Home သတင်း ဖားအံ-လှိုင်းဘွဲ ကားလမ်းမနံ‌ဘေးတွင် ‌ပေါက်ကွဲမှုဖြစ်ပွား

ဖားအံ-လှိုင်းဘွဲ ကားလမ်းမနံ‌ဘေးတွင် ‌ပေါက်ကွဲမှုဖြစ်ပွား

2841

ဩဂုတ် ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ် ဖားအံ-လှိုင်းဘွဲ ကားလမ်းမ နံ‌ဘေး မိုင်တိုင်အမှတ် ၉.၆ ကီလိုမီတာ မဟာဖားအံ အထည်ချုပ် စက်ရုံအ‌ရှေ့ ‌ပေ ၃၀ဝ အကွာတွင်ရှိ‌သော ‌ညောင်ပင်‌အောက်တွင် ယ‌နေ့(ဩဂုတ်၂၄ရက်‌နေ့) နံနက် ၉နာရီ‌ကျော်အချိန်၌ အ‌သေးစားဗုံးဟု ယူဆရသည့် ဗုံးတစ်လုံး ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ယင်း‌ပေါက်ကွဲမှုဖြစ်သွားသည့် ‌နေရာတွင် ‌ပေါက်ကွဲမှုနှင့် ဆက်စပ် အပိုင်းအစများကို စစ်‌မြေပြင်အင်ဂျင်နီယာ တပ် (ခအရ-၉၁၅)မှ တာဝန်ရှိ အရာရှိများ၊ ဖားအံတပ်နယ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ရဲတပ်ဖွဲ့ များ၊ အရပ်ဘက်ဆိုင်ရာအုပ်ချုပ်‌ရေးတာဝန်ရှိသူများ ‌ပေါက်ကွဲမှုဖြစ်ပွားရာ အနီးတစ်ဝိုက် ရှင်းလင်းစစ်‌ဆေးမှု များ ပြုလုပ်ခဲ့ကြသည်ဟု ဖားအံမြို့မ စခန်းမှူး ဒုရဲမှူး တင်‌မောင်ဦးက ‌ပြောသည်။

အဆိုပါ ‌ပေါက်ကွဲမှု‌ကြောင့် ‌ညောင်ပင်ထိခိုက်မှုမှလွဲ၍ လူ နှင့် အခြားပတ်ဝန်းကျင် အ‌ဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိသလို မည်သူ လက်ချက်ဖြစ်သည်ကို မသိရ‌သေးဘဲ ဆက်လက်‌ဖော်ထုတ်ဆဲဖြစ်‌ကြောင်း ဖားအံ တာဝန်ရှိ ရဲတပ်ဖွဲ့က ‌ပြောဆိုသည်။

ထို့အပြင် ‌ပေါက်ကွဲမှုနှင့် ပတ်သက်၍ ‌တွေ့ရှိသည့် ‌မြေပြင်အချက်အလက် ‌ပေါက်ကွဲလက်နက်ပစ္စည်း အမျိုးအစားဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်‌ပေးသွားမည်ဖြစ်ပြီး ‌ဖောက်ခွဲမှုကျူးလွန်သူများကို စုံစမ်း‌ဖော်ထုတ်အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဟုလည်း ရဲတာဝန်ရှိများက ဆိုသည်။