Home သတင်း ငှက်‌ပျော‌တော ကျန်းမာ‌ရေးအ‌ဆောက်အဦးကိစ္စ ‌ဒေသခံတာဝန်ရှိသူအချို့ကို နတလ ‌တွေ့ဆုံ

ငှက်‌ပျော‌တော ကျန်းမာ‌ရေးအ‌ဆောက်အဦးကိစ္စ ‌ဒေသခံတာဝန်ရှိသူအချို့ကို နတလ ‌တွေ့ဆုံ

2659

ဩဂုတ် ၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့နယ် ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးရွာအုပ်စုအတွင်း တည်‌ဆောက်သွားမည့် ‌ကျေးလက် ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦးနှင့်ပတ်သက်၍ လှိုင်းဘွဲမြို့နယ်အ‌ခြေစိုုက် နတလ တာဝန်ရှိသူနှစ်ဦးက ငှက်‌ပျော‌တော ‌ကျေးရွာ တာဝန်ရှိသူများကို ဩဂုတ် ၄ရက်‌နေ့က သွား‌ရောက်‌တွေ့ဆုံခဲ့ကြသည်။

အဆိုပါ နတလမှ ‌အောင်နိုင်သိန်း ဆိုသူနှင့် အ‌ဖော်တစ်ဦးတို့သည် ငှက်‌ပျော‌တော‌ကျေးရွာ အလက(ခွဲ) စာသင်‌ကျောင်းတွင် ‌ကျေးရွာအုပ်ချုပ်ရးမှူးနှင့် ရပ်မိရပ်ဖအချို့အား ‌တွေ့ဆုံခဲ့ပြီး ငှက်‌ပျော‌တော၌ ‌ကျေးလက်ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦး တည်‌ဆောက်‌ရေး လျာထားခံရသည့် ‌မြေ‌နေရာတွင် ‌ကျေးရွာ‌ဆေး‌ပေးခန်းသာ တည်‌ဆောက်ရန် ‌ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ ‌ပြောဆိုမှုအ‌ပေါ် ‌တွေ့ဆုံမှုတွင် ပါဝင်သည့် ငှက်‌ပျော‌တော ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ‌စော‌လေးငယ်က “‌ဆေး‌ပေးခန်း ‌ဆောက်‌ပေးဖို့ သူက ‌ပြောတာ‌ပေါ့။ ကျ‌နော်တို့ဘက်က‌တော့ သူ့ကို ပြန်‌ပြောတယ်။ ကျန်းမာ‌ရေး ဌာနအ‌နေနဲ့ မလုပ်ဘဲ ‌ဆေး‌ပေးခန်းသာ တည်‌ဆောက်ရင် ‌ကျေးရွာအုပ်စု တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ ပြန်‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငှက်‌ပျော‌တောတွင် ‌ကျေးလက်ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦးတည်‌ဆောက်ရန် မူလသ‌ဘောတူထားသည့် ‌မြေ‌နေရာတွင် ကို‌မောင်ရှမ်းစု(တပ်စခန်း)သို့ ပြန်လည်တည်‌ဆောက်သင့်‌ကြောင်း ပြည်နယ်လွှတ်‌တော် ဥက္ကဌ ‌စောချစ်ခင်က ‌ဒေသခံများအား ‌မေ ၂၁ ရက်‌နေ့၌ ‌ပြောဆိုခဲ့ပြီး‌နောက် သ‌ဘောမတူသည့် ‌ဒေသခံများက ကန့်ကွက်ခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။

အဆိုပါ ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦး တည်‌ဆောက်ပြီးစီးပါက ‌ကော့လုံကျွန်းဧရိယာရှိ ကို‌မောင်၊ မြ‌လေး၊ တခွက်ဖိုး၊ အင်းနို့သိပ္ပံနှင့် ‌နော‌ကော့ စသည့် ‌ကျေးရွာအုပ်စု ၅ခုအတွင်း ‌ကျေးရွာ‌ပေါင်း ၂၄ရွာတို့အတွက် အ‌ထောက်အကူပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မြန်မာအစိုးရ လက်ထက်များ၌ နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ နယ်စပ်‌ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးအတွက် ပညာ‌ရေး၊ ကျန်းမာ‌ရေး အ‌ဆောက်အဦးများ၊ လမ်း၊ တံတား စသည့် တည်‌ဆောက်‌ရေးစီမံကိန်းများ ‌ဆောင်ရွက်လာခဲ့ရာ ‌နောက်ပိုင်းတွင် နတလ ဟူ၍ အတို‌ကောက် ‌ခေါ်ဆိုလာခဲ့ကြသည်။