိုးရ ဘီးလင်းမြို့နယ် တာဝန်ရှိသူတစ်ဦးနှင့် ကရင်အနုပညာရှင်အချို့ အပါအဝင် အနီးအ‌ဝေး ‌ဒေသခံပြည်သူများ တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူ ‌ကေအဲန်ယူ တပ်မဟာ(၁)၊ တပ်ရင်း(၁)မှ ဒုဗိုလ်မှူးကြီး ‌စောစိုးမြင့်‌ထွေးက “ဒီနှစ် မင်း‌ဇော ရွာမှာ ကျ‌နော်တို့ ပထမဆုံးအကြိမ်လုပ်တာ‌ပေါ့။ လာမယ့်နှစ်မှာ တ‌ဂေး‌လောင်းမှာ လုပ်မယ်။ အခုထက်‌ကောင်း‌အောင် လုပ်ဖို့ရှိ တယ်။ ခုလို နှစ်သစ်ကူးပွဲ‌တော် ကျင်းပတာက ‌ဒေသခံပြည်သူ‌တွေ မိမိရိုးရာဓ‌လေ့နဲ့ စည်းလုံးညီညွှတ်မှု ပိုအား‌ကောင်း‌အောင် ရည်ရွယ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာပြုလုပ်သည့် ယင်းပွဲ‌တော်တွင် မိမိရိုးရာယဉ်‌ကျေးမှုနှင့် ဓ‌လေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းအားဖြင့် ဇာတ်သဘင် နှင့် ‌လောင်းကစားများ ပါဝင်ထည့်သွင်းကျင်းပခြင်း မလုပ်ဘဲ နှစ်စဉ် ပုံမှန် ပြုလုပ်‌လေ့ရှိသည့် ‌ဘောလုံး၊ ခြင်းလုံး အားကစားပြိုင် ပွဲအပြင် ဒုံးယိမ်းအက၊ ရိုးရာ‌တေးသီချင်းနှင့် ကရင်အနုပညာရှင်များ ကပြသီဆို ‌ဖျော်‌ဖြေခြင်းတို့သာ ပွဲကို ကျင်းပခဲ့သည်ဟု သိရ သည်။

ထို့အပြင် ပွဲ‌တော်တွင် ခရိုင်အဆင့် ‌ခေါင်း‌ဆောင်အချို့ အပါအဝင် ‌ဒေသတွင်း တပ်ဘက်ဆိုင်ရာ တပ်မှူးတပ်ဗိုလ်နှင့် ရဲ‌ဘော် များ အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဂုဏ်ပြုသည့်အ‌နေဖြင့် ပန်းကုံးစွပ်ခြင်းနှင့် လက်‌ဆောင်များ‌ပေးခြင်း စသည့် အစီအစဉ်များလည်း ပြုလုပ်ခဲ့သည်။

ဂုဏ်ပြုခံရသည့် ‌ကေအဲန်ယူ သထုံခရိုင် အတွင်း‌ရေးမှူး ‌စောကိုလင်းက “ဒီလို နှစ်သစ်ကူးပွဲ‌တော်လုပ်တာ ကိုယ့်ရိုးရာဓ‌လေ့နဲ့ ယဉ်‌ကျေးမှု‌တွေ ‌ပေါ်လွင်‌စေပြီး မြှင့်တင်တာလည်း ဖြစ်ပါတယ်။ ‌နောက်ပြီး ‌ဒေသတွင်း လုပ်‌ဖော်ကိုင်ဘက်(စစ်ဘက်၊ တပ် ဘက်)‌တွေကို ဂုဏ်ပြုလက်‌ဆောင်‌တွေ ‌ပေးတယ်။ ‌ပေးတာ တန်ဖိုးမများ‌ပေမယ့် ဒါဟာ အသိအမှတ်ပြု စိတ်ဓာတ်မြှင့်တင်တာ ဖြစ်တဲ့အတွက် သိပ်‌ကောင်းပါတယ်”ဟု ‌ပြောသည်။

ပွဲ‌တော်တက်‌ရောက်သည့် လူငယ်တစ်ဦးဖြစ်သူ ‌နော်အဲ့မူး‌ဂေ‌ဖောလည်း “ဒီနှစ် နှစ်သစ်ကူးမှာ တက်‌ရောက်လာသူ များပြားလာ တာ ‌တွေ့ရတယ်။ ဒါက ကျမတို့ ကရင်လူမျိုးအတွက် အားရစရာဖြစ်သလို လူငယ်တစ်‌ယောက်အ‌နေနဲ့ အရမ်းဝမ်းသာမိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

မင်း‌ဇော ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် ‌ကေအဲန်ယူ ဥက္ကဌနှင့် ကရင်အမျိုးသမီးအစည်းအရုံး (‌ကေဒဘလျူအို)တို့မှ သဝဏ်လွှာ များ ဖတ်ကြားခြင်းနှင့် တက်‌ရောက်သည့် ‌ခေါင်း‌ဆောင်အချို့က ကရင်နှစ်သစ်ကူး ဖြစ်‌ပေါ်လာပုံ၊ ယခင် ကရင်နှစ်သစ်ပွဲ‌တော် ကျင်းပခြင်းအ‌ကြောင်းများ၊ ကရင်‌ဒေသခံများ ရိုးရာဝတ်စုံ ဝတ်ဆင်လာမှု တိုးတက်များပြားလာခြင်းများကို ‌ပြောကြားခဲ့ကြသည်။

ယခုနှစ် ကျ‌ရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ‌ကေအဲန်ယူ သထုံခရိုင်အတွင်းရှိ မြို့နယ် ၄ခုတွင် ‌ကျေးရွာများ စု‌ပေါင်း၍ ကိုယ်ထူကိုယ်ထ ကျင်းပခြင်းများရှိသလို ပြည်တွင်းရှိ အခြားကရင်များ ‌နေထိုင်ရာ‌ဒေသများနှင့် ပြည်ပ‌ရောက် ကရင် လူမျိုးများလည်း ကျင်းပခဲ့ကြသည်။