Home သတင်း ထိုင်းဘုရင်နတ်ရွာစံခြင်း ဝမ်းနည်းသည့်အထိမ်းအမှတ် ကရင်အမျိုးသားအလံ‌တော်အား တိုင်တစ်ဝက်လွှင့်ထူရန် KNU ညွန်ကြား

ထိုင်းဘုရင်နတ်ရွာစံခြင်း ဝမ်းနည်းသည့်အထိမ်းအမှတ် ကရင်အမျိုးသားအလံ‌တော်အား တိုင်တစ်ဝက်လွှင့်ထူရန် KNU ညွန်ကြား

3034

‌အောက်တိုဘာလ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ်၊ ဘူမိ‌ဘောအဒူယာဒက်သည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၃ရက်‌နေ့က နတ်ရွာစံသွားသည့်အ တွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အ‌နေဖြင့် ကရင်အမျိုးသားအလံ‌တော်အား တိုင်တစ်ဝက်လွှင့်ထူထားရန် ကရင်အမျိုးသားအ စည်းအရုံး-KNU က နယ်စပ်ရှိ ၎င်းတို့၏ စစ်ဖက်၊ အရပ်ဖက် ဋ္ဌာနအသီးသီးသို့ ညွှန်ကြားထား‌ကြောင်း သိရသည်။

KNU (ဗဟို)မှ ‌အောက်တိုဘာလ ၁၄ရက်‌နေ့စွဲဖြင့် ထိုသို့ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ၁၅ရက်‌နေ့မှ စတင်ကာ တစ်ပတ်တိတိတိုင် အလံတစ်ဝက်လွှင့်ထူထားရန် ညွှန်ကြားမှုနှင့်အတူ ထိုင်းဘုရင်နတ်ရွာစံသွားသည့်အတွက် ဝမ်းနည်း‌ကြောင်း သဝဏ်လွှာကို ကရင်၊ ထိုင်း၊ အဂင်္လိပ်နှင့် မြန်မာ ‌လေးဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “ထိုင်းနိုင်ငံဆိုတာ အထူးသဖြင့် ကရင်‌တွေ‌နေထိုင်တဲ့ ‌ဒေသ‌တွေနဲ့ ဆက် စပ်မှု ရှိတယ်။ ထိုင်းနိုင်ငံတွင်း မဖွံ့ဖြိုး‌သေးတဲ့ ကရင်‌ဒေသ‌တွေမှာလည်း ထိုင်းဘုရင်ရဲ့အစီအစဉ်‌တွေနဲ့ ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေ လုပ်‌ဆောင်‌ပေး‌နေတာရှိတယ်။ အဲဒီအတွက် ဘုရင်ကြီး နတ်ရွာစံသွားတဲ့အ‌ပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်အ‌နေနဲ့ နယ်စပ်မှာ ရှိတဲ့ KNU ဋ္ဌာနဆိုင်ရာတစ်ချို့မှာလည်း ကရင်အမျိုးသား‌တွေ အထွဋ်အမြတ်ထားတဲ့ ကရင်အမျိုးသားအလံ‌တော်ကို တိုင်တစ် ဝက် ‌လျှော့ချထားဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ KNU လက်‌အောက်ခံဋ္ဌာနများတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသား အလံ‌တော်အား တိုင်တစ်ဝက်လွှင့်ထူမှုကို ‌အောက်တိုဘာလ ၁၅ရက်‌နေ့မှစတင်ကာ လုပ်‌ဆောင်ခဲ့ကြပြီး နယ်စပ်နှင့်နီးသည့် KNU ခရိုင်များနှင့် စစ်ဖက်ဆိုင်ရာရုံးအချို့တွင်လည်း သက်ဆိုင်ရာ ၎င်းတို့တပ်ဖွဲ့များ၏ အလံကို ထိုသို့ လွှင့်ထူ‌ကြောင်း သိရ သည်။

ထို့အပြင် ထိုင်းဘုရင်နတ်ရွာစံသွားသည့်အ‌ပေါ် ဝမ်းနည်း‌ကြောင်းနှင့် ‌ထောင်‌ပေါင်းများစွာ‌သော အပြစ်မဲ့ ကရင်၊ ကရင်နီနှင့် မွန် လူမျိုးများအား ယ‌နေ့အထိ ဒုက္ခသည်များအဖြစ် လုံခြုံစွာ ခိုလှုံခွင့်ပြုမှုနှင့်အတူ ဘုရင်မင်းမြတ်၏ ဉာဏ်အ‌မြော်အမြင် ကြီးမား ‌သော ‌ခေါင်း‌ဆောင်မှုနှင့် ဂရုဏာတရားများကို ကရင်အမျိုးသားအစည်းအရုံး KNUအ‌နေဖြင့် အစဉ်သတိရ‌နေမည်ဖြစ်‌ကြောင်း ၎င်းတို့၏ သဝဏ်လွှာတွင် ‌ဖော်ပြပါရှိသည်။

ထီးနန်းသက် အနှစ် ၇ဝရှိပြီဖြစ်‌သော ထိုင်းဘုရင် ဘူမိ‌ဘောမှာ ထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားပြီး ‌လေးစား ကြည်ညိုခြင်းခံရသည့် ဘုရင်တစ်ပါးဖြစ်သည့်အပြင် ၎င်းတို့နိုင်ငံအတွင်း မြန်မာနိုင်ငံမှ ပြည်တွင်းစစ်‌ကြောင့် ထွက်‌ပြေးလာရသူ များ၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ဆယ်စုနှစ်‌ကျော် ကြာ လက်ခံထားခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်တွင် အ‌ခြေစိုက်ပြီး မြန်မာနိုင်ငံသားများအ‌ရေး လုပ်‌ဆောင်‌နေကြသည့် ဒုက္ခသည်အဖွဲ့အစည်းများ၊ ကရင် လူမှုအဖွဲ့အစည်းများ၊ ကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများ၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ အသီးသီး တွင်လည်း ‌အောက်တိုဘာလ ၁၅ရက်‌နေ့မှ စတင်ကာ ဝမ်းနည်းမှုအထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြ‌ကြောင်း သိရသည်။

ထို့အတူ ဗိုလ်ချုပ်‌စော‌ဋ္ဌေး‌မောင် ဦး‌ဆောင်သည့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ အဖွဲ့ကလည်း ၎င်းတို့ထိန်းချုပ်နယ်‌မြေ တ‌နေရာတွင် ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသားအလံ‌တော်ကို တိုင်တစ်ဝက်လွှင့်ထူခြင်း အခမ်းအနားကို ထိုင်းဘုရင်မင်း မြတ် နတ်ရွာစံသွားမှုအ‌ပေါ် ဝမ်းနည်း‌ကြောင်း အထိမ်းအမှတ်အ‌နေဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထိုင်းဘုရင် ဘူမိ‌ဘောအဒူယာဒက်(Bhumibol Adulyadej)မှာ ထိုင်းနိုင်ငံ၏ (၉)ဆက်‌မြောက် ဘုရင်တစ်ပါးဖြစ်ပြီး နတ်ရွာစံချိန် တွင် သက်‌တော် (၈၈)နှစ်ရှိပြီဖြစ်‌ကြောင်း သိရသည်။