ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီးအတွင်း ဖော်ဆောင်ရန်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလတွင် အဆောတလျင် မလုပ်ဆောင်သင့်ကြောင်း ထားဝယ်ဒေသတွင်းအခြေစိုက် လူမှုအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းပေါင်း ၃၁၃ဖွဲ့မှ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် သဘောထားထုတ်ပြန် ပြောဆိုလိုက်သည်။
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ထီးခီးဒေသအတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်း အပါအဝင် စီမံကိန်း ၄ခုအ တွက် Sun And Rainbow ကုမ္ပဏီနှင့် POWER CHINA International Group Limited တို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ရက်နေ့ က နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ် လူမှုအဖွဲ့အစည်းများက ယခုလို ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ် သည်။
တာကပေါ်လူငယ်အဖွဲ့တာဝန်ခံ နော်ပိသလောက “ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်သေးခင်အ ချိန် အထူးသဖြင့် ဒုက္ခသည် ပြန်လည်နေရာချထားဖို့ ကိစ္စတွေတောင် ပီပြင်မဖြစ်လာသေးတဲ့အချိန်မှာ ပြည်သူတွေက ဒီဖွံ့ဖြိုး ရေးကြောင့် ပိုပြီး ဒုက္ခရောက်လာနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းအပြင် လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်ကာလအတွင်း ဘိတ်-ထားဝယ်ခရိုင်ဒေသအတွင်းရှိ ဆီအုန်းနှင့် ကျောက်မီး သွေးထုတ်လုပ်မှု နောက်ဆက်တွဲကိစ္စများကြောင့် ဖြစ်ပေါ်လာသည့် လူထုထိခိုက်နစ်နာမှုများအား ထိရောက်စွာ မဖြေရှင်းနိုင် သေးသည့် အချက်များကို ဒေသတွင်း လူမှုအဖွဲ့အစည်းများဘက်က ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။
ထားဝယ်မြို့နယ် ထီးခီးဒေသအတွင်း အကောင်အထည်ဖော်ရန်ရှိသည့် မယ့်သမီးခီး စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်းတွင် အထွေထွေစက်မှုဇုံစီမံကိန်းအတွက် ၂၂၅၇.၂၇ဧက၊ စက်မှုဇုံအိမ်ရာစီမံကိန်း ၂၉၈၆.၆၉ဧက၊ ကုန်ပစ္စည်းသိုလှောင်ရုံအတွက် ၂၅၈ဧကနှင့် သစ်တောဧရိယာစီမံကိန်း ၁၁၇၄.၀၄ဧကတို့ဖြင့် စုစုပေါင်း စီမံကိန်းဧရိယာ အကျယ်အဝန်း ၆၆၇၆ဧကရှိကြောင်း သိရသည်။
ထိုစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်းအပြင် ၎င်းနှင့်ဆက်စပ်ပြီး တနသင်္ာရီမြစ်ပေါ် အကောင်အထည်ဖော်မည့် ပြန်လည် ပြည့်ဖြိုးမြဲ ရေအားလျှပ်စစ်စွမ်းအင်စီမံကိန်း၊ ထိုင်း-မြန်မာနယ်စပ် ထီးခီး-ကနက် လမ်းသစ်ဖောက်လုပ်မှုစီမံကိန်းနှင့် အသေးစား ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းများလည်း ပါဝင်မည်ဟု သိရသည်။
အဆိုပါစီမံကိန်းများအတွက် Sun and Rainbow ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးငွေစိုးနှင့် POWER CHINA International Group Limited ၏ Chief Representative in Myanmar မှ Mr Huang Xiaofeng တို့က နားလည်မှု စာချွန်လွှာ(MoU) လက် မှတ်ရေးထိုးပြီး KNU ဘိတ်-ထားဝယ်ခရိုင်၏ ကုမ္ပဏီတစ်ခုဖြစ်သည့် Noble Prince Co-Ltd ဒါရိုက်တာ စောမိုက်ကယ်က သက် သေပြု လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
ယင်း MoU အခမ်းအနားသို့ တနသင်္ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပြီး လက်မှတ်ရေးထိုးသည့် ကုမ္ပဏီနှစ်ခုအပြင် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် KNU ကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်း၊ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းချပြမှုမရှိခဲ့ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှုရှိရေးအတွက် ဒေသခံများနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်း များက လိုလားနေကြသည်။
Sun and Rainbow ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးငွေစိုးက “အပစ်ရပ်စဲပြီးနောက်ပိုင်းမှာ KNU လို သဘောထားမှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကိုယ်တိုင်ဖန်တီးခွင့်ကို အစိုးရအနေနဲ့ အပြည့်အဝ ရပ်တည်ပေးတယ်ဆိုတဲ့ မက်ဆေ့ချ် ကို အသိပေးချင်တာပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်စေတာမို့လို့ အစိုးရက အားပေးတာပါ။ ဒီစီမံကိန်းအ ကြောင်းကို ဝန်ကြီးချုပ်ကိုယ်တိုင် ဖိုရမ်တွေမှာ ပြောပြပြီးသားဖြစ်သလို သတင်းတွေမှာလည်း ၃ကြိမ်လောက် ပါပြီးသားဖြစ်ပါ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ယခုလက်မှတ်ရေးထိုးခြင်းမှာ ကုမ္ပဏီအချင်းချင်း နားလည်မှုစာချွန်လွှာရေးထိုးခြင်းသာဖြစ်ပြီး ဒေသခံများနှင့် တွေ့ဆုံ မှုများ၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများအပြင် စက်မှုဇုံအတွက် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များကို တိုင်းဒေ သကြီးအစိုးရထံ တင်ပြပြီး အဆင့်ဆင့် ခွင့်ပြုချက်ရယူပြီးမှ လုပ်ငန်းအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဦးငွေစိုးက ဆက် လက် ပြောဆိုသည်။
ကေအဲန်ယူအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အကြီးစားစီမံကိန်းဖော်ဆောင်မှုလုပ်ငန်းများကို နိုင်ငံရေးဆွေး နွေးမှု ပြေလည်မှုရရှိပြီး ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုပြီးသည့်အချိန်မှ စတင် လုပ်ဆောင်ရန် မူဝါဒများ ချမှတ်ထား သော်လည်း လုပ်ထုံးလုပ်နည်းနှင့်ညီညွှတ်ပြီး လူထုအကျိုးစီးပွားသက်ရောက်မှုအပေါ် အခြေခံသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုပေးနေမှုများလည်းရှိကြောင်း သိရသည်။



















