Home သတင်း ဘိလပ်‌မြေစက်ရုံအား ‌ကျောက်မီး‌သွေးဖြင့် အသုံးပြုကိစ္စ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာ‌ရောက်ရှင်းလင်း‌ပေးရန် ‌ဒေသခံများ‌တောင်းဆို

ဘိလပ်‌မြေစက်ရုံအား ‌ကျောက်မီး‌သွေးဖြင့် အသုံးပြုကိစ္စ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာ‌ရောက်ရှင်းလင်း‌ပေးရန် ‌ဒေသခံများ‌တောင်းဆို

2360
‌အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့နယ် အ‌နောက်ဖက်ရှိ တန် ၄၀၀ဝထုတ်၊ မြိုင်က‌လေးဘိလပ်‌မြေစက်ရုံကို ‌ကျောက်မီး‌သွေးဖြင့် ပြန်လည် အသုံးပြုမည့် ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ နန်းခင်‌ထွေးမြင့်ကိုယ်တိုင်က လာ‌ရောက်ရှင်းလင်း‌ပေးရန် ‌အောက်တိုဘာလ ၂၃ရက်‌နေ့က ဖားအံမြို့နယ်၊ ဇရပ်ဖြူဘုန်းကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌ဒေသခံများ‌တွေ့ဆုံပွဲတွင် ‌တောင်းဆိုလိုက်သည်။

အဆိုပါ ဘိလပ်‌မြေစက်ရုံအား ‌ကျောက်မီး‌သွေးဖြင့် ပြန်လည်အသုံးပြုမည့်အ‌ရေးကို ‌ဒေသခံရွာသားများက ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ တစ်ရပ် ထပ်မံ ပြုလုပ်ပြီး‌နောက် ပြည်နယ်ဝန်ကြီးချုပ်ကို ယင်းသို့ ‌တောင်းဆို‌နေကြခြင်းဖြစ်‌ကြောင်း ဇရပ်ဖြူ‌ကျောင်းတိုက် ဆရာ‌တော် အရှင်ဣန္ဒာစာရက ‌ကေအိုင်စီသို့ မြွက်ကြားသည်။

အရှင်ဣန္ဒာစာရက “‌ဒေသခံပြည်သူလူထု‌တွေရဲ့ ဆန္ဒကို ‌ပြောဆိုရှင်းပြဖို့နဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဆန္ဒသ‌ဘောထား‌တွေကို သိချင်တာရယ်ဖြစ်တယ်။ ဒီ‌ကျောက်မီး‌သွေးကိစ္စအ‌ရေးကို ‌ဒေသခံ‌တွေက လုံးဝ လက်မခံတာ‌တွေ့ရတယ်”ဟု မြွက်ကြားသည်။

၎င်း‌ကျောက်မီး‌သွေးစီမံချက်ကို လာမည့် ၂၀၁၇ခုနှစ်၊ ဩဂုတ်လတွင် စတင်အ‌ကောင်အထည်‌ဖော်မည်ဖြစ်ပြီး စက်ရုံတာဝန်ရှိသူ များအ‌နေဖြင့် ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ရရှိရန်အတွက်သာ ကျန်ရှိ‌တော့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရ သည်။

‌ဒေသခံတစ်ဦးဖြစ်သူ မန်း‌ကျော်ထက်ခိုင်ကလည်း “ဝန်ကြီးချုပ်ကိုယ်တိုင် လာ‌ရောက်‌စေချင်တဲ့ကိစ္စက ဒီစက်ရုံ‌ကြောင့် ‌ဒေသခံ ‌တွေရဲ့ လယ်ယာ‌မြေကိစ္စ၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရတဲ့ကိစ္စ‌တွေ၊ ‌နောက် ဒီထက်အ‌ရေးကြီးတာက ‌ကျောက်မီး‌သွေးနဲ့ ပြန် လည်အသုံးပြုမယ့် ကိစ္စ‌တွေကို ‌မေးမြန်းဖို့အတွက် ခုလို‌ဒေသခံ‌တွေ စု‌ပေါင်း ‌တောင်းဆိုလိုက်တာဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ‌အောက်တိုဘာ ၂၃ရက်‌နေ့က ‌ဒေသခံများ ထပ်မံ‌တွေ့ဆုံ‌ဆွေး‌နွေးသည့်ပွဲတွင် အဖွဲ့ဝင် ၂ဝဦးပါဝင်‌သော ‌ကျောက်မီး ‌သွေး ပြန်လည်အသုံးမပြု‌ရေး‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး ယင်း‌ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဦး‌အေးမြင့်၊ ဒုတိယ ဥက္ကဋ္ဌအ ဖြစ် ဦးဘကွာတို့ကို အသီးသီး ‌ရွေးချယ်တင်‌မြှောက်ထားခဲ့ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ဝရက်‌နေ့တွင် ‌ဒေသခံများက ၎င်းတန် ၄၀၀ဝ မြိုင်က‌လေး ဘိလပ် ‌မြေစက်ရုံအား ‌ကျောက်မီး‌သွေးဖြင့် ပြန်လည်အသုံးပြုမည့်ကိစ္စကို ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စု‌ပေါင်းကန့်ကွက်စာ ‌ပေးပို့ခဲ့ပြီးဖြစ်‌သော်လည်း ပြည်နယ်ဝန်ကြီးချုပ်ထံ မှ တစုံတရာ အ‌ကြောင်းပြန်ကြားခြင်းမရှိ၍ ယခုကဲ့သို့ ကိုယ်တိုင်က လာ‌ရောက်ရှင်းလင်း‌ပေးရန် ဝန်ကြီးချုပ်ထံ ထပ်မံ ‌တောင်း ဆိုကြခြင်း ဖြစ်သည်။