Home သတင်း ပညာ‌ရေးဆိုင်ရာ အခက်အခဲများ ‌ဖြေရှင်းနိုင်‌ရေး KED နှင့် ခရိုင်၊ မြို့နယ်အဆင့် အစိုးရပညာ‌ရေးဋ္ဌာနတို့ ‌ဆွေး‌နွေး

ပညာ‌ရေးဆိုင်ရာ အခက်အခဲများ ‌ဖြေရှင်းနိုင်‌ရေး KED နှင့် ခရိုင်၊ မြို့နယ်အဆင့် အစိုးရပညာ‌ရေးဋ္ဌာနတို့ ‌ဆွေး‌နွေး

2093

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

‌ဒေသအတွင်း ကြုံ‌တွေ့‌နေရ‌သော ပညာ‌ရေးဆိုင်ရာ အခက်အခဲများကို ညှိနှိုင်း‌ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကရင်အမျိုးသားအ စည်းအရုံး(KNU)၏ ကရင်ပညာ‌ရေးဋ္ဌာန(KED)နှင့် ကရင်ပြည်နယ် ခရိုင်၊ မြို့နယ်အဆင့် အစိုးရပညာ‌ရေးဋ္ဌာန တာဝန်ရှိသူတို့ ပညာ‌ရေး ကဏ္ဍ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ခုကို နိုဝင်ဘာလ ၁၂ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ‌ကော့က ရိတ်မြို့နယ်ရှိ ‌သေ့‌ဘောဘိုး‌ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

KED အတွင်း‌ရေးမှူး ‌စော‌လောအယ်မှူးက “ကျ‌နော်တို့အ‌နေနဲ့ အစိုးရပညာ‌ရေးဋ္ဌာနနဲ့‌ကော ကျ‌နော်တို့ဘက်က ဆရာ/ဆရာမ ‌တွေ၊ သူတို့ဘက်က ဆရာ/ဆရာမ‌တွေ ‌တွေ့ဆုံနိုင်‌အောင်နဲ့ ဒီပညာ‌ရေးဋ္ဌာနနှစ်ခုကြား ကြုံ‌တွေ့‌နေရတဲ့ အ‌ခြေအ‌နေ အခက်အ ခဲ‌တွေကို မျှ‌ဝေ‌ပေးတာမျိုး၊ ‌နောက်ပြီး အဲ့ဒီအခက်အခဲ‌တွေကို ဘယ်လို‌ဖြေရှင်းကြမလဲ။ အခက်အခဲ‌တွေမဖြစ်‌အောင် နှစ်ဦးနှစ် ဖက်ကြားမှာ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်ကြမလဲ ဆိုတာမျိုးကို ရည်ရွယ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပညာ‌ရေးကဏ္ဍ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ ‌ကော့ကရိတ်ခရိုင် ပညာ‌ရေးဦးစီးမှူး ‌နော်ချစ်‌မေ၊ မြဝတီမြို့နယ် ဒုတိယ ပညာ‌ရေးမှူး ‌စောမင်းထင်တို့ ဦး‌ဆောင်သည့် အစိုးရပညာ‌ရေးဋ္ဌာနတာဝန်ရှိသူများ၊ KED အတွင်း‌ရေးမှူး ‌စော‌လောအယ်မှူး ဦး‌ဆောင်သည့် KED ပညာ‌ရေးဋ္ဌာနမှ ဗဟို၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ‌ဒေသခံ ‌ကျောင်းဆရာ/ဆရာမများနှင့် ‌ကျောင်း‌ကော်မတီများ အပါအဝင် စုစု‌ပေါင်း ၁၅ဝဦး ပါဝင်ခဲ့သည်။

တစ်ရက်တာ‌ဆွေး‌နွေးပွဲတွင် မတူညီသည့် ပညာ‌ရေးမူဝါဒပိုင်းများကို အုပ်စုခွဲပြီး နှီး‌နှောဖလှယ်ခြင်း၊ ‌ရော‌နှောအုပ်ချုပ်သည့် နယ် ‌မြေများရှိ စာသင်‌ကျောင်းများမှ ဆရာ/ဆရာမများ၏ ကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို တင်ပြ‌ဆွေး‌နွေးခြင်းနှင့် ကရင်စာ‌ပေ ကို ‌ကျောင်းချိန်အတွင်း သင်ကြားနိုင်‌ရေး၊ နှစ်ဘက်‌ကျောင်း ဆရာ/ဆရာမအကြား ခွဲခြားဆက်ဆံမှု မရှိ‌စေ‌ရေးနှင့် ပညာ‌ရေး ‌ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စရပ်များကို ‌နောက်တစ်ဆင့် ‌ဆွေး‌နွေးသည့်အခါ ပညာရှင်များ ပါဝင်လာ‌ရေးတို့ကို ‌ဆွေး‌နွေးခဲ့ကြသည် ဟု သိရသည်။

အစုိုးရ ပညာ‌ရေးဋ္ဌာနမှ ‌ကော့ကရိတ်ခရိုင် ပညာ‌ရေးဦးစီးမှူး ‌နော်ချစ်‌မေက “ဒီနှီး‌နှောဖလှယ်ပွဲမှာ ကျမတို့‌တွေ့‌နေရတဲ့ အခက်အ ခဲကို ဝိုင်းဝန်းပြီး‌တော့ ‌ဖော်ထုတ်ကြတယ်။ ‌တွေ့‌နေရတဲ့အခက်အခဲကို ဘယ်လို ဝိုင်းဝန်း‌ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို ရှာကြ တယ်‌လေ။ KED ဘက်က တင်ပြတာက ပြီးခဲ့တဲ့အချိန်‌တွေမှာ သူတို့ အခက်အခဲရှိတယ်ဆို‌ပေမဲ့လည်း အခုပူး‌ပေါင်းတဲ့အခါကျမှ ပိုအခက်အခဲရှိတာကို သူတို့တင်ပြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ပညာ‌ရေးကဏ္ဍ‌တွေ့ဆုံပွဲကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ဒူးပလာယာခရိုင် အပါအဝင် ဖားအံ၊ ‌တောင် ငူ၊ သထုံနှင့် ဘိတ်-ထားဝယ်ခရိုင်များတွင် ယခုလ နိုဝင်ဘာလအတွင်း ‌နေရာ (၇)‌နေရာတွင် ဆက်လက် ပြုလုပ်သွားရန်ရှိပြီး ယခုလ ၈ရက်‌နေ့ကလည်း ဖားအံမြို့၌ KED နှင့် ပြည်နယ်အဆင့် အစိုးရပညာ‌ရေးဋ္ဌာနတို့အကြား ပထမဆုံးအကြိမ် ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲတစ်ခု ပြုလုပ်ခဲ့‌သေးသည်ဟု သိရသည်။

ထို့အပြင် KED နှင့် အစိုးရပညာ‌ရေးဋ္ဌာနတို့အကြားတွင် ‌ကျေးရွာအုပ်စုအလိုက် ၂လတစ်ကြိမ်နှင့် ခရိုင်၊ မြို့နယ်အလိုက်ကို ၆လ တစ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန် လျာထားသည်ဟုလည်း နှစ်ဖက်ပညာ‌ရေး တာဝန်ရှိသူများက ‌ပြောသည်။