Home သတင်း သျှမ်းပြည်နယ်၏ သဘာဝပတ်ဝန်းကျင်အ‌ခြေအ‌နေကို ကရင်အရပ်ဖက်နှင့်‌ဒေသခံပူး‌ပေါင်းအဖွဲ့သွား‌ရောက် ‌လေ့လာ

သျှမ်းပြည်နယ်၏ သဘာဝပတ်ဝန်းကျင်အ‌ခြေအ‌နေကို ကရင်အရပ်ဖက်နှင့်‌ဒေသခံပူး‌ပေါင်းအဖွဲ့သွား‌ရောက် ‌လေ့လာ

1775

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

သျှမ်း(ရှမ်း)ပြည်နယ်‌တောင်ပိုင်း၊ ‌တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ပင်‌လောင်းမြို့နယ်အ တွင်းရှိ ‌ပေါင်း‌လောင်း‌ရေကာတာနှင့်တီကျစ်‌ကျောက်မီး‌သွေးစက်ရုံတို့၏ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး ‌နေမှု အ‌ခြေအ‌နေများကို ကရင်အရပ်ဖက်နှင့်‌ဒေသခံပူး‌ပေါင်းအဖွဲ့တို့က ဒီဇင်ဘာ ၈ရက်မှ ၁၁ရက်‌နေ့အထိ သွား‌ရောက်‌လေ့လာခဲ့ကြသည်။

‌ပေါင်း‌လောင်း‌ရေကာတာတည်‌ဆောက်ပြီးစီးသွားပြီး‌နောက် ဖြစ်‌ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု၊ ‌ဒေသခံများ၏လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများအပြင် တီကျစ်‌ကျောက်မီး‌သွေးစက်ရုံမှ ထွက်‌ပေါ် လာသည့်‌ဘေးထွက်ဆိုးကျိုးများကို လက်‌တွေ့ကျကျသွား‌ရောက်‌လေ့လာခဲ့ကြသည်ဟု ‌လေ့လာ‌ရေးခရီးစဉ်ကို ဦး‌ဆောင်သူ ကရင်မြစ်‌ချောင်း ‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌စောသာဘိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မြန်မာနိုင်ငံစွမ်းအင်စီမံကိန်းအရ ဟတ်ကြီး‌ရေကာတာကို ၂၀၂၂မှာ အပြီးသတ်လုပ်‌ဆောင်မယ်လို့ ‌ဖော်ပြထား တယ်။ ဒီအတွက် ၂၀၁၇ခုနှစ်မှာစမှဖြစ်မယ်။ အဲ့အတွက်ကို ကရင်ပြည်နယ်က ‌ဒေသခံ‌တွေက စီမံကိန်းရဲ့ ဖြစ်လာမဲ့ သူတို့ရင်ဆိုင်ရမဲ့ အခက်အခဲ‌တွေကို ကိုယ်တိုင်မြင်‌တွေ့သိရှိမှ သူတို့ပိုပြီး ပြင်ဆင်နိုင်မယ်ဖြစ်တယ်” ဟု ‌စောသာဘိုးက ‌ပြောသည်။

၎င်းအပြင် ကရင်ပြည်နယ်၏ ‌ကျောက်မီး‌သွေးစီမံကိန်းမှာ လာမည့် ၂၀၁၇ခုနှစ်အတွင်း အ‌ကောင်အထည်‌ဖော် သွားရန်ရှိသည့်အပြင် ပြည်နယ်အစိုးရမှ အား‌ပေးသည့်ပုံစံရှိသည့်အတွက် ပြည်သူတင်‌မြောက်ထားသည့် အစိုးရကို ‌ဒေသခံများမှ ပိုမို လက်‌တွေ့ကျကျတိုက်တွန်း အကြံပြုသွားနိုင်ရန်အတွက် ရည်ရွယ်ပြီး ယင်း ‌လေ့လာ‌ရေး အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ‌စောသာဘိုးက ဆက်‌ပြောသည်။

အဆိုပါ ‌လေ့လာ‌ရေးခရီးစဉ်၌ ဟတ်ကြီး‌ရေကာတာ စီမံကိန်း၏‌နောက်ဆက်တွဲ ပြဿနာဆိုးကျိုးအများဆုံး ထိ ခိုက်နစ်နာမည့်‌ဒေသခံများ၊ သဘာဝပတ်ဝန်းကျင်နှင့် ‌ဒေသခံပြည်သူလူထု အခွင့်အ‌ရေးကာကွယ်ထိန်းသိမ်း ‌ရေး တက်ကြွလှုပ်ရှာသူများ၊ ‌ကျောင်းသားလူငယ်များ၊ ကရင်မြစ်‌ချောင်း‌စောင့်ကြည့်‌ရေးအဖွဲ့ဝင်များ စုစု‌ပေါင်း ၂၄ဦးပါဝင်သည်။

‌လေးရက်တာ ‌လေ့လာ‌ရေးခရီးစဉ်၌ ဒီဇင်ဘာ
၉ရက်‌နေ့တွင် ‌ပေါင်း‌လောင်း‌ရေကာတာ၏ ‌ရေနစ်မြှုပ်ခံ ‌ကျေးရွာ‌ပြောင်း‌ရွှေ့ခံရသည့် ‌ဒေသခံရပ်မိရပ်ဖများနှင့်‌တွေ့ဆုံကာ ‌ဒေသခံများ၏ ထိခိုက်နစ်နာမှုများ၊ လုပ်ကိုင် စား‌သောက်‌နေရသည့်အ‌ခြေအ‌နေများကို ‌မေးမြန်းပြီး အခြား‌ရေနစ်မြှုပ်ခံ‌ပြောင်း‌ရွှေ့‌ကျေးရွာများသို့ ‌လေ့လာခဲ့ကြသည်။

‌လေ့လာ‌ရေးခရီးတွင် ပါဝင်သူ ဖားအံမြို့နယ်၊ ‌ကော့ရင်းအထက် ‌တောင်းကုန်း‌ဒေသခံ ‌စောဇာလီက“ ‌ပေါင်း ‌လောင်း‌ရေကာတာ ကို‌ရောက်‌တော့ အဲ့ဒီက ‌ဒေသခံ‌တွေခံစား‌နေရတဲ့ ဆိုးကျိုး‌တွေကို လက်‌တွေ့ကျကျ မြင် ‌တွေ့လိုက်ရတယ်။ ကျ‌နော်တို့‌ဒေသ‌တွေမှာ ‌ရေကာတာ‌ဆောက်ဖို့က စီမံကိန်းက ရှိ‌နေပြီးသားဆို‌တော့ ဒါကို အချိန်မီ မကန့်ကွက် နိုင်ဘူးဆိုရင် ‌ပေါင်း‌လောင်း‌ဒေသခံ‌တွေ လက်‌တွေ့ကျကျခံစားရသလို ကျ‌နော်တို့လည်းအများကြီး ကြုံ‌တွေ့သွားရနိုင် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကရင်‌လေ့လာ‌ရေးအဖွဲ့သည် ဒီဇင်ဘာ ၁ဝရက်‌နေ့တွင် တီကျစ်မြို့ရှိ တီကျစ်‌ကျောက်မီး‌သွေး စက်ရုံမှထွက် ‌ပေါ်လာသည့် ‌ဘေးထွက်ဆိုးကျိုးများနှင့် ‌ဘေးထွက်ဆိုးကျိုးခံရသည့် ‌ဒေသခံပြည်သူအချို့နှင့်‌တွေ့ဆုံကြကာ ‌ကျောက်မီး ‌သွေးစက်ရုံ‌ကြောင့် ၎င်း‌ဒေသခံများကြုံ‌တွေ့‌နေရသည့် ကျန်းမာ‌ရေး၊ လူမှု‌ရေးနှင့် စားဝတ်‌နေ‌ရေး အ‌ခြေအ‌နေများကို ‌မေးမြန်းခဲ့ကြသည်။

‌ပေါင်း‌လောင်း‌ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၅ ခုနစ်တွင် စတင်တည်‌ဆောက်ခဲ့ပြီး ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ‌ရေကာတာ တည်‌ဆောက်မှုအပိုင်း ပြီးစီးခဲ့သည်။ ‌ပေါင်း‌လောင်း ‌ရေအားလျှပ်စစ် စီမံကိန်း ဧရိယာအနီးဝန်းကျင် ရှိ ‌ရေလွှမ်းမိုးနိုင်သည့် ရွာ‌ပေါင်း ၂၃ရွာမှ လူဦး‌ရေ ၁‌သောင်း‌ကျော်သည် ၂၀၁၃ခုနှစ်၊ ဩဂုတ်လတွင် စတင် ‌ပြောင်း‌ရွှေ့ခံခဲ့ရခြင်းဖြစ်သည်။ ‌ရွှေ့‌ပြောင်းခံရသည့် ‌ကျေးရွာ ၂၃ ရွာတွင် ‌နေထိုင်ကြသူများမှာ ပ‌လောင်၊ ပအိုဝ်း၊ ကယန်း၊ ကရင်နှင့် ဗမာအများစု ဖြစ်ကြပြီး ‌တောင်ယာနှင့် လယ်လုပ်ငန်းကို လုပ်ကိုင်‌နေကြသူများဖြစ်ကြ သည်။

၎င်းအပြင် တီကျစ်‌ကျောက်မီး‌သွေးစက်ရုံတည်‌နေရာကို ၁၉၈၉ခုနှစ် စတင်‌တွေ့ရှိခဲ့ပြီး ၂၀၀၁ခုနှစ်တွင် နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ(နအဖ) အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်‌မောင်‌အေးမှ ‌မြေဧက ၁၀ဝခန့်စတင်သိမ်းယူရန်အမိန့်‌ပေးခဲ့ပြီး ၂၀၀၂ခုနှစ်တွင် စတင် ပြင်ဆင်တူး‌ဖေါ်ကာ ၂၀၀၅ခုနှစ်တွင် ဓာတ်အား ‌ပေးစက်ရုံတည်‌ဆောက်ပြီးစီးခဲ့သည်။ ၎င်းစီမံကိန်း‌ကြောင့် စီမံကိန်း၏ (၅)မိုင် ပတ်လည်ဝန်းကျင်ရှိ‌ကျေးရွာ ၂၅ရွာမှ လူထုတစ်‌သောင်း‌ကျော်မှာ ‌ရေထု၊ ‌လေထုညစ်ညမ်းမှု ဆိုးကျိုးများကို ကြုံ‌တွေ့ခံစား‌နေရသည်ဟု ‌ပြောဆိုကြသည်။