Home သတင်း ကျိုက်က‌မော့ သစ်‌တောကြိုးဝိုင်းအတွင်း ဘိန်းစာပင်‌ပေါင်း(၂၀၀)နီးပါး ‌ကေအဲန်ယူ ခုတ်ထွင်ရှင်းလင်း

ကျိုက်က‌မော့ သစ်‌တောကြိုးဝိုင်းအတွင်း ဘိန်းစာပင်‌ပေါင်း(၂၀၀)နီးပါး ‌ကေအဲန်ယူ ခုတ်ထွင်ရှင်းလင်း

4115

ဩဂုတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်နယ်စပ်ကြား ကျိုက်က‌မော့ သစ်‌တောကြိုးဝိုင်းရှိ ရာဘာခြံများတွင် စိုက်ပျိုးထားသည့် ‌ဒေသအ‌ခေါ် ဘိန်းစာပင် အပင် (၂၀၀)‌ကျော်ကို ဩဂုတ်လ ၂၆ရက်‌နေ့တွင် သွား‌ရောက်ခုတ်ထွင်ရှင်းလင်းခဲ့သည်ဟု ကရင်အ မျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နယ်‌မြေလုံခြုံ‌ရေး တာဝန်ရှိသူထံများမှ သိရသည်။

‌ကေအဲန်ယူ ခလယ်-တံခွန်တိုင်တိုက်နယ် နယ်‌မြေလုံခြုံ‌ရေးအဖွဲ့မှ ‌စော‌ရွှေလှဝင်း ဦး‌ဆောင်သည့်အဖွဲ့နှင့် ‌ဒေသခံရွာသား (၈)ဦး တို့သည် ဩဂုတ်လ ၂၆ရက်နှင့် ၂၇ရက်‌နေ့များတွင် ကျိုက်က‌မော့ သစ်‌တေားကြိုးဝိုင်း ရာဘာခြံ ၉ခုအတွင်း စိုက်ပျိုးထားသည့် ယင်းဘိန်းစာပင်များကို သွား‌ရောက်ခုတ်ထွင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ဒီအရွက်‌တွေက လူငယ်‌တွေ သုံးတာ များတယ်။ အခု ညွှန်ကြားချက်အရ ခုတ်ထွင်ရှင်းလင်းရတာပါ။ သူက မြင်း‌ဆေးလိုပဲ သုံး စွဲမှုကြာလာရင် အသက်အန္တရာယ်အထိ ဖြစ်လာတယ်။ ဒါ‌ကြောင့် လူငယ်‌တွေကို လမ်း‌ကြောင်းမမှားရ‌အောင် အခုလို သွားခုတ် ရှင်းရတာပါ။ ပြီး‌တော့ ဒီအပင်က မူးယစ်‌ဆေးဝါးအစု(အမျိုးအစား)ထဲမှာ ပါတဲ့အတွက် ဥပ‌ဒေအရ လုပ်တာဖြစ်ပါတယ်”ဟု ဘိန်း စာပင် ခုတ်ထွင်ရှင်းလင်းရာတွင် ဦး‌ဆောင်ခဲ့သူ ‌စော‌ရွှေလှဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဘိန်းစာပင်ကို သုံးစွဲသူများက အရွက်စိမ်းလိုက် ဝါးစားခြင်းဖြင့်ဖြစ်‌စေ၊ ‌ရေ‌နွေးကြမ်းထဲတွင် ထည့်‌သောက်ခြင်းဖြင့်ဖြစ် ‌စေ အသုံးပြုကြပြီး ခဏတာအတွင်း နှလုံးခုန်မြန်လာသလို စားမဝင်အိပ်မ‌ပျော် ဖြစ်လာသည့် အာနိသင်များရှိ‌ကြောင်း၊ စိတ်ကြွ ‌ဆေး(မြင်း‌ဆေး)သုံးစွဲသူများက ‌ဆေးမသုံးရသည့်အခါ ဘိန်းစားရွက်ကို အစားထိုး သုံးစွဲကြ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

လက်ရှိ ကျိုက်က‌မော့သစ်‌တေားကြိုးဝိုင်းတွင် ရာဘာစိုက်ဧက‌ပေါင်း တစ်‌သောင်းငါး‌ထောင်(၁၅,၀၀၀)‌ကျော်ရှိပြီး အဆိုပါရာဘာ ခြံအတွင်း စိုက်ပျိုးထားသည့် ဘိန်းစာပင်အများစုမှာ ရာဘာခြံအတွင်း ထိန်ပင်နှင့် ကိုင်းကူးထားကာ ဘိန်းစာအရွက်တစ်ရွက် လျှင် ကျပ်‌ငွေ (၃၀၀)အထိ ‌ရောင်းချမှုများ ရှိသည်ဟု ‌ကေအဲန်ယူ ကြာအင်းဆိပ်ကြီးမြို့နယ် လယ်ယာဌာန တာဝန်ရှိသူများက ‌ပြောဆိုသည်။

ခလယ်ရွာမှ‌ဒေသခံ ‌စောဘ‌သော်က “အခုတ‌လော ‌ကေအဲန်ယူဘက်က မြင်း‌ဆေး‌တွေ လိုက်လံဖမ်းဆီးအ‌ရေးယူလာ‌တော့ မြင်း ‌ဆေး‌တွေ ဝယ်လို့ မရ‌တော့ဘူး။ လွယ်လွယ်ရှာလို့ရတဲ့ ဘိန်းစာရွက်‌တွေကို သုံးစွဲလာတယ်။ မြင်း‌ဆေး‌ရော၊ ဘိန်းစာရွက်‌တွေပါ အားလုံး အမြစ်ပါမကျန် ‌ဆောင်ရွက်‌ပေး‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ဘိန်းစာပင်များကို ဖျက်ဆီးမှုလုပ်လာသည်နှင့်အမျှ မသုံးစွဲကြရန် သတိ‌ပေးသည့်အ‌နေဖြင့် ပညာ‌ပေးကာလ (၁၅)ရက် အတွင်း အပင်ဖျက်ဆီး‌ပေး‌စေပြီး မလိုက်နာပါက စိုက်ပျိုး‌မြေများကို အဖွဲ့အစည်းပိုင်အဖြစ် သိမ်းဆည်းသွားမည်ဟု ‌ကေအဲန်ယူ ၏ ဥပ‌ဒေပုဒ်မ ဝ၂/၂၀၁၆ အရ အမိန့်ထုတ်ထားသကဲ့သို့ အဆိုပါ‌ဒေသရှိ ‌ကျေးရွာတိုင်းတွင် ယင်းသတိ‌ပေးစာကို ‌ပေးပို့ထား ‌ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်နယ်စပ်ကြား ကျိုက်က‌မော့ သစ်‌တောကြိုးဝိုင်းရှိ စိုက်ပျိုး‌သော ဘိန်းစာပင်များသည် ဆီးချို‌ရောဂါ၊ ‌ညောင်းညာကိုက်ခဲဖြစ်သူများအတွက် ‌ဆေးဝါးအဖြစ် မှီဝဲကြရန် လွန်ခဲ့တဲ့ ၅နှစ်ဝန်းကျင်က စတင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။