Home သတင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်ရန် ကရင်ပြည်သူ့ပါတီ ပြင်ဆင်‌နေ

ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်ရန် ကရင်ပြည်သူ့ပါတီ ပြင်ဆင်‌နေ

1555
‌အောက်တိုဘာ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၇ခုနှစ်၊ ဧပြီ ၁ရက်‌နေ့(စ‌နေ‌နေ့)တွင် ကျင်းပမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ဝင်ပြိုင်ရန် ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)က ပြင်ဆင်‌နေပြီးဟု ပါတီ‌ပြော‌ရေးဆိုခွင့်ရှိသူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌အောက်တိုဘာ ၂ဝ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “ကရင်ပြည်သူ့ပါတီရဲ့ ပုံရိပ်‌ပေါ့‌နော်၊ ‌နောက်ပြီး ကိုယ့်အမျိုးသား‌တွေအတွက် ‌ရှေ့တန်းက‌နေပိုလုပ်‌ပေး ချင်တဲ့စိတ်နဲ့ လာမဲ့ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ဖို့ပါတီက ပြင်ဆင်‌နေတယ်။ ဘယ်မဲဆန္ဒနယ် ‌တွေမှာ ပြိုင်မယ်။ ဘယ်သူ‌တွေကို ပြိုင်ခိုင်းမယ်၊ စတာ‌တွေကို‌တော့ ပါတီဗဟိုအလုပ်အမှု‌ဆောင်အစည်းအ‌ဝေးကျမှ ဆုံးဖြတ်မယ်။ ‌လော‌လောဆယ်‌တော့ ပြင်ဆင်‌နေတာပဲရှိ‌သေးတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ပြီးခဲ့သည့် ‌အောက်တိုဘာ ၁၁ရက်‌နေ့တွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ အတွက် လစ်လပ်‌နေသည့် မဲဆန္ဒနယ်များကို ထုတ်ပြန်‌ကြေငြာခဲ့ရာ ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ် ၉‌နေရာတွင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ‌ကော့မှူးမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့ ပါဝင်သလို အမျိုးသားလွှတ်‌တော် အတွက် လစ်လပ် မဲဆန္ဒနယ် ၃‌နေရာတွင် ပဲခူးတိုင်း‌ဒေသကြီး၊ မဲဆန္ဒနယ် အမှတ် ၄‌ကျောက်တံခါးမြို့နယ်နှင့် ‌ညောင်‌လေးပင်မြို့နယ်တို့ပါဝင်‌နေပြီး ယင်း‌ဒေသတွင် ကရင်လူမျိုးအများအပြား‌နေထိုင်‌နေ‌ကြောင်း သိရသည်။

ထို့အပြင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်‌တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းခြင်းကို နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၇ရက်‌နေ့ထိပြုလုပ်နိုင်ပြီး မဲဆွယ်စည်းရုံး‌ရေးကာလကို ၂၀၁၇ခုနှစ် ဇန်နဝါရီ ၃ဝရက်မှ မတ် ၃ဝရက်‌နေ့ထိပြုလုပ်နိုင်သည်ဟု ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌အောက်တိုဘာ ၁၈ရက်‌နေ့ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထိုသို့ကရင်ပြည်သူ့ပါတီက ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် ပြင်ဆင်‌နေ‌သော်လည်း ရန်ကုန်မြို့အ‌ခြေစိုက် ကရင်အမျိုးသားပါတီ(KNP)အ‌နေဖြင့် ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် လက်တ‌လော အစီအစဉ် မရှိ‌သေး‌ကြောင်းပါတီ တာဝန်ရှိသူများထံမှ သိရသည်။
ကရင်ပြည်သူ့ပါတီကို ၂၀၁ဝ ပြည့်နှစ် ‌မေ ၂၁ရက်‌နေ့တွင် တရားဝင်စတင်ထူ‌ထောင်ခဲ့ပြီး ပါတီအ‌နေဖြင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၆ဦးအနိုင်ရခဲ့ဖူးသလို၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၁၁၇ ဦးဝင်ပြိုင်ပြီး တစ်ဦး အနိုင်ရရှိခဲ့သည်။