Home သတင်း ပြည်နယ် လူငယ်မူဝါဒ ‌ရေးဆွဲရန် ‌ဆွေး‌နွေးပွဲပြုလုပ်ခဲ့

ပြည်နယ် လူငယ်မူဝါဒ ‌ရေးဆွဲရန် ‌ဆွေး‌နွေးပွဲပြုလုပ်ခဲ့

2048

ဇူလိုင် ၁၁ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ကရင်ပြည်နယ် လူငယ်မူဝါဒများ ချမှတ်‌ရေးဆွဲနိုင်‌ရေးအတွက် အစပြု အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ကရင်လူမှုအဖွဲ့ အစည်းများကွန်ရက် (KSCN)က ဦး‌ဆောင်ပြီး ဖားအံမြို့ အမှတ်(၉) ရပ်ကွက်၊ မိဘ‌မေတ္တာဟိုတယ်၌ ဇူလိုင် ၉ရက်မှ ၁ဝရက်‌နေ့ထိ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ပြည်နယ်အတွင်းရှိ ကရင်၊ မွန်၊ ပအိုဝ်း လူငယ်ကိုယ်စားလှယ် ၃ဝဦး‌ကျော် တက် ‌ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်‌ရေးရာမူဝါဒ ‌ရေးဆွဲသည့်အခါတွင် ကရင်ပြည်နယ် လူငယ်မူဝါဒ တင်သွင်းနိုင်‌ရေးအတွက် စစ်တမ်း‌ကောက်ယူရန် ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲဖြစ်‌ကြောင်း KSCN ကွန်ရက်မှ ‌စောစိန်‌ထွေးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“စစ်တမ်း‌ကောက်မယ့် လူငယ်‌တွေကို ဆရာ‌တွေနဲ့ ‌ပေး‌တွေ့တာပါ။ ကရင်ပြည်နယ် အတိုင်းအတာအ‌နေနဲ့ လူငယ့် အသံ‌တွေစုပြီး Policyတစ်ခုရဖို့၊ အခြား‌ဒေသ‌တွေလို ဖိုရမ်တခါတည်း မလုပ်ဘဲ အခု‌ဆွေး‌နွေးပွဲလာတက်တဲ့ လူငယ် ‌တွေနဲ့ ကျ‌နော်တို့ မြို့နယ်အလိုက် စစ်တမ်း‌ကောက်ယူပြီး‌တော့ မူကြမ်းရလာမှပဲ ဖိုရမ် ပြန်လုပ်မယ်။ အဓိကက ကျ‌နော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ လူငယ်‌တွေ အကျိုးရှိဖို့ပါ”ဟု ‌ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်သည့် ယင်း‌ဆွေး‌နွေးပွဲတွင် လူငယ်မူဝါဒ မူကြမ်းရရှိရန် လုပ်‌ဆောင်ရမည့် လုပ်ငန်းစဉ်များ၌ ဒီမို က‌ရေစီနှင့် လူ့အခွင့်အ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ အမျိုးသားရင်ကြား‌စေ့‌ရေး၊ တိုင်းရင်းသားအခွင့်အ‌ရေး၊ အလုပ်အကိုင် အခွင်အလမ်းနှင့် မူးယစ်‌ဆေးဝါး စသည့်အချက် ၁၉ချက် ‌ဆွေး‌နွေးခဲ့သည်ဟု KSCN ကွန်ရက် ညှိနှိုင်း‌ရေးမှူးတာဝန်ခံ ‌စောစိန်‌ထွေးက ဆက်‌ပြောသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသူ ကရင်လူငယ်အစည်းအရုံး KYO (ဗဟို) ပြည်တွင်းကိုယ်စားလှယ် ‌စောဆန်းထွန်း ကလည်း “ကျ‌နော်တို့အ‌နေနဲ့ တိုင်းပြည်ကဏ္ဍဖြစ်ဖြစ်၊ အမျိုးသား‌ရေးကဏ္ဍမှာ ဖြစ်ဖြစ် ‌နောက်ကျမကျန်‌အောင် လူ ငယ် ‌တွေ တွဲလက်ညီညီနဲ့ လုပ်‌ဆောင်သွားဖို့ လိုပါတယ်။ အဲဒါ‌ကြောင့်မို့ လူငယ်မူဝါဒ‌ရေးဆွဲတဲ့‌နေရာမှာ ပါဝင်ဖို့ ဒီ‌ဆွေး‌နွေးပွဲကို လာတက်တာပါ”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၁ရက်နှင့် ၁၃ရက်‌နေ့က စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့၌ နိုင်ငံတစ်ဝန်းလုံးရှိ လူငယ် ၄၀၀‌ကျော် တက်‌ရောက်သည့် ဖိုရမ်တွင် မြန်မာနိုင်ငံ လူငယ်‌ရေးရာမူဝါဒနှင့် ပတ်သက်၍ ‌ဆွေး‌နွေးခဲ့ရာ ကရင်ပြည်နယ် လူငယ် မူဝါဒ မူကြမ်းအတွက် ဇွန်လမှစပြီး သုံးလအတွင်း တင်သွင်းရန် အဆိုပြုခဲ့ခြင်း‌ကြောင့် ယခု အလုပ်ရုံ‌ဆွေး‌နွေးကို စတင်လုပ်‌ဆောင်လာခြင်းဖြစ်သည်။