Home သတင်း ဖားအံပညာ‌ရေး‌ကောလိပ်ဝင်ခွင့် ဆယ်တန်းရမှတ်အပြင် ‌ဒေသလိုအပ်ချက်‌ပေါ် ဆုံးဖြတ်ရန် စာယဉ်‌ပြော

ဖားအံပညာ‌ရေး‌ကောလိပ်ဝင်ခွင့် ဆယ်တန်းရမှတ်အပြင် ‌ဒေသလိုအပ်ချက်‌ပေါ် ဆုံးဖြတ်ရန် စာယဉ်‌ပြော

1879

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ဖားအံ ပညာ‌ရေး‌ကောလိပ်၊ လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာ ၂နှစ် သင်တန်းဝင်ခွင့်အတွက် ‌ဝေးလံ‌ဒေသများမှ ‌လျှောက်ထားသူများကို တက္ကသိုလ်ဝင် စာ‌မေးပွဲ ရမှတ်တစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ ‌ဒေသလိုအပ်ချက်အ‌ပေါ် မူတည်ပြီး တက် ‌ရောက်ခွင့်ပြုရန် ပြည်နယ်ဝန်ကြီးချုပ်ထံ စက်တင်ဘာလ ဒုတိယအပတ်တွင် တင်ပြ‌ပြောဆိုထားသည်ဟု ပြည်နယ်စာယဉ် ဥက္ကဌ ‌စော‌အေးမြက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“‌ဝေးလံတဲ့‌ဒေသက က‌လေး‌တွေဆိုတာ ပညာ‌ရေးအတွက် အရမ်းခက်ခဲတယ်။ တချို့ရွာဆိုအခုမှ ၁ဝတန်း‌အောင်တာ တစ်ဦးပဲ ထွက်‌ပေါ်ပြီး ပညာ‌ရေး‌ကောလိပ်‌လျှောက်တယ်။ ရွာမှာ ဆရာပြန်လုပ်ချင်လို့။ ‌ဝေးလံ‌ဒေသကို‌ရောက်တဲ့ ‌ကျောင်းဆရာ‌တွေက ကြာကြာမ‌နေနိုင်ဘူး။ ပညာ‌ရေးနိမ့်ကျ‌နေတဲ့ ‌ဒေသက‌နေ ဆယ်တန်း‌အောင်ပြီး သူတို့‌ဒေသမှာ ‌ကျောင်းဆရာ ပြန်လုပ်ချင်သူ ‌တွေကို ဆယ်တန်းအမှတ်တခုတည်း မဟုတ်ဘဲ ‌ဒေသလိုအပ်ချက်ကိုကြည့်ပြီး ဝင်ခွင့်ပြုပါလို ့‌မေတ္တာရပ်ခံ စာတင်လိုက်တာပါ” ဟု ၎င်းက ‌ပြောသည်။

လာမည့် ဒီဇင်ဘာလ ၁ရက်‌နေ့တွင် စတင်ဖွင့်လှစ်မည့် အဆိုပါသင်တန်းအတွက် ဖားအံပညာ‌ရေး‌ကောလိပ်တွင် ကျား ၅ဝဦး နှင့် မ ၃၀ဝဦး လက်ခံသင်ကြား‌ပေးသွားမည်ဖြစ်ပြီး ဝင်ခွင့်အမှတ် သတ်မှတ်ထားခြင်းမရှိသလို ဝင်ခွင့်အတွက် ‌ကျောင်းမှဆုံး ဖြတ်မည်မဟုတ်ဘဲ ပြည်‌ထောင်စုအဆင့် ပညာ‌ရေးဝန်ကြီးဌာနက ဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်း ဖားအံပညာ‌ရေး‌ကောလိပ်၊ ‌ကျောင်းအုပ်ကြီး ‌ဒေါ်ခင်မူမြင့်က ယခုလို‌ပြောသည်။

“ဝင်ခွင့် အမှတ် မသတ်မှတ်ထားဘူး။ ပြီးခဲ့တဲ့နှစ် ဝင်ခွင့်အမှတ်က‌တော့ ကျမတို့ ကရင်ပြည်နယ်က ၄၀၀‌ကျော်၊ ၄၃ဝ ‌လောက် အထိ ရှိတယ်။ ပြင်ပအဖွဲ့အစည်းအချို့ တင်ကြတာရှိတယ်။ အဲ့ဒါ‌တွေက‌တော့ ဝန်ကြီးချုပ်၊ ပြည်‌ထောင်စုဝန်ကြီးနဲ့ တိုက်ရိုက် ဆိုင်မယ်။ အဲ့လိုမျိုးဆို ရမှတ် အဓိက‌တော့ မဟုတ်‌တော့ဘူး‌ပေါ့‌နော်။ ဝန်ကြီးချုပ်လည်း ပြည်နယ်ပညာ‌ရေးရယ်၊ ကျမတို့‌ကော လိပ်နဲ့‌ပေါင်းပြီး စီစဉ်‌နေပါတယ်”ဟု ‌ဒေါ်ခင်မူမြင့်က ‌ပြောသည်။

ထိုသို့ ပြည်နယ်အတွင်း ‌ဝေးလံ‌ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ အနန်းကွင်း‌ကျေးရွာအုပ်စုအ တွင်းရှိ တက္ကသိုလ်ဝင်စာ‌မေးပွဲ‌အောင်မြင်သူများကို ပညာ‌ရေး‌ကောလိပ်တက်‌ရောက်ခွင့်ပြုရန် ဘုရားသုံးဆူမြို့ရှိ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံးမှလည်း ‌ထောက်ခံတင်ပြထားသည်ဟု ခရိုင်အဆင့် တာဝန်ရှိသူများထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ်၊ ဝင်းက‌မော‌ကျေးရွာမှ ဝင်ခွင့်‌လျှောက်ထားသူ နန်းညိုညိုလင်းက “၂၀၁၆ မှာဆယ်တန်း‌အောင်တယ်။ အမှတ် ‌ပေါင်း ၃၈၃ မှတ်ရထားတယ်။ သမီး ‌ကျောင်းဆရာမ ဖြစ်ချင်တယ်။ ‌ကောလိပ်တက်ခွင့်ရရင် ဆရာလို‌နေတဲ့ ကိုယ့်‌ဒေသမှာ ဆရာမ ပြန်လုပ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို ့‌ဝေးလံသည့်‌ဒေသများမှ တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်မြင်သူများကို အမှတ်သတ်မှတ်ချက်ဖြင့် ပညာ‌ရေး‌ကောလိပ် ဝင် ခွင့်ပြုသည့်အ‌ပေါ် ပြည်နယ်လွှတ်‌တော်တွင် ‌မေးခွန်း‌မေးမြန်းခဲ့ဖူး‌သော်လည်း သတ်မှတ်ထားသည့် အမှတ်မမှီပါက တက်‌ရောက် ခွင့်မပြု‌ကြောင်း တာဝန်ရှိသူများက ပြန်လည်‌ဖြေဆိုခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ၊ သံ‌တောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်က ယခုလို ‌ပြောသည်။

“‌ဝေးလံတဲ့ ‌တောင်‌ပေါ်‌ဒေသက‌ကျောင်း‌တွေမှာ ဆရာ၊ ဆရာမ အပြည့်အဝမရှိဘူး။ မြို့‌ပေါ်‌ကျောင်း‌တွေမှာ‌တော့ အပြည့်ရှိ တယ်။ ‌ဝေးလံ‌ခေါင်သီတဲ့ ‌ဒေသ‌တွေရဲ့ ပညာ‌ရေးစနစ် နိမ့်ကျတာကို ထည့်တွက်‌စေချင်တယ်။ အမှတ်နဲ့ဆို မြို့‌ပေါ်က ‌ကျောင်း သား‌တွေက အမြဲတမ်းများ‌နေမှာပဲ။ ‌ဝေးလံ‌ဒေသ‌တွေမှာက စစ်‌ဘေးဒဏ်‌ဘေး အမျိုးမျိုးနဲ ့ကြုံ‌တွေ့ရတယ်။ ဘာသာရပ်အလိုက် ဆရာ မရှိ။ ညဆို ဖ‌ယောင်းတိုင်နဲ ့စာဖတ်ရ။ ဒီလိုအ‌ခြေအ‌နေ‌တွေကို ထည့်စဉ်းစား‌ပေးပါလို ့‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံပညာ‌ရေး‌ကောလိပ် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဝင်ခွင့်ရသူများကို အ‌ဆောင်‌နေထိုင်ခွင့် ပြုမည်ဖြစ်ကာ သင် တန်းကာလ ၂နှစ်ကြာ တက်‌ရောက်‌အောင်မြင်ပါက ဆရာအတတ်ပညာ ဒီပလိုမာ (Dip. In Teacher Education) ချီးမြှင့်ပြီး မူလတန်းပြအဖြစ် ခန့်အပ်မည်ဖြစ်‌ကြောင်း သိရသည်။