Home သတင်း သုံးလအတွင်း မူးယစ်‌ဆေးမှုဖြင့် လူ (၂၀၀)‌ကျော် ဖမ်းဆီးအ‌ရေးယူထား‌ကြောင်း KNU ‌ပြောဆို

သုံးလအတွင်း မူးယစ်‌ဆေးမှုဖြင့် လူ (၂၀၀)‌ကျော် ဖမ်းဆီးအ‌ရေးယူထား‌ကြောင်း KNU ‌ပြောဆို

2908

ဩဂုတ် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးလုပ်ငန်းကို အရှိန်အဟုန်မြင့် ‌ဆောင်ရွက်ရာတွင် ယခုနှစ် ဇွန်လမှ ဩဂုတ်လအထိ မူးယစ်‌ဆေး ဝါး‌ရောင်းဝယ်သူနှင့် သုံးစွဲသူ‌ပေါင်း(၂၀၀)‌ကျော်ကို အ‌ရေးယူ‌ဆောင်ရွက်ထားပြီးဟု ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် ဥက္ကဋ္ဌဖြစ်သူ ပဒို‌စော‌မောင်‌ရွှေက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်ဖြန့်ဖြူးသူ‌ရော၊ သုံးစွဲတဲ့သူ‌ရော၊ ‌ဆေးဝါးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ဆိုပြီး လာ‌ရောက်အဖမ်းခံတဲ့လူ‌တွေအားလုံး လူ‌ပေါင်း(၂၀၀)‌ကျော် ကျ‌နော်တို့ အ‌ရေးယူ‌ဆောင်ရွက်ထားတယ်။ အချို့ကို ပညာ‌ပေး အ‌ရေးယူ‌ဆောင်ရွက်‌ပေးတယ်။ မူးယစ်‌ဆေးဝါးဥပ‌ဒေ ပုဒ်မ‌တွေနဲ့လည်း အ‌ရေးယူ လုပ်‌ဆောင်‌နေတယ်။”ဟု ‌ပြောသည်။

ထိုသို့ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းများကို လက်‌တွေ့လုပ်‌ဆောင်ရာတွင် ၎င်းတို့အချင်းချင်းကြားနှင့် အခြား‌သော အသင်းအဖွဲ့များအကြားတွင် စိန်‌ခေါ်မှုများစွာ ရင်ဆိုင်‌နေရ‌သော်လည်း တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ထိခိုက်‌စေပြီး လူငယ်မျိုးဆက်သစ်များ အညွန့်တုံး‌စေသည့် မူးယစ်‌ဆေးဝါးပြဿနာကို စဉ်ဆက်မပြတ် ဆက်လက် တိုက်ဖျက်သွားမည်ဟု လည်း ပဒို‌စော‌မောင်‌ရွှေက ဆက်‌ပြောသည်။

အဆိုပါ မူးယစ်‌ဆေးဝါးအမှုဖြင့် အ‌ရေးယူခံထားသူများအနက် ၉ဝရာခိုင်နှုန်းမှာ လူငယ်များဖြစ်ကြပြီး သစ်ကတိုက်နှင့် ဖားပြ ‌ကျေးရွာရှိ ဝင်း‌ရေးမြို့နယ် ‌ကေအဲန်ယူရဲတပ်ဖွဲ့စခန်းများတွင် ပညာ‌ပေးမှုများ လုပ်‌ဆောင်ထားသည့်အပြင် ‌ရောင်းဝယ်ဖြန့်ဖြူးသူ ကို ‌ကော်သူး‌လေ(မူးယစ်အထူးအက်ဥပ‌ဒေ)အရ အ‌ရေးယူ ‌ဆောင်ရွက်ထားသည်ဟု KNU တာဝန်ရှိသူထံမှ သိရသည်။

ခလယ်ရွာက ‌စောထူးဝင်း “အခု နည်းလာတယ်ဆို‌ပေမယ့် ပင်မ‌ရောင်းဝယ်‌ဖောက်ကားလုပ်‌နေတဲ့ လူ‌တွေက ကျန်‌နေ‌သေး တယ်။ သုံးစွဲတဲ့လူငယ်အပိုင်းမှာ‌တော့ သိသိသာသာ နည်းလာတယ်။ အချို့‌ဆေး‌ကြောင်ပြီး ပတ်ဝန်းကျင်‌ရော၊ ကိုယ့်‌ဆွေမျိုး၊ ကိုယ့်မိန်းမ‌တွေပါ မက‌တော့ဘူး။ မိဘကို‌တောင် ပြန်သတ်မယ့်အဆင့်ထိ မြင်‌တွေ့‌နေရတယ်။ ဒီမ‌ကောင်းတဲ့ မူးယစ်‌ဆေးဝါး ‌တွေကို (KNU)‌ရော၊ ရဲတပ်ဖွဲ့‌ရော၊ နယ်ခြား‌စောင့်တပ်‌ရော အမြစ်ပြတ်တဲ့အထိ တိုက်ဖျက်‌ဆောင်ရွက်‌ပေးဖို့ တိုက်တွန်းချင်ပါ တယ်။”ဟု ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်တွင် KNU အ‌နေဖြင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်မှုကို စီမံချက် တိတိကျကျ ‌ရေးဆွဲနိုင်ခြင်းမရှိ‌သေးသလို အစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရာတွင်လည်း နားလည်မှုသ‌ဘောဖြင့်သာ လုပ်‌ဆောင်ခဲ့ကြသည့်အတွက် ထိ‌ရောက်မှု အားနည်း‌နေသည်ဟု ‌ဒေသခံလူထုများက သုံးသပ်‌ပြောဆိုကြသည်။