Home သတင်း ၂၁ပင်လုံညီလာခံက ငြိမ်းချမ်းမှုကို ‌ဆောင်ကြဉ်း‌ပေးရန် ‌မျှော်လင့်‌ကြောင်း BGF ‌ခေါင်း‌ဆောင်‌ပြော

၂၁ပင်လုံညီလာခံက ငြိမ်းချမ်းမှုကို ‌ဆောင်ကြဉ်း‌ပေးရန် ‌မျှော်လင့်‌ကြောင်း BGF ‌ခေါင်း‌ဆောင်‌ပြော

1801

ဩဂုတ် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

မကြာခင်ပြုလုပ်မည့် ၂၁ရာစုပင်လုံညီလာခံမှ ငြိမ်းချမ်းမှုကို ပို၍ ‌ဆောင်ကြဉ်း‌ပေးလာရန် ‌မျှော်လင့်‌ကြောင်း ကရင်နယ်ခြား‌စောင့် တပ် ကရင်ပြည်နယ်ရှိ BGF ၏ ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေး အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက ယ‌နေ့ (ဩ ဂုတ်လ ၂ဝရက်)တွင် ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာ၌ ကျင်းပ‌သော ၎င်းတို့တပ်ဖွဲ့၏ ဖွဲ့စည်းခြင်း (၆)နှစ်‌မြောက် နှစ်ပတ်လည်‌နေ့တွင် ‌ပြောဆိုခဲ့သည်။

ဗိုလ်မှူးကြီး‌စောချစ်သူက “ကရင့်လက်နက်ကိုင်‌တွေမကဘဲ တိုင်းရင်းသားလက်နက်ကိုင်‌တွေအားလုံး မကြာခင် ပြန်လာပြီး အဲ့ဒီ ပင်လုံညီလာခံကိစ္စ‌ရော၊ အခုတက်လာတဲ့ NLD အစိုးရ သူတို့‌ဆွေး‌နွေးပြီး‌တော့ အရင်ထက်ကို ‌ကောင်းလာမယ်။ အဆင်‌ပြေလာ မယ်၊ ငြိမ်းချမ်းလာမယ်လို့ ကျ‌နော်က‌တော့ ‌မျှော်လင့်‌နေတယ်။ ဖြစ်လည်း ဖြစ်‌စေချင်တယ်။ ဖြစ်ကိုလည်းဖြစ်မယ်လို့ ‌ပြောချင်ပါ တယ်”ဟု ဆိုသည်။

၎င်းအပြင် BGF ဖွဲ့စည်းပြီး ၆နှစ်တာအတွင်း စစ်‌ရေးစစ်ရာမရှိသည့်ကာလများ၌ BGF အ‌နေဖြင့် ပြည်သူ့လုံခြုံ‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လမ်းပန်းဆက်သွယ်‌ရေး အစရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြည်သူလူထုနှင့် လက်တွဲ၍ ပြည်သူ့အကျိုး ကို အဓိက ဦးစား‌ပေးလုပ်‌ဆောင်ခဲ့‌ကြောင်းလည်း ဗိုလ်မှူးကြီး‌စောချစ်သူက ဆက်‌ပြောသည်။

BGF တပ်ဖွဲ့ဝင်များ၊ အစိုးရ စစ်တပ်အရာရှိများ၊ ကရင်အမျိုးသားအစည်းရုံး-KNU၊ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်-DKBA၊ KNU/KNLA-PC၊ နိုင်ငံခြားသားဧည့်သည်များနှင့် ‌ဒေသခံရွာသားများ အပါအဝင် လူဦး‌ရေ ငါး‌ထောင်‌ကျော် တက်‌ရောက်သည့် အခမ်းအနား၌ သက်ဆိုင်ရာ BGF အရာရှိ၊ အစိုးရတပ်မ‌တော်အရာရှိများမှ မိန့်ခွန်း‌ပြောကြားခြင်း၊ သဝဏ်လွှာများကို ဖတ်ကြား ခြင်းနှင့် သစ္စာအဓိဌာန် ၄ချက်ကို ရွတ်ဆိုခြင်းနှင့် စစ်သည် ၇၀၀‌ကျော်မှ စစ်‌ရေးပြသည့် အစီအစဉ်အပြင် ‌ကျောင်းသားလူငယ် များမှ တိုင်းရင်းသားအကများဖြင့် ‌ဖျော်‌ဖြေခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်လာသူ KNU တပ်မဟာ(၇)ဗျူဟာမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “သူတို့ရဲ့ ဖိတ်ကြားမှုအ‌ပေါ် ကျ‌နော်တို့ က စည်းလုံးညီညွတ်မှုကို လာ‌ဖော်ပြတာပါ။ ကျ‌နော်တို့ ဘယ်လိုပုံစံနဲ့ ‌ရှေ့ဆက်သွားမလဲ၊ ကိုယ့်ကရင်လူမျိုးနဲ့ ကိုယ့်ပြည်နယ်အ တွက် ကျ‌နော်တို့ ကရင်အချင်းချင်းနားလည်မှုက ရှိရမယ်။ အရင်တုန်းကသာ အမြင်မရှင်းလို့ ပစ်ကြခတ်ကြသတ်ကြ‌ပေမယ့် အခု‌တော့ အချင်းချင်းကြား‌တွေမှာ အ‌ခြေအ‌နေ အရမ်းကို ‌ကောင်းမွန်လာပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

BGF ကို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ ဩဂုတ်လတွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)မှ တပ်ရင်း ၁၂ ရင်းနှင့် ‌ဟောင်သ‌ရောအ‌ခြေစိုက် ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့-KPF တပ်ရင်းတစ်ရင်းတို့ တပ်ရင်း ၁ရင်း၊ စုစု‌ပေါင်း ၁၃ရင်းဖြင့် ကာ ကွယ်‌ရေးဌာန လက်‌အောက်ခံအဖြစ် အသွင်ကူး‌ပြောင်းခဲ့ပြီး တပ်ရင်းအမှတ် (၁၀၁၁)မှ (၁၀၂၃)အထိ တပ်ဖွဲ့ဝင်‌ပေါင်းမှာ ၆၀၀ဝ ‌ကျော်ရှိသည်ဟု BGF ဘက်က ‌ပြောသည်။

BGF နှစ်ပတ်လည်‌နေ့ကို ယခင်နှစ်များက ၎င်းတို့သက်ဆိုင်ရာတပ်ရင်းဌာနများတွင် သီးခြားကျင်းပခဲ့‌သော်လည်း ယ‌နေ့ ၆နှစ် ‌မြောက်တွင် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၏ လက်‌အောက်ခံ တပ်ရင်းအားလုံး စု‌ပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ် သည်။

ယခုလ ဩဂုတ်လ ‌နောက်ဆုံးပတ်တွင် နိုင်ငံ‌တော် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အင်းအားစု၊ နိုင်ငံ‌ရေးပါတီအချို့ ပါဝင် သည့် ၂၁ရာစုပင်လုံညီလာခံကို ကျင်းပရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိသည်။