Home သတင်း ထိုင်းဘက်ခြမ်းသို့ တိမ်း‌ရှောင်ကြ‌သော စစ်‌ရှောင်ဒုက္ခသည်များ ‌နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအခက်အခဲရှိ

ထိုင်းဘက်ခြမ်းသို့ တိမ်း‌ရှောင်ကြ‌သော စစ်‌ရှောင်ဒုက္ခသည်များ ‌နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအခက်အခဲရှိ

2282

‌အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် မဲသ‌ဝေါ‌ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် ထိုင်းနိုင်ငံဘက်အခြမ်း ကရင်‌ကျေးရွာများတွင် ထွက်‌ပြေးခိုလှုံရသည့် ‌ဒေသခံကရင်တိုင်းရင်းသား တစ် ‌ထောင်‌ကျော်မှာ ‌နေထိုင်‌ရေး၊ စား‌သောက်‌ရေးအပြင် သွားလာ‌ရေး အခက်အခဲများကြုံ‌တွေ့လာ‌နေရ‌ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့မှု တစ်လ‌ကျော်အကြာပြီး‌နောက် ထိုင်းဘက်ခြမ်းရှိ ဘိန၊ ‌နော်တနှင့် ထီး‌သေ့ခီး ‌ကျေးရွာ များဘက်သို့ ‌သောင်းရင်းမြစ်ကူးကာ သွား‌ရောက်ခိုလှုံ‌နေကြသည့် ‌ဒေသခံ စစ်‌ရှောင်များမှာ ယင်းအခက် အခဲများဖြစ်‌ပေါ်‌နေ‌ကြောင်း အဆိုပါ‌ကျေးရွာများဘက်သို့ ဆန်၊ စားစရာများနှင့် ‌ဆေးဝါးများကို သွား ‌ရောက်လှူဒါန်းကူညီသူများက ‌ပြောသည်။

၎င်းစစ်‌ရှောင်များကို သွား‌ရောက်အကူအညီ‌ပေးခဲ့သူ ပရဟိတ‌ကျောင်းသား လူငယ်အဖွဲ့မှကိုထက် ‌အောင်လင်းက“တိုက်ပွဲဖြစ်ကာစတုန်းက‌တော့ အဖွဲ့အစည်းအသီးသီးက လာကူညီ‌ပေးတာ‌တွေရှိတယ်။ အခုက ကူညီ‌ပေးတဲ့သူနည်းလာ‌တော့ အခက်အခဲဖြစ်လာတာ‌ပေါ့။ ‌နောက်တစ်ခုက ကူညီ‌ပေးတဲ့‌နေရာမှာ သွားလာ‌ရေး အခက်အခဲ‌ကြောင့်လည်း ထိ‌ရောက်မကူညီနိုင်တာ‌တွေ‌ကြောင့် လို့ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတို့ အ‌နေဖြင့်‌အောက်တိုဘာလ ၁ဝရက်‌နေ့တွင် မဲ့သ‌ဝေါမှ စက်‌လှေဖြင့် ‌နော်တရွာကို ဆန်အိတ် ၁၀၀၊ ‌ဆေးဝါး၊ အဝတ်အထည်နှင့် စားစရာသွား‌ရောက်ပံ့ပိုးခဲ့ရာတွင် ‌ပြောက်ကျား တိုက်ပွဲများ‌နေ့စဉ်ဖြစ် ‌နေ‌သေး‌ကြောင်းကြားသိရသည့်အတွက် ‌နော်တရွာအ‌ရှေ့ဘက်ရှိ ထီး‌သေ့ခီးဘက်သို့ဆက်သွား ခွင့် မရခဲ့‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ ထိုင်းဘက်ကမ်း စစ်‌ရှောင်‌ဒေသခံများထံသို့ တိုက်ပွဲများစတင်ဖြစ်ပွား‌နေချိန်မှ စတင်၍ ထိုင်း နိုင်ငံတွင်း ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြစ်သည့် OKRSO၊ KYO၊ KWO နှင့် OKCG အဖွဲ့များမှ ကနဦးတွင် စားနပ်ရိက္ခာများ‌ဝေငှ‌ပေးမှုများရှိခဲ့ပြီး ယခုတစ်လ‌ကျော်လာချိန်တွင် ၎င်းစစ်‌ရှောင်များအား လာ‌ရောက်ပံ့ပိုးသူ နည်းပါးလာခြင်း‌ကြောင့်ဖြစ်‌ကြောင်း သိရသည်။
idp
မဲ့သ‌ဝေါ‌ဒေသတိုက်ပွဲများ‌ကြောင့် ထိုင်းဘက်ခြမ်းထွက်‌ပြေးခိုလှုံ‌နေသည့် စစ်‌ရှောင်များမှာ စစ်‌ရှောင် စခန်းပုံစံ‌နေထိုင်‌နေရခြင်းမဟုတ်ဘဲ နီးစပ်ရာ‌ဆွေမျိုးများထံတွင် ခိုကပ်‌နေရခြင်းဖြစ်သည့်အတွက် ‌နေ ထိုင်‌ရေးအတွက် အမိုးအကာ တဲများလိုအပ်သည့်အပြင်သွားလာ‌ရေး‌ကြောင့် အခက်အခဲများ ပိုမိုကြုံ ‌တွေ့‌နေရခြင်းဖြစ်‌ကြောင်း အကူအညီ‌ပေး‌ရေးအဖွဲ့များက ‌ပြောဆို‌နေကြသည်။

မြိုင်ကြီးငူ စစ်‌ရှောင်စခန်းမှကျန်းမာ‌ရေး ဝန်ထမ်းသူနာပြုဆရာမ ‌နော်သဇင်ကလည်း “ကျမတို့ ထိုင်း ဘက်အခြမ်း‌ရောက်‌နေတဲ့စစ်‌ဘေး‌ရှောင်‌တွေဆီ မြိုင်ကြီးငူစခန်းက ရိက္ခာ‌တွေ ခွဲပို့ရင်းနဲ့‌ရောက်ခဲ့တယ်။ အဆင်မ‌ပြေတာ‌တွေ ‌တော်‌တော်‌လေးရှိတယ်။ စား‌ရေး၊ သွား‌ရေး‌ပေါ့ ‌ချောင်းပစ်တာ‌တွေလည်း ရှိ‌နေတုန်းပဲ ဆို‌တော့စိတ်ချ လက်ချသွားလာလို့မရဘူး။ အန္တရာယ်ရှိတယ်။ စစ်က ကြာ‌နေရင် ‌ဒေသခံ‌တွေ အတွက်‌တော့ ‌နေ‌ရေးစား‌ရေးမလွယ်‌တော့ဘူး” ဟု ၎င်းက ‌ပြောသည်။

တိုက်ပွဲများ‌ကြောင့်‌နေရပ် စွန့်ခွာ စစ်‌ဘေး‌ရှောင်‌နေရသူ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်‌ကျေးရွာ များဖြစ်‌သော ဘိန ‌ကျေးရွာတွင် အိမ်‌ထောင်စု ၁၈၆စုမှ လူဦး‌ရေ ၉၅၂ဦး၊ ‌နော်တ ‌ကျေးရွာတွင် ၃၉၉ဦး ထီး‌သေ့ခီး‌ကျေးရွာတွင် ၆၁၄ဦး နှစ်ရွာ‌ပေါင်းလူဦး‌ရေ ၁၀၁၃ဦး စစ်‌ရှောင်အဖြစ် ခိုလှုံ‌နေရ‌ကြောင်း ကူညီကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရှိရသည်။