Home သတင်း မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးအသုံးပြုမည်ဆိုက ဆက်ဆန္ဒပြမည်

မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးအသုံးပြုမည်ဆိုက ဆက်ဆန္ဒပြမည်

2726

‌အောက်တိုဘာ ၁ဝ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ မြိုင်က‌လေး၊ အမှတ် ၂၊ တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံကို ဂက်စ်အစား ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် လည်ပတ်မည့် အစီအစဉ်ကို ဆက်လုပ်ပါက ဆိုးကျိုးများစွာရှိသည့်အတွက် ကန့်ကွက်ဆန္ဒပြမည်ဟု ‌အောက်တိုဘာ ၈ရက်‌နေ့တွင် ဖားအံမြို့၊ ဇရပ်ဖြူ‌ကျေးရွာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ စက်ရုံ တာဝန်ရှိသူများက ‌ကျောက်မီး‌သွေး‌လောင်စာ ပြန်လည်အသုံးပြုလည်ပတ်မည်ဟု ‌ဒေသခံများကို စက်တင်ဘာလ ၁၇ရက်‌နေ့က လာ‌ရောက်အသိ‌ပေးခဲ့မှုကို ခွင့်မပြုနိုင်သည့်အတွက် အများသိ‌အောင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ပြီး လုပ်ငန်းကို ဆက်လုပ်‌ဆောင်ပါက ဆက်လက်ကန့်ကွက်သွားမည်ဟု ဇရပ်ဖြူ ဆရာ‌တော်ဦးဣန္ဒာစာရက ယခုလို မိန့်ကြားသည်။

“အလုပ်တစ်ခုလုပ်ပြီးဆိုရင် တာဝန်ယူမှု တာဝန်ခံမှုလိုတယ်။ မလုပ်ခင်ပြည်သူကို ချပြသင့်တယ်။ ‌ကျောက်မီး ‌သွေးဆိုတာ အန္တရာယ်များတယ်။ ‌ကောင်းကျိုးရှိတာကိုပဲ ပြည်သူ‌တွေကို ချပြလို့မရဘူး။ ဆိုးကျိုးကိုလည်း ချပြရမယ်။ ဘိလပ်‌မြေစက်ရုံစတုန်းက ပြည်သူ‌တွေနစ်နာ‌ကြေးမရပဲ များစွာ‌ပြောင်း‌ရွှေ့ခံရတာ၊ လုပ်‌ပေးမယ် ဆိုပြီး နှုတ်ကတိနဲ့‌ပြော‌ပေမဲ့ အကြိမ်ကြိမ်ပျက်ကွက်လို့ အခုတစ်‌ခေါက်ဘုန်းကြီးတို့က လုံးဝခွင့်မပြုနိုင်ဘူး”ဟု ဦးဣန္ဒာစာရက မိန့်ကြားသည်။

ထို့အပြင် ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေး‌လောင်စာအသုံးပြုမည့်အ‌ပေါ် ‌ဒေသခံလူထုက လက်မခံကြသလို ဆက်လုပ်မည်ဆိုပါက ဆန္ဒထုတ်‌ဖော်သွားမည်ဖြစ်ပြီး နစ်နာမှုများစွာခံစားရပြီးဖြစ်သည့်အတွက် စက်ရုံတာဝန် ရှိသူများကို လုံးဝအယုံအကြည်မရှိဟု လှာကာ‌ကျေးရွာသား မန်း‌ကျော်ထက်ခိုင်က ‌ပြောသည်။

၎င်းသတင်းစာရှင်းလင်းပွဲသို့ ‌ကျေးရွာ ၂၇ရွာမှ ‌ဒေသခံ၂၀၀‌ကျော်တက်‌ရောက်ပြီး ‘သားစဉ်‌မြေးဆက် အန္တရာယ် ကျ‌ရောက်‌စေမဲ့‌ကျောက်မီး‌သွေး စက်ရုံအလိုမရှိ’၊ ‘ မြိုင်က‌လေးတန် ‌လေး‌ထောင် ဘိလပ်‌မြေစက်ရုံ ‌ကျောက်မီး‌သွေးအသုံးပြုမှုအလိုမရှိ’၊ ‘‌လေထု၊ ‌မြေထု၊ ‌ရေထု၊ လူထုအန္တရာယ် ‌ရောက်မည့် ‌ကျောက်မီး‌သွေး စက်ရုံအလိုမရှိ’ စသည့် ကန့်ကွက်ဆန္ဒပြ ‌ဆောင်ပုုဒ်စာရွက်များကိုင်ပြီး ဆန္ဒထုတ်‌ဖော်ခဲ့‌သေးသည်။
img_7319
လှာကာ‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး‌စော‌ကျော်ဝင်းကလည်း “ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုသိသာမြင်သာ‌အောင် ဘာမှချပြ‌ပေးခဲ့တာမရှိဘူး။ ပြီးခဲ့တဲ့အပတ်က စက်ရုံမှူးက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌တွေ‌ခေါ်ပြီး သူတို့စက်ရုံက ထွက်တဲ့ ဘိလပ်‌မြေကို တစ်ရွာကို တစ်လအိတ် ၅ဝ ‌ပေးမယ်လို့ ‌ပြောပြီးမှ ‌ကျောက်မီး‌သွေးနဲ့ လည်ပတ်မဲ့အ‌ကြောင်း ရှင်းပြသွားတယ်။ ဒါ ကျ‌နော်တို့ လူထုကို မက်လုံး‌ပေးပြီး မကန့်ကွက်‌အောင်စည်းရုံး‌ရေး သ‌ဘောလို့ ကျ‌နော် နားလည်းတယ်” ဟု ‌ပြောသည်။

လက်ရှိ ဘိလပ်‌မြေစက်ရုံ‌ကြောင့်‌ဒေသခံများ လှုမှုဘဝနှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများရှိပြီး ‌ကျောက်မီး‌သွေး‌လောင်စာအသုံးပြုမည်ဆိုပါက ‌ဒေသခံများပိုမို ဒုက္ခ‌ရောက်နိုင်သည့်အတွက် စက်တင်ဘာ ၃ဝ ရက်‌နေ့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာ‌ရေးတိုင်ကြားထား‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

မြိုင်က‌လေး တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံကို ၁၉၉၉-၂၀၀ဝပြည့်နှစ်တွင် စတင်တည်‌ဆောက်ခဲ့ကာ စီမံကိန်း စတင်စဉ်ကတည်းက ရွာ‌လေးကျွန်း‌တော၊ ‌ရေ‌ကျော်၊ မန္တ‌လေးကုန်းနှင့် ဇရပ်ဖြူစသည့် ‌ကျေးရွာ ၄ရွာမှာ ‌ပြောင်း‌ရွေ့ခဲ့ရသလို လယ်‌မြေဧက‌ပေါင်း တစ်‌ထောင်‌ကျော်လည်း အသိမ်းခံရပြီး နစ်နာ‌ကြေး တစုံတရာ မရရှိခဲ့ဟု ‌ဒေသခံများက ‌ပြောသည်။