Home သတင်း ၂၁ ပင်လုံညီလာခံအ‌ပေါ် KNU ပြန်လည်ရှင်းလင်းချပြ

၂၁ ပင်လုံညီလာခံအ‌ပေါ် KNU ပြန်လည်ရှင်းလင်းချပြ

1724

စက်တင်ဘာ ၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ၊ ၂၁ရာစုပင်လုံ တက်‌ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)က ညီလာခံ၏ အ‌ခြေအ‌နေအ‌ပေါ် လူထုများသိ‌စေရန် ရည်ရွယ်၍ ‌ဒေသခံလူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကရင်နိုင်ငံ‌ရေးပါတီ အချို့အား စက်တင်ဘာလ ၄ရက်‌နေ့၊ ည‌နေပိုင်းတွင် ဖားအံမြို့ရှိ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း၌ ‌တွေ့ဆုံကာ ပြန်လည် ရှင်းလင်းချပြခဲ့သည်။

ထိုသို့ ရှင်းလင်းချပြရာ၌ ၂၁ရာစုပင်လုံညီလာခံသို့ ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့တို့မှ စု‌ပေါင်း၍ နိုင်ငံ‌တော်ပြု ပြင်‌ပြောင်းလဲမှုဆိုင်ရာ အမြင်သ‌ဘောထားစာတမ်းတင်သွင်းခဲ့‌ကြောင်းနှင့် ထိုစာတမ်းသည် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲများ မှ ပြုစုထားသည့် စာတမ်းများဖြစ်‌ကြောင်းတို့ကို KNU စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဋ္ဌာနတာဝန်ခံ ပဒို‌စောလှထွန်းက ရှင်းလင်း ‌ပြောကြားခဲ့သည်။

“ကျ‌နော်တို့တင်တဲ့စာတမ်းက ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲမှ ရရှိလာတဲ့ အ‌ခြေခံထားတဲ့ အချက်အလက်‌တွေ ဖြစ်တယ်။ အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအထိ ဒီစာတမ်းကို အ‌ခြေခံပြီး‌တော့ သွားမယ်။ အဲဒီညီလာခံမှာ စုစု‌ပေါင်း စာတမ်း ၆၂ခုကို မှတ် တမ်းတင်ထားပြီး‌တော့ စာတမ်းအားလုံးက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ အ‌ခြေခံ ‌ဆွေး‌နွေးသွားကြရမယ်”ဟု ‌ပြောသည်။

၂၁ရာစုပင်လုံညီလာခံ မကျင်းပမှီ တိုင်းရင်းသားကိုယ်စားလှယ်အချို့က ‌ညောင်နှစ်ပင်ညီလာခံကဲ့သို့ အဖြစ်မျိုးဖြစ်လာမည်ကို စိုးရိမ်သူများရှိ‌သော်လည်း အမှန်တကယ် ကျင်းပသည့်အခါ ပွဲစီစဉ်မှုအားနည်းမှု အနည်းငယ်ရှိသည်မှလွဲ၍ အစမှအဆုံးထိ အဆင်‌ပြေ‌ပြေဖြင့် ကျင်းပသွားနိုင်ခဲ့သည်ဟုလည်း KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းကလည်း ယခု လို ‌ပြောဆိုရှင်းပြခဲ့သည်။

ပဒို‌စောသမိန်ထွန်းက “ညီလာခံက‌တော့ ခြုံကြည့်ပြီး‌ပြောရရင် အဆင်‌ပြေ‌ပြေနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါ‌ပေမယ့် ‌ဒေါ်‌အောင်ဆန်း စုကြည်က ဒီအ‌ရေးကို ဘယ်လိုဆက်ပြီး လုပ်‌ဆောင်သွားမလဲဆိုတာပဲ ‌စောင့်ကြည့်ကြရမယ်။ ဒါ့အပြင် အားလုံးအသံ၊ အားလုံး ဆန္ဒများ ပါဝင်လာဖို့ အဆင့်‌ပေါင်းအ‌မြောက်အများ လုပ်‌ဆောင်ကြရဦးမယ် ဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ရှင်းလင်းပွဲသို့ တက်‌ရောက်လာသည့် လူငယ်များက အမျိုးသားတန်းတူ‌ရေး၊ ဖက်ဒရယ်မူ၊ အမျိုးသား ပြန်လည်‌ပေါင်း စည်း‌ရေးနှင့် ပြည်နယ်အတွင်းရှိ ‌နေထိုင်ကြသည့် အခြားတိုင်းရင်းသားများအ‌ရေးကိစ္စရပ်များ စသည့်‌မေးခွန်းများကိုလည်း KNU အဖွဲ့နှင့် အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြသည်။

ရှင်းလင်းပွဲတက်‌ရောက်သူ ဖားအံလူငယ်တစ်ဦးဖြစ်သူ ‌စော‌ကျော်မိုးက “ဒီပွဲကိုတက်‌ရောက်‌တော့ ကျ‌နော့်အ‌နေနဲ့ နားလည်သွား တာက‌တော့ ၂၁ပင်လုံညီလာခံမှာ စာတမ်းတင်တာက‌တော့ လက်နက်ကိုင်အဖွဲ့‌တွေ့ပဲ ဖြစ်တယ်လို့ နားလည်ပါတယ်။ တစ်ပြည် နယ်လုံးရှိတဲ့ ပြည်နယ်သူပြည်နယ်သားများ ကိုယ်စားအတွက်‌တော့ မဟုတ်ဘူး မြင်ပါတယ်။ ဖြစ်နိုင်ရင် အားလုံးခြုံငုံတဲ့အဆင့် ဖြစ်လိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ကမူ တပြည်နယ်လုံးရှိ ပြည်နယ်သူပြည်နယ်သား၏ ဆန္ဒများ အားလုံးခြုံငုံပါဝင်လာနိုင်ရန် အဆင့်ဆင့် ‌တွေ့ဆုံမှုများ လုပ်‌ဆောင်ကြရဦးမည်ဖြစ်၍ ကရင်အမျိုးသားညီလာခံကျင်းပပြီးမှ ရရှိလာမည့် ကဏ္ဍအသီးသီး စု‌ပေါင်းပြီး မည်သို့ အမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲသို့ တင်သွင်းသွားမည် စသည်တို့ကို ပြည်နယ်သူပြည်နယ်သားအားလုံး ဝိုင်းဝန်းကူညီသွားကြရန်လို‌ကြောင်း ရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

ဖားအံတွင် ပြုလုပ်သည့် ယခု ရှင်းလင်းပွဲအပြီးတွင် KNU အဖွဲ့သည် ‌တောင်က‌လေးဆရာ‌တော်နှင့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ကိုလည်း သွား‌ရောက်‌တွေ့ဆုံခဲ့‌ကြောင်း သိရသည်။