Home သတင်း ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦး၏ ‌နေအိမ်အတွင်း လက်နက်ကိုင်တစ်စု ဝင်‌ရောက်မှုဖြစ်ပွား

‌ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦး၏ ‌နေအိမ်အတွင်း လက်နက်ကိုင်တစ်စု ဝင်‌ရောက်မှုဖြစ်ပွား

1781

ဩဂုတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ် လှာကမြင်မြို့သစ်၌ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒူးပလာယာခရိုင် တပ်ရင်း(၁၆)မှ တပ်ဖွဲ့ဝင်တစ်ဦး‌နေအိမ်အတွင်းသို့ လက်နက်ကိုင်တစ်စုမှ လက်နက်အပြည့်အစုံနှင့်အတူ ဩဂုတ်လ ၂၈ရက်‌နေ့၊ မွန်းလွဲ ၂နာရီနီးပါးတွင် ကြိုတင်အ‌ကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ဝင်‌ရောက်ဝိုင်းရံမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်ဖွဲ့ဝင် အိမ်ပိုင်ရှင် ‌စောသုခ‌နောင့်က “သူတို့ဝင်လာတာ လက်နက်အပြည့်အစုံနဲ့ ‌မောင်းတင်ပြီး ဝင်လာတယ်။ ခြံဝင်းထဲမှာ ဝင်လာတာ BGF ဝတ်စုံနဲ့ ၅‌ယောက်‌လောက်၊ ရဲဝတ်စုံနဲ့ ၁‌ယောက်၊ အပြင်မှာ ကားနဲ့ အဖွဲ့သား၂ဝ ဝန်းကျင်‌လောက် ရှိမယ်။ ဘာဝင်လာလဲ‌မေး‌တော့ ဘာမ‌ဖြေဘူး။ အနီးနားမှာ မူးယစ်‌ဆေးဝါး သတင်းကြားလို့ လာတယ်လို့ပဲ ‌ပြောတယ်။ ခွင့်ပြု ချက်ရပြီး ဝင်တာလား၊ ဘယ်သူက ခွင့်ပြုထားလဲ‌မေး‌တော့ ဘာမှမ‌ဖြေဘူး။ သုံးမိနစ်‌လောက်ပဲ ကြာပြီး ပြန်သွားတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဝင်‌ရောက်ရာတွင် ခွင့်ပြုချက်‌တောင်းခံခြင်း မရှိသည့်အပြင် မည်သည့်တပ်ရင်းမှ လာသည်ကို ‌မေးမြန်းရာ ပြန်လည် ‌ဖြေ ကြားခြင်းမရှိ‌ကြောင်းနှင့် အဖွဲ့အစည်းအိမ်အတွင်းသို့ ဝင်လျှင် အ‌ကြောင်းကြားပြီးမှ ဝင်သင့်‌ကြောင်း ၎င်းက ‌ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ‌နေအိမ်ပိုင်ရှင်ဘက်မှ နားလည်မှုလွဲသာဖြစ်ပြီး နယ်ခြား‌စောင့်တပ် BGF နှင့် ရဲများ ဝင်‌ရောက်ခြင်းသည် ၎င်းအနီးအနားရှိ မူးယစ်‌ဆေးဝါးတရားခံကို လိုက်‌မေးရင်းဖြင့် ဝင်‌ရောက်သွားခြင်းသာ ဖြစ်သည်ဟု ဖားအံမြို့ရှိ BGF ‌ပြောခွင့်ရ ဗိုလ်ကြီး‌ဇော်လင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အမှန်က အဲဒီအိမ်ရဲ့တစ်လမ်း‌ကျော်မှာ ပြီးခဲ့တဲ့ နှစ်ရက်‌လောက်က မူးယစ်‌ဆေးဝါးဖမ်းမိတယ်။ တရားခံက ထွက်‌ပြေးပြီး ပြန် လာတယ်လို့ ရဲက သတင်းကြားပြီး ဖားအံမြို့က BGF ကို ‌ခေါ်ပြီး ရဲ‌တွေနဲ့ သွားတာ အဲမှာ တရားခံက မ‌တွေ့လို့ ကရင်အလံ ‌ထောင်တဲ့အိမ်က အဖွဲ့အစည်းချင်း တူမလား၊ သိမလားလို့ သတင်းဝင်‌မေးတာပါ။ အိမ်ကို ဝိုင်းတာ မဟုတ်ပါဘူး။ ကျ‌နော်တို့ကို အထင်လွဲသွားလို့ ဖြစ်မယ်”ဟု ဗိုလ်ကြီး‌ဇော်လင်းက ‌ပြောသည်။

‌နေအိမ်ခြံဝင်းအတွင်းသို့ အဆိုပါ လက်နက်ကိုင်အဖွဲ့ ဝင်‌ရောက်လာသည့်အချိန်တွင် ‌ကေအဲန်ယူ ဗဟိုမှ တာဝန်ရှိသူနှစ်ဦးနှင့် တပ်ဖွဲ့ဝင်အချို့လည်း ‌ရောက်ရှိ‌နေပြီး ၎င်းအိမ်သည် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်အချို့ ခရီးသွားလာသည့်အခါ ‌ခေတ္တတည်းခိုရန်အ တွက်သာ ထားရှိခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ‌ကေအဲန်ယူ တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။