Home သတင်း မျက်စိကုသမှုကိစ္စ နယ်လုံဝန်ကြီး အ‌ကြောင်းကြားစာအ‌ပေါ်နှစ်ဖက် ပြန်လည်‌ဆွေး‌နွေးညှိနှိုင်းမည်ဟု ‌ကေအဲန်ယူ‌ပြော

မျက်စိကုသမှုကိစ္စ နယ်လုံဝန်ကြီး အ‌ကြောင်းကြားစာအ‌ပေါ်နှစ်ဖက် ပြန်လည်‌ဆွေး‌နွေးညှိနှိုင်းမည်ဟု ‌ကေအဲန်ယူ‌ပြော

1998

နိုဝင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

သံ‌တောင်မြို့သစ်တွင် ‌ဒေါက်တာ‌နေဆဲ ဦး‌ဆောင်ကာ ‌ဒေသခံများအား မျက်စိကုသ‌ပေးမှုကိစ္စကို ကရင်ပြည်နယ်၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာ(နယ်လုံ)ဝန်ကြီးဋ္ဌာနရုံးမှ အသိ‌ပေး အ‌ကြောင်းကြားစာ ‌ပေးပို့မှုနှင့်ပတ်သက်၍ နားလည်မှု မလွှဲမှား‌စေရန် နှစ်ဦး နှစ်ဘက်က ပြန်လည်‌ဆွေး‌နွေးညှိနှိုင်းသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဆက်ဆံ‌ရေးရုံးတာဝန်ခံတစ်ဦးက နိုဝင် ဘာလ ၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

သံ‌တောင်မြို့၊ အမှတ် ၃ရပ်ကွက်ရှိ ‌ပေ‌လေ‌ဝေ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရား‌ကျောင်း၌ ‌ဒေါက်တာ‌နေဆဲပါ အဖွဲ့ဝင် ၁ဝဦးက ‌အောက်တိုဘာလ ၂၅ရက်‌နေ့တွင် ‌ဒေသခံပြည်သူများအား မျက်စိကုသ‌ပေးသည့်ကိစ္စအ‌ပေါ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၏ အသိ‌ပေးအ‌ကြောင်းကြားစာတစ်‌စောင် ‌အောက်တိုဘာ ၂၇ရက် ‌နေ့စွဲဖြင့် ဖားအံမြို့ရှိ KNU ဗဟိုနှင့် တပ်မဟာများ ဆက်ဆံ‌ရေးရုံးသို့ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအ‌ပေါ် KNU ဆက်ဆံ‌ရေးရုံး တာဝန်ခံတစ်ဦးက “ဒီကိစ္စက အစိုးရဖက်က သူတို့လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်သွား တာပါ။ ကျ‌နော့်ဘက်က‌တော့ ပြဿနာမရှိပါဘူး။ မျက်စိကုသတဲ့အဖွဲ့ကလည်း ကျ‌နော်တို့ KNU အဖွဲ့မဟုတ်‌တော့ ဒီကိစ္စကို ကျ‌နော်တို့လည်းမသိ ဖြစ်‌နေပါတယ်။ ကျ‌နော်တို့လုပ်တဲ့အရာ‌တွေ‌တော့ အစိုးရကို ကြိုတင် အသိ‌ပေး‌လေ့ရှိပါတယ်။”ဟု ‌ပြော သည်။

၎င်းအသိ‌ပေးအ‌ကြောင်းကြားစာတွင် ယခုလို‌ဆေးကုသ‌ပေးသည့် အစီအစဉ်နှင့်ပတ်သက်၍ KNU အ‌နေဖြင့် သက်ဆိုင်ရာ အုပ် ချုပ်‌ရေးအဖွဲ့သို့ ကြိုတင် အသိ‌ပေး ခွင့်ပြုချက်ရယူရန်လိုသည့်အ‌ကြောင်းနှင့် ‌နောင် အလားတူကိစ္စရပ်များတွင် ယခုလို ထပ်မံ လုပ်‌ဆောင်ရန်ရှိပါက သက်ဆိုင်ရာသို့ ကြိုတင်အသိ‌ပေး ခွင့်ပြုချက်ရယူရန်ဟူ၍ ‌ဖော်ပြပါရှိသည်။

သံ‌တောင်မြို့တွင် သွား‌ရောက် မျက်စိကုသ‌ပေးသည့် ‌ဒေါက်တာ‌နေဆဲ ဦး‌ဆောင်သည့် အဖွဲ့ဝင် ၁ဝဦးသည် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ဗဟို စစ်ဋ္ဌာနချုပ်မှ ‌စေလွှတ်လိုက်သည့်အဖွဲ့ဖြစ်သလို ‌ထောက်ခံချက်စာ အပြည့်အစုံ ပါရှိ သည့်အဖွဲ့ဖြစ်သည်ဟု ‌ကေအဲန်ယူ၊ ‌တောင်ငူခရိုင်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ‌ပြောဆိုသည်။

အဆိုပါအဖွဲ့သည် မျက်စိကုသ‌ပေးမှု အစီအစဉ်ကို သံ‌တောင်မြို့သစ် ‌ဒေသခံ မျက်စိ‌ဝေဒနာရှင်‌ပေါင်း ၇၀‌ကျော်ကို သုံးရက်အ တွင်း စမ်းသပ်ကုသ‌ပေးခဲ့ပြီး‌နောက် သံ‌တောင်မြို့၏ အခြားတစ်‌နေရာ၌ မျက်စိကုသမှု အစီအစဉ်ကို ဆက်လက် ‌ဆောင်ရွက် လျှက်ရှိ‌ကြောင်း သိရသည်။ ၎င်းအဖွဲ့သည် KNLA ဗဟိုစစ်ဖက်ဋ္ဌာန၏ ဦး‌ဆောင်မှုဖြင့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖားအံခရိုင်များအတွင်းရှိ မျက်စိတိမ်စွဲ‌ဝေဒနာရှင်များအား ခွဲစိပ်ကုသ‌ပေးရာတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ယ‌နေ့အ ထိ လူနာ‌ပေါင်း ၇၀၀‌ကျော်ကို ခွဲစိပ်ကုသ‌ပေးပြီးဖြစ်‌ကြောင်း သိရသည်။

(‌ကေအဲန်ယူ)သည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘော တူစာချုပ် (အဲန်စီ‌အေ)ကို အခြားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့နှင့်အတူ လက်မှတ်‌ရေးထိုးခဲ့ပြီး လက်မှတ်ထိုးသည့်‌နေ့မှာပင် အစိုးရ ဘက်က တရားမဝင် အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ထားခဲ့ပြီး ဖြစ်သည်။

NCA စာချုပ်ပါ နှစ်ဖက်လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့် ဝတ်များ။ အခန်း (၂) အရပ်သားပြည်သူနှင့် ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၏ (ဈ)အရ လူတစ် ဦးချင်း၏ ကျန်းမာ‌ရေးဆိုင်ရာ အခွင့်အ‌ရေးများကို ထိခိုက်‌စေခြင်း၊ အများပြည်သူနှင့် သက်ဆိုင်‌သော ကျန်းမာ‌ရေး အ‌ထောက် အကူပြု ပစ္စည်းများ၊ ဥပ‌ဒေအရ ခွင့်ပြုထားသည့် အများပြည်သူများအတွက် ‌ဆေးဝါးများ သယ်ယူပို့‌ဆောင်ခြင်းနှင့် ကျန်းမာ‌ရေး ဝန်ထမ်းများ၏ လုပ်ငန်း‌ဆောင်ရွက်မှုများကို ‌နှောက်ယှက်ဟန့်တားခြင်းများ မပြုလုပ်ရဟူ၍ ‌ဖော်ပြထားသည်။