Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုင်းအန္တရာယ်ကင်းရှင်းပြီဟု မြို့နယ်ကြက်‌ခြေနီအဖွဲ့ ‌ပြောဆို

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုင်းအန္တရာယ်ကင်းရှင်းပြီဟု မြို့နယ်ကြက်‌ခြေနီအဖွဲ့ ‌ပြောဆို

1599

နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌မြေမြှုပ်မိုင်းအန္တရာယ် မရှိ‌တော့‌ကြောင်း နိုဝင်ဘာလ ၁၂ရက်‌နေ့တွင် ခလယ်-တံခွန်တိုင်တိုက် နယ်၊ တံခွန်တိုင်အထက်တန်း‌ကျောင်း၌ ပြုလုပ်သည့် မိုင်းအန္တရာယ်အသိပညာ‌ပေး ‌ဆွေး‌နွေးပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြက်‌ခြေနီအသင်းမှ တပ်ခွဲမှူး ဦးခင်‌မောင်‌ထွေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ မြန်မာနိုင်ငံကြက်‌ခြေနီအသင်းရဲ့ ဆင်းရဲဒုက္ခ နည်းပါးသက်သာ‌စေတဲ့ အဲဒီရည်ရွယ်ချက်နဲ့ ဒီမိုင်းကလည်း အန္တ ရာယ်တစ်ခုမှာဖြင့် သတ်မှတ်ထားတာ‌ပေါ့။ ပြည်သူလူထု‌တွေရဲ့ အန္တရာယ်နည်းပါး‌အောင် အသိပညာလာ‌ပေးတာ‌ပေါ့။ အခု ‌လော‌လောဆယ် ကြာအင်းဆိပ်ကြီးမှာ‌တော့ မိုင်းအန္တရာယ်မရှိ‌တော့ပါဘူး။ ‌တော်ရုံတန်ရုံ မရှိ‌တော့ဘူး”ဟု တပ်ခွဲမှူး ဦးခင်‌မောင် ‌ထွေးက ‌ပြောသည်။

၎င်းအပြင် မိုင်းအန္တရာယ်ရှိသည့်‌နေရာများတွင် အမှတ်အသား သ‌ကေင်္တများထားရှိခြင်း၊ အသက်အန္တရာယ် ကြုံ‌တွေ့လာပါက ‌ရှေးဦးသူနာပြုစုနည်းများကို သင်ကြား‌ပေးသွားသည့်အပြင် မိုင်း‌ကြောင့် ဒဏ်ရာရရှိသူများကိုလည်း ၎င်းတို့အဖွဲ့မှတစ်ဆင့် ‌တောင်က‌လေး ‌ခြေတု/လက်တု တပ်ဆင်သည့်‌ဆေးရုံသို့ ကူညီပို့‌ဆောင်‌ပေးသွားမည်ဖြစ်သည်ဟုလည်း ဦးခင်‌မောင်‌ထွေးက ‌ဆွေး‌နွေးပွဲတွင် ‌ပြောကြားခဲ့သည်။

အဆိုပါ မိုင်းအန္တရာယ်အသိပညာ‌ပေး ‌ဆွေး‌နွေးပွဲသို့ တိုက်နယ်ကြက်‌ခြေနီအဖွဲ့၊ ခလယ်-တံခွန်တိုင်တိုက်နယ် ‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာ(၁၀)ရွာမှ အုပ်ချုပ်‌ရေးမှူးများ၊ ဂရုဏာရှင်အရပ်ဖက်လူမှုအဖွဲ့၊ တံခွန်တိုင်ရဲတပ်ဖွဲ့၊ ပညာ‌ရေးဝန်ထမ်းများနှင့် ‌ဒေသခံရွာ သားများ အပါအဝင် စုစု‌ပေါင်း (၅၀)နီးပါး တက်‌ရောက်ခဲ့ကြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု၏ အပစ်အခတ်ရပ်စဲ‌ရေးအဆင့် အပြီး ‌နောက်ပိုင်းတွင် ယင်း‌ဒေသ၌ မိုင်းဒဏ်‌ကြောင့် ထိခိုက်မှုများကို မ‌တွေ့ရှိရ‌တော့‌ကြောင်း ‌ဒေသဆိုင်ရာ တာဝန်ရှိသူများကလည်း ‌ပြောဆို‌နေကြသည်။

‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သူ တံခွန်တိုင်အထက်တန်း‌ကျောင်း၏ ‌ကျောင်းအုပ်ဆရာ ဦးမြင့်ထွန်းက “အရင်က နှစ်ဦးနှစ်ဖက် လက် နက်ကိုင်‌တွေ မိုင်း‌ထောင်ထားကြတယ်။ တကယ်တမ်း သူတို့ ရည်ရွယ်သူ‌တွေမထိဘဲ ‌ဒေသခံလူထုကပဲ ထိခိုက်ဒဏ်ရာရတယ်။ မိုင်းနင်းမိလို့ ‌ခြေပြတ်၊ လက်ပြတ် အသက်ဆုံးရှုံးရသူ‌တွေ အများကြီးရှိတယ်။ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်တဲ့‌နောက်ပိုင်း ‌ဒေသအ တွင်း မိုင်းအန္တရာယ်လည်း မကြားရ‌တော့ဘူး”ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၁၉၈ဝခုနှစ် ကာလ‌နောက်ပိုင်း အစိုးရတပ်မ‌တော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အ ကြား စစ်‌ရေးပဋိပက္ခဖြစ်ပွားရာကာလတွင် နှစ်ဖက်တပ်များ၏ ‌မြေမြှုပ်မိုင်းဒဏ်‌ကြောင့် ‌ဒေသခံလူထု အသက်‌ပေါင်းများစွာ ဆုံး ရှုံးမှုများ ရှိခဲ့‌ကြောင်း သိရသည်။

နိုင်ငံတကာ ကြက်‌ခြေနီအဖွဲ့ (ICRC)၏ ‌ထောက်ပံ့‌ငွေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုင်းအန္တရာယ် အသိပညာ‌ပေး ‌ဆွေး‌နွေး ခြင်းလုပ်ငန်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး အလားတူ မိုင်းအန္တရာယ် အသိပညာ‌ပေး‌ဆွေး‌နွေးပွဲကို အခြား‌ကျေးရွာ များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဟု မြို့နယ်ကြက်‌ခြေနီအဖွဲ့က ‌ပြောသည်။