Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

2370

‌ကျောင်းဆက်တက်မည့် ကရင်လူငယ်‌ကျောင်းအုပ်တစ်ဦး၏ အစ္ဈတ္တကို တူးဆွကြည့်ရာဝယ်………. ။

ကံ့‌ကော်ပညာ‌ရေးစင်တာမှ ‌ကျောင်းအုပ်တာဝန်ကို ထမ်း‌ဆောင်‌နေ‌သော ‌ကော့ကရိတ်မြို့နယ်၊ ခနိမ်း‌ဖေါ်ရွာသားဖြစ်သူ ‌စောခိုင် သက်ထွန်းနှင့် စကားစမြည် ‌ပြောဖြစ်ရာတွင် မျိုးဆက်သစ် ကရင်လူငယ်များ၏ အနာဂတ်ကို ပညာအလင်း ထွန်းညှိ‌ဆောင် ကြဉ်း‌ပေးချင်သည့် သူ့အာသီသ၊ သူ့ဆန္ဒနှင့် ‌ပေးဆပ်လို‌သော အတွင်းစိတ် သ‌ဘောထားကို သိရှိခဲ့ရသည်။ အမျိုးသားဘက်စုံ တိုးတက်ဖွံ့ဖြိုးနိုင်‌ရေးအတွက် အခန်းကဏ္ဍများစွာ ရှိသည့်အနက် “ပညာ‌ရေး” အခန်းကဏ္ဍသည်လည်း အဓိကကျဆုံး အခန်း ကဏ္ဍဖြစ်‌ကြောင်း စင်ကာပူနိုင်ငံကို အမှီသဟဲပြုပြီး သူ ‌ပြောခဲ့သည်။

“အမျိုးသား‌ရေးအတွက် အ‌ကောင်းဆုံး စွမ်း‌ဆောင်‌ပေးနိုင်ဖို့ မိမိကိုယ်ကို အရင်ပြုစုပျိုး‌ထောင်ဖို့ လိုပါမယ်။ ဒီလို ကိုယ့်ကိုယ်ကို ပြုစုပျိုး‌ထောင်တဲ့‌နေရာမှာ ပညာ‌ရေးကလည်း အခရာကျပါတယ်။ ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုသလို ပညာတတ်အများစုနဲ့ လူမျိုးဟာ ‌အောက်ကျ‌နောက်ကျ မဖြစ်‌တော့ဘူး‌ပေါ့။ စင်ကာပူနိုင်ငံက သာဓကပါ။”

‌စောခိုင်သက်ထွန်းသည် ၂၀၀၆ခုနှစ်တွင် ဖားအံတက္ကသိုလ်၌ B.Sc သိပ္ပံဘွဲ့နှင့် ထိုင်းနိုင်ငံ Ramkhamhaeng University မှ Master of Education in Educational Administration ဘွဲ့များကို ၂၀၁ဝတွင် ရယူခဲ့သည်။ ၎င်း‌နောက် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် “ထင်းလ်ုယာ့(‌ထောင်းလယာ့=‌ရှေ့သို့ချီ)” ပညာ‌ရေးစုစည်းရာ‌ကျောင်းကို သူငယ်ချင်းတစ်ဦးနှင့်အတူ တည် ‌ထောင်ခဲ့ပြီး ‌ကျောင်းအုပ်အဖြစ် စတင် တာဝန်ယူခဲ့သည်။ ၎င်း‌နောက် ‌ထောင်းလယာ့‌ကျောင်းအုပ်တာဝန်ကို ဆရာမတစ်ဦးနှင့် လွှဲ‌ပြောင်းခဲ့ပြီး ရန်ကုန်မြို့၊ ကံ့‌ကော်ပညာ‌ရေးစင်တာတွင် ‌ကျောင်းအုပ်အဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

“ကံ့‌ကော်မှာ‌တော့ လူမျိုးစုံ၊ ဘာသာစုံ၊ ‌နေရာစုံတယ်၊ IDPs, refugee and migrant school က က‌လေး‌တွေကိုလည်း လက်ခံ တယ်၊ အ‌တွေ့အကြုံနဲ့ ပညာကိုလိုချင်လို့ ဒီတာဝန်ကို လက်ခံခဲ့တာလည်း ဖြစ်တယ်။ ကျ‌နော့်ရဲ့ ‌နောက်ထပ် အိပ်မက်တစ်ခု ဖြစ်တဲ့ PhD အတွက် ကြိုတင်ပြင်ဆင်ဖို့ အ‌ထောက်အကူလည်း ဖြစ်‌စေခဲ့ပါတယ်။”

ယခုလက်ရှိအချိန်တွင် ‌ကျောင်းအုပ်‌စောခိုင်သက်ထွန်းသည် မိမိတာဝန်မှ နှုတ်ထွက်စာတင်ခဲ့ပြီး ပြည်သူ့‌ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့အတွက်(PhD in the Doctoral Program in Public Administration) ပညာဆက်လက်သင်ကြားရန် College of Local Administration, khon kaen University in Thailand ကို ‌ရွေးချယ်ကာ ၂၀၁၇မှ ၂၀၁၉အထိ သုံးနှစ်ကြာ တက်‌ရောက် သင်ကြားရမည်ဟု ဆိုသည်။ ထိုသို့ တက်‌ရောက်သင်ကြားနိုင်ရန် မိသားစုကိုလည်း အချိန် (၁)နှစ်‌ကျော်ကြာ စည်းရုံးခဲ့ရ ‌ကြောင်းလည်း ‌စောခိုင်သက်ထွန်းက ရင်ဖွင့်ခဲ့ပါသည်။

“စဉ်းစားစရာ‌တွေကများ‌တော့ ထိုင်းကိုပဲ ‌ရွေးခဲ့တယ်။ ထိုင်းမှာက ‌ဆွေမျိုး‌တွေ၊ ကရင်အဖွဲ့‌တွေရှိတယ်၊ ကရင်‌တွေကို ကူညီခွင့်ရှိ တယ်။ အ‌ဖေ ‌နေမ‌ကောင်းရင် မြန်မာပြည်ကို အလွယ်တကူ ပြန်လာနိုင်သလို မိသားစုအ‌ရေးဆိုလည်း သွားရလာရ ပိုနီးပါ တယ်။ ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ကိုယ်ပိုင်အချိန်‌တွေရှိသမျှ လူငယ်ပညာ‌ရေးအတွက် ‌ခြောက်နှစ်‌ကျော် လုပ်‌ဆောင်‌ပေးခဲ့ပြီး ဖြစ်ပါ တယ်၊ ဒီ‌နောက်မှာ‌တော့ လိုအပ်ချက်အရ ပညာဆက်လက်သင်ယူဖို့ မိသားစုကို အချိန်တစ်နှစ်‌ကျော်ယူပြီး စည်းရုံးခဲ့ရတယ်။ အိမ်‌ထောင်ကျပြီး အသက်သုံးဆယ်‌ကျော်မှ ‌ကျောင်းပြန်တက်မယ်ဆို‌တော့ ‌ပြောစရာဖြစ်တာ‌ပေါ့။ ဒါ‌ပေမဲ့ကိုယ့်အိပ်မက်ကို ကိုယ်သာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရမယ်ဆို‌တော့ လုပ်စရာရှိတာ ဆက်လုပ်ရမယ်။ အတိုက်အခံနဲ့ ‌ဝေဖန်မှု‌တွေသာမ က စိန်‌ခေါ်မှု‌တွေက ကျ‌နော့်အတွက် ဝယ်စရာမလို‌သော အား‌ဆေး‌တွေပါ။”

‌စောခိုင်သက်ထွန်းသည် ထိုသို့ ပါရဂူဘွဲ့ကို ရယူပြီးသည့်‌နောက် အနာဂတ်လူငယ်များအတွက် သူ ‌ဆောင်ရွက်‌ပေးချင်တာက ‌တော့ “အနာဂတ်မှာ ကရင်ပြည်နယ်ထဲ Community College တည်‌ထောင်‌ပေးချင်တယ်။ တို ့လူငယ်‌တွေအတွက်‌ပေါ့။ ‌လော ကကြီးကို ‌ကျောမခိုင်းခင် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအတွက် ‌ကောင်းမွန်‌သော အ‌မွေအနှစ်တစ်ခု ထား‌ပေးချင်တယ်။ အနာ ဂတ်လူငယ်‌တွေအ‌ပေါ် သ‌ဘောထားကြီးစွာနဲ့ ‌ဆောင်ရွက်‌ပေးချင်ပါတယ်။”
(‌စောဒါးဒါးဘူက ‌ရေးသား‌ပေးပို့လာခြင်းဖြစ်သည်)