Home သတင်း ပြည်နယ်အတွင်း ‌မြေယာပြဿနာ ‌ဖြေရှင်းရာတွင် အ‌ထောက်အကူပြု‌ရေး အစီရင်ခံစာထုတ်ပြန်

ပြည်နယ်အတွင်း ‌မြေယာပြဿနာ ‌ဖြေရှင်းရာတွင် အ‌ထောက်အကူပြု‌ရေး အစီရင်ခံစာထုတ်ပြန်

1694

နိုဝင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း ၁၉၈၈ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌မြေယာအသိမ်းခံထားရမှုများကို လက်ရှိ အစိုးရက ‌မြေယာပြဿနာ‌ဖြေရှင်းရာတွင် အ‌ထောက်အကူပြု‌ရေးအတွက် တိုင်းရင်းသားအရင်းအမြစ်စီမံကိန်းအဖွဲ့(EPRP)နှင့် ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများ ပူး‌ပေါင်းပြုစုထားသည့် ‘ ဇွဲကပင်သက်‌သေ ဒို့ယာ‌မြေ’ ‌ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်‌စောင် ကို နိုဝင်ဘာလ ၁ရက်‌နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါအစီရင်ခံစာကို ပြည်နယ်အတွင်း ‌မြေယာ သိမ်းဆည်းခံရမှုများ‌ကြောင့် ‌ဒေသခံများ ဆုံးရှုံးနစ်နာရမှု အ‌ခြေအ‌နေများကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိပြီး အချိန်မှီ‌ဖြေရှင်း‌ပေးရန်နှင့် ဦး‌ဆောင်‌ဖြေရှင်းမည့် လက်ရှိ အစိုးရအတွက် အ‌ထောက်အကူ ပြုရန် ရည်ရွယ်၍ ပြုစုထုတ်ပြန်ခြင်းဖြစ်သည်ဟု EPRP အဖွဲ့မှ လက်‌ထောက်အစီအစဉ်တာဝန်ခံ ‌စော‌နေသားက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အစီရင်ခံစာထဲမှာပါတဲ့ အချက်‌တော်‌တော်များများကို ပြည်နယ်အစိုးရထံ ပို့ထားပြီးပါပြီး။ ဒီအစီရင်ခံစာထုတ် လိုက်တယ်ဆိုတာက အထူးသဖြင့် ‌မြေယာကိစ္စကို ဦးစား‌ပေး‌ဆောင်ရွက်‌နေတဲ့ ဒီအစိုးရသစ်လက်ထက်မှာ အခုလိုစုစည်းထား တဲ့ အချက်အလက်‌လေး‌တွေက သူတို့ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမှာ အတိုင်းအတာတခုထိ အ‌ထောက်အကူပြုဖို ့ ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု နိုဝင်ဘာလ ၂ရက်‌နေ့က ‌ပြောသည်။

ယင်းအစီရင်ခံစာထဲတွင် ကရင်ပြည်နယ်မှ မြို့နယ် (၇)မြို့နယ်ရှိ ‌မြေသိမ်းဆည်းခံရသည့် ‌ကျေးရွာ ၄၇ရွာတွင် ‌မြေယာသိမ်း ဆည်းခံရမှုဖြစ်စဉ် လက်ရှိအ‌ခြေအ‌နေ၊ သုံးသပ်ချက်နှင့် အစိုးရသစ်အ‌ပေါ် အကြံပြုချက်များကို အစီရင်ခံစာတွင် ထည့်သွင်း ထားသည်။

ထို့အပြင် ပြည်နယ်အတွင်း ‌မြေယာသိမ်းဆည်းမှုများမှာ တပ်မ‌တော်မှ သိမ်းဆည်းခြင်း၊ စီမံကိန်းအတွက် သိမ်းဆည်းခံရခြင်း၊ မသမာမှုဖြင့် သိမ်းဆည်းခြင်းနှင့် ကုမ္ပဏီများသိမ်းဆည်းခြင်း စသည့်အ‌ကြောင်းရင်းများ‌ကြောင့် ‌ဒေသခံများထံမှ အတင်းအဓမ္မ သိမ်းယူထားမှုများဖြစ်သည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြထားသလို ‌မြေယာများကို ပြန်လည်စွန့်လွှတ်ရာတွင် တိကျ‌သော မူဝါဒ တစ်ရပ် ပြဋ္ဌာန်းပြီး စွန့်လွှတ်မှုမပြုခဲ့သဖြင့် မူလ သိမ်းဆည်းခံရသူများလက်ဝယ်သို့ ပြန်မရသည်များလည်း ရှိသည်ဟု အစီရင်ခံ စာတွင် ‌ဖော်ပြထားသည်။

အလားတူ ‌မြေယာသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ အစိုးရအဆက်ဆက်က ‌ဖြေရှင်းရာတွင် ‌အောက်‌ခြေအထိ ကွင်းဆင်းစစ် ‌ဆေးခြင်းမရှိဘဲ အ‌ပေါ်ယံအလွယ်တကူ ‌ဖြေရှင်းခဲ့သည့်အတွက် ‌အောက်‌ခြေ‌ဒေသခံများသာ ထိခိုက်မှုဖြစ်ခဲ့ရသည်ဟု အစီရင်ခံ စာ ကွင်းဆင်း‌ကောက်ယူရာတွင် ပါဝင်သူ ကရင်လူငယ်ကွန်ရက်(KYN)မှ ‌စော‌အောင်ဆန်းဦးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ အချက်အလက်‌တွေ သွား‌ရောက်‌ကောက်ယူတဲ့အချိန်မှာ ‌ဒေသခံအများစုက ‌ကြောက်ရွံ့မှု‌တွေ များတယ်။ သူတို့ဖြစ် ချင်တာကို ‌ပြောမရဲဘူး။ ပြီး‌တော့ တာဝန်ရှိသူ‌တွေက ‌ဖြေရှင်းမှု‌တွေလုပ်ရင် တာဝန်ရှိသူ‌တွေ ကိုယ်တိုင်မလာဘဲ တစ်ဆင့်ခံလာ တာများတယ်။ ဒါ‌ကြောင့် ‌ဒေသခံပဲ နစ်နာတယ်။ အခု အစိုးရသစ် ကိုင်တွယ်ချိန်မှာ အရင်လို‌တော့ မဖြစ်‌စေချင်ဘူးလို့ အကြံပြု ချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါအစီရင်ခံစာကို ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့များဖြစ်သည့် ကရင်လူငယ်ကွန်ရက်၊ သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေး ကွန်ရက်၊ ဆာမူ‌ထော်အဖွဲ့၊ WON (Kayin) အဖွဲ့၊ ‌ခေါင်ဆူလိုင့်အဖွဲ့၊ ဟူးဖိုက‌ပေါ်အဖွဲ့၊ ကရင်ပွင့်လင်းအဖွဲ့နှင့် ဖာပွန်၊ လှှိုင်းဘွဲ၊ ကမ‌မောင်း စသည့်‌ဒေသခံ တက်ကြွလှုပ်ရှားသူများကပါ ၂၀၁၆ခုနှစ်၊ ဧပြီလမှ ‌မေလအထိ ကွင်းဆင်းကာ အချက်အလက် စု‌ဆောင်းပြုစု ထုတ်ပြန်ခြင်းဖြစ်‌ကြောင်း အစီရင်ခံစာ ဦး‌ဆောင်ပြုစုသူများထံမှ သိရသည်။