Home သတင်း သျှမ်းပြည်စစ်‌ရေးပဋိပက္ခတွင် အစိုးရအ‌နေဖြင့် ‌စေတနာမှန်ဖို့လို‌ကြောင်း DKBA (ခွဲထွက်)အဖွဲ့ ထုတ်ပြန်‌ပြောဆို

သျှမ်းပြည်စစ်‌ရေးပဋိပက္ခတွင် အစိုးရအ‌နေဖြင့် ‌စေတနာမှန်ဖို့လို‌ကြောင်း DKBA (ခွဲထွက်)အဖွဲ့ ထုတ်ပြန်‌ပြောဆို

1932

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

သျှမ်းပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်စပ်လျဉ်းပြီး အစိုးရအ‌နေဖြင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေမှု များတွင် အားလုံးပါဝင်နိုင်‌ရေး စိတ်ရင်း‌စေတနာမှန်ပြသရန် မရှိခြင်း‌ကြောင့်ဟု တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ် မ‌တော်-DKBA (ခွဲထွက်)အဖွဲ့က ယ‌နေ့ (နိုဝင်ဘာ ၂၄)ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်၍ ‌ပြောဆိုလိုက်သည်။

လက်ရှိ သျှမ်းပြည်နယ်အ‌ရှေ့‌မြောက်‌ဒေသရှိ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း လက်နက်ကိုင်ပဋိပက္ခများကို အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဋ္ဌာန(NRPC)မှ နိုဝင်ဘာလ ၂၃ရက်‌နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ‌ကြေညာချက် အ‌ပေါ်အ‌ခြေခံပြီး DKBA (ခွဲထွက်) အဖွဲ့က ယခုလို သ‌ဘောထားထုတ်ပြန် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

DKBA ခွဲထွက်အဖွဲ့၏ ‌ပြောခွင့်ရသူ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာမှာ အားလုံးပါဝင်‌ရေးဆိုပြီး အသံ ‌ကောင်းဟစ်ထား‌ပေမယ့်လို့ အားလုံးပါဝင်‌အောင် မလုပ်နိုင်ခဲ့ဘူး။ ကျ‌နော်တို့အတွက် ဖွင့်‌ပေးတယ်ဆိုတဲ့ ငြိမ်းချမ်း‌ရေးတံခါး ဆို တာကလည်း အ‌ပေါက်ကျဉ်းတယ်ဗျ။ ငြိမ်းချမ်း‌ရေးအတွက် ရိုးသားစစ်မှန်တဲ့စိတ်နဲ့ မလုပ်‌ပေးဘူးဆိုရင် ‌သေနတ်သံ‌တွေက ဆက်‌ပေါက်‌နေမှာပဲဖြစ်တယ်”ဟု ‌ပြောသည်။

(NRPC)၏ နိုဝင်ဘာလ ၂၃ရက်‌နေ့ ထုတ်ပြန်ချက်အရ ‌ရေရှည်တည်တံ့သည့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်နိုင်ရန် ၂၁ရာစုပင်လုံညီ လာခံသည် တစ်ခုတည်း‌သော လမ်း‌ကြောင်းဖြစ်သလို ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်‌ရေးအ တွက် ငြိမ်းချမ်း‌ရေးတံခါး အစဉ်အမြဲဖွင့်လှစ်ထား‌ကြောင်းနှင့် တန်းတူညီတူပါဝင်နိုင်‌ရေး ကြိုဆိုဖိတ်‌ခေါ်လျှက်ရှိ‌ကြောင်း ‌ဖော်ပြ ထားသည်။

ယင်း‌ဖော်ပြချက်နှင့်ပတ်သက်၍ ပင်လုံညီလာခံနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုများတွင် ပါဝင်နိုင်‌ရေးအတွက် ကြိုးပမ်းမှုများရှိခဲ့ ‌သော်လည်း အ‌ကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိသည့်‌နောက်ဆုံး ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းကို အ‌ခြေခံကာ DKBA (ခွဲထွက်)အဖွဲ့က ‌ထောက်ပြ‌ပြောဆိုခြင်းဖြစ်သည်။

“အားလုံးပါဝင်နိုင်‌ရေးဆို‌တော့ ပင်လုံမတိုင်ခင် ကျ‌နော်တို့လည်း ပါဝင်ချင်တယ်ဆိုပြီး နှုတ်အားဖြင့်‌ရော၊ တရားဝင်စာ ပို့ပြီး‌တော့ ‌ရော လုပ်‌ဆောင်ခဲ့တာ‌တွေရှိတယ်။ ဘာမှလည်း အ‌ကြောင်းမထူးဘူး၊ အ‌ကြောင်းပြန်တာလည်း မရှိဘူး။ ‌ခွေးက‌လေးခုန်လို့ ဖုန် မထဘူးဆိုတာမျိုး ကျ‌နော်တို့ခံစားရတာ‌ပေါ့ဗျာ”ဟု ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ဆက်လက်‌ပြောဆိုသည်။

DKBA (ခွဲထွက်)အဖွဲ့အ‌နေဖြင့် ၂၁ ပင်လုံညီလာခံတက်‌ရောက်နိုင်‌ရေးအတွက် ပြီးခဲ့သည့် ဇွန်လ ၁၂ရက် ‌နေ့စွဲဖြင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး(‌ဆွေး‌နွေးမှု) ပူးတွဲ‌ကော်မတီ UPDJC ထံ စာ‌ရေးသား‌ပေးပို့ခဲ့‌သော်လည်း ထူး ခြားမှုမရှိသဖြင့် စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ အစိုးတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်(BGF)တပ်များနှင့် ကရင်ပြည်နယ်အ တွင်း တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။

အလားတူ လက်ရှိသျှမ်းပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများမှာ မြန်မာတပ်မ‌တော်ဘက်မှ အင်အား တိုးမြှင့်တိုက်ခိုက် မှုများ ဆက်လက် လုပ်‌ဆောင်‌နေသည့်အတွက် အဆိုပါစစ်‌ရေးနည်းဖြင့် ဖိအား‌ပေးမှုများကို တုံ့ပြန်တိုက်ခိုက်ခြင်းသာဖြစ် ‌ကြောင်း တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့ ပါဝင်သည့် ပူး‌ပေါင်းတပ်ဖွဲ့များဘက်မှ နိုဝင်ဘာလ ၂၁ရက်‌နေ့တွင် သ‌ဘောထား ထုတ်ပြန်ထားခဲ့သည်။

နိုဝင်ဘာလ ၂ဝရက်‌နေ့မှစတင်ကာ သျှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်၊ မူဆယ်ရှိ တပ်စခန်း၊ ရဲစခန်းများနှင့် ၁၀၅မိုင် ကုန်သွယ် ‌ရေးစခန်းများအား KIA၊ MNDAA၊ TNLA နှင့် AA တို့ ပူး‌ပေါင်းတပ်ဖွဲ့များ ဝင်‌ရောက်စီးနင်း တိုက်ခိုက်မှုဖြစ်ပွားရာမှ မြန်မာ့တပ်မ ‌တော်နှင့် ယခုအချိန် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ပြီး အရပ်သား အပါအဝင် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင် ထုတ်ပြန်‌ကြေညာခဲ့သည်။