Home ဆောင်းပါး ၆၉နှစ်‌မြောက် အာဇာနည်‌နေ့မှာ ထုတ်‌ဖော်ပြသလိုက်တဲ့ ပြည်သူ့ဆန္ဒ

၆၉နှစ်‌မြောက် အာဇာနည်‌နေ့မှာ ထုတ်‌ဖော်ပြသလိုက်တဲ့ ပြည်သူ့ဆန္ဒ

1952

(‌မောင်‌ကျော်စွာ)

(၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂ဝရက်)

ဒီချုပ်ပါတီအစိုးရသစ်လက်ထက် ကျင်းပသည့် “၆၉နှစ်‌မြောက် အာဇာနည်‌နေ့” အခမ်းအနား ပြီးဆုံးသွားခဲ့ပြီ။

“ကာချုပ်” အာဇာနည်ဗိမာန်သွား၍ ပန်း‌ခွေချ အ‌လေးပြုခြင်း‌လောက်ဖြင့်သာ “၆၉နှစ်‌မြောက် အာဇာနည်‌နေ့” ထူးခြားချက်ကို အချိုမကုန်‌စေသင့်ပါ။ ‌ဝေး‌ဝေးနှိုင်းယှဉ်ကြည့်ပါနှင့်။ မနှစ်က ၆၈နှစ်‌မြောက်အာဇာနည်‌နေ့ အခမ်းအနားနှင့် ဒီနှစ် ၆၉နှစ်‌မြောက် အာဇာနည်‌နေ့ အခမ်းအနားကို ‌ဖော်ပြခဲ့ကြသည့် (၂ဝ ဇူလိုင် ၂၀၁၅)ရက်‌နေ့နှင့် (၂ဝ ဇူလိုင် ၂၀၁၆)ရက်‌နေ့ထုတ် အစိုးရ သတင်းစာနှစ်‌စောင်၏ သတင်း‌ရေးသား‌ဖော်ပြချက်ကိုသာ နှိုင်းယှဉ်ကြည့်‌စေချင်ပါသည်။

၆၈နှစ်‌မြောက်အာဇာနည်‌နေ့တွင် အာဇာနည်ဗိမာန်သို့ ဒုတိယသမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်း၊ ပြည်သူ့လွှတ်‌တော်ဥက္ကဋ္ဌ သူရ ဦး‌ရွှေမန်း၊ အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်‌အောင်မြင့်၊ ပြည်‌ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့တက်‌ရောက်ပြီး လွမ်းသူ့ပန်း‌ခွေချ အ‌လေးပြုပြီး ‌မေတ္တာပို့သ အမျှ‌ဝေခဲ့ကြသည်။

ဒီနှစ် ၆၉နှစ်‌မြောက် အာဇာနည်‌နေ့တွင်လည်း အာဇာနည်ဗိမာန်သို့ ဒုတိယသမ္မတ ဦးမြင့်‌ဆွေ၊ ပြည်သူ့လွှတ်‌တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်၊ အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်‌ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်တို့ လွမ်းသူပန်း‌ခွေချ အ‌လေးပြုပြီး ‌မေတ္တာပို့သ အမျှ‌ဝေခဲ့ကြသည်။

မနှစ်က(၂၀၁၅ ခုနှစ်) အာဇာနည်ဗိမာန်သို့ “ကာချုပ်” တက်‌ရောက်အ‌လေးပြုခြင်း မရှိခဲ့။
(၂၀၁၆ခုနှစ်) ဒီနှစ်‌တော့ ကာချုပ် အ‌လေးပြုသည်။ ယင်းကို မလိုအပ်ဘဲ အကျယ်ချဲ့‌နေသည်။ ထူးခြားသည်ဟု မမြင်၊ လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်သွားကြသည်ဟုသာ မြင်သည်။

(၂၀၁၅ခုနှစ်) မနှစ်က သမ္မတဦးသိန်းစိန်က ‌နေပြည်‌တော်မှာ အာဇာနည်‌ခေါင်း‌ဆောင်ကြီးများကို ရည်စူးပြီး ဆွမ်းကပ်သည်။ (၂၀၁၆ခုနှစ်) ဒီနှစ်တွင်လည်း ‌နေပြည်‌တော်မှာ သမ္မတ ဦးထင်‌ကျော်က အာဇာနည်‌ခေါင်း‌ဆောင်ကြီးများကို ရည်စူးပြီး ဆွမ်း ကပ်သည်။ (၂၀၁၅ခုနှစ်) မနှစ်က သမ္မတဆွမ်းကပ်သည့် အခမ်းအနားသို့ “ကာချုပ်”တက်သည်။ ဒီနှစ် (၂၀၁၆ခုနှစ်) သမ္မတ ဦးထင်‌ကျော် ဆွမ်းကပ်သည့် အခမ်းအနားသို့ “ကာချုပ်” မတက်‌ရောက်ဘဲ “ကာချုပ်”က အာဇာနည်ဗိမာန်သို့လာပြီး တက် သည်။ အ‌ပြောင်းအလဲက ဒါပဲ ဖြစ်သည်။ “ကာချုပ်”က သမ္မတဦးသိန်းစိန် ဆွမ်းကပ်ပွဲတက်ပြီး သမ္မတဦးထင်‌ကျော် ဆွမ်းကပ် သည့် အခမ်းအနားမတက်တာကို ထူးခြားသည်ဟု သုံးသပ်ကြလျှင် လူရယ်စရာဖြစ်လိမ့်မည်။

လုပ်ရိုးလုပ်စဉ်ဟု‌ပြောရသည်မှာ တခြား‌ကြောင့်မဟုတ်။ မနှစ်က‌ရောက ဒီနှစ်မှာပါ သမ္မတဆွမ်းကပ်ပွဲကို ချီးမြှင့်သည့် ဆရာ ‌တော်ကြီးမှာ ပျဉ်းမနားမြို့ ‌ဈေးကုန်း‌ကျောင်းတိုက် ပဓာန နာယက ဆရာ‌တော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒန္တ ကဝိသာရကပဲ တရားချီးမြှင့်တာဖြစ်ပါသည်။ ‌ရှေ့ကအတိုင်း လုပ်ရိုးလုပ်စဉ်သ‌ဘော လုပ်ကြတာသာဖြစ်ပါလိမ့်မည်။ သို့‌သော် လည်း ရည်ရွယ်ချက်တစ်ခုခုနှင့် ဖြန့်ထုတ်လိုက်‌သော ဓါတ်ပုံ‌တွေကြည့်ပြီး လူ‌တွေက ဆန္ဒစွဲဖြင့် အဓိပ္ပာယ်‌တွေ ‌ကောက်‌နေကြ သည်။

ထူးခြား‌လေးနက်သည်ဟု မြင်သည့်အချက်မှာ ယခင်နှစ်ကာလများနှင့်မတူဘဲ တစ်တိုင်းတစ်ပြည်လုံးရှိ ပြည်သူများက မိမိတို့ ‌နေထိုင်ရာ‌ဒေသအသီးသီးတွင် “၆၉နှစ်‌မြောက် အာဇာနည်‌နေ့”အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ၊ ခမ်းနားထည်ဝါစွာ ကျင်း ပကြခြင်းပင်ဖြစ်ပါသည်။ ဤသို့ကျင်းပကြသည်မှာ စစ်မှန်‌သောဒီမိုက‌ရေစီကို တစ်တိုင်းတစ်ပြည်လုံးနှင့် ပြည်သူလူထုက နှစ်နှစ် ကာကာ လိုလား‌ကြောင်း အခိုင်အမာ ထပ်မံ၍ ဆန္ဒထုတ်‌ဖော်ပြသခြင်းပင်ဖြစ်သည်ဟု ယူဆပါသည်။

အတိအကျဆိုရလျှင် ပြည်သူလူထုက “ဗိုလ်‌နေဝင်းလမ်းစဉ်”ကို မလိုလား၊ “ဗိုလ်ချုပ်‌အောင်ဆန်းလမ်းစဉ်”ကိုသာ လိုလားသည် ဟု အခိုင်အမာ ‌ဖော်ပြလိုက်ခြင်းဟု မြင်ပါသည်။ မြင်ကြရပါမည်။

“ဗိုလ်‌နေဝင်းလမ်းစဉ်” ဆိုသည်မှာ အဘယ်နည်း။

“ဗိုလ်‌နေဝင်းလမ်းစဉ်”ကို အတိုဆုံး‌ပြောပြရလျှင် “ဒီမိုက‌ရေစီနင်း‌ခြေပြီး စစ်အုပ်စုက နိုင်ငံ‌တော်အာဏာကို ထာဝစဉ် သိမ်းပိုက် ထားလိုသည့်လမ်းစဉ်”ပင်ဖြစ်သည်။ ထို့အပြင် ပြည်‌ထောင်စုစစ်စစ် (ဝါ) ဖက်ဒရယ်ပြည်‌ထောင်စု ‌တောင်းဆိုမှုကို “ခွဲထွက်‌ရေး (ဝါ) ပြည်‌ထောင်စုဖြိုခွဲ‌ရေး”ဟု သရုပ်ဖျက်‌သောလမ်းစဉ်မှာ ဗိုလ်‌နေဝင်းလမ်းစဉ်ပင်ဖြစ်ပါသည်။ ‌နောက်တမျိုး‌ပြောရလျှင် “ပြည် တွင်းစစ်ကို ‌မွေးမြူထားပြီး ပြည်‌ထောင်စုအတုဖြင့် လိမ်ညာလှည့်ပတ်ထားသည့်လမ်းစဉ်”လည်း ဖြစ်သည်။

‌နောက်ထပ်တမျိုး ထပ်‌ပြောရလျှင် “စစ်တပ်ကို စစ်အုပ်စုက တစ်လက်ကိုင် တပ်သဖွယ်လုပ်ပြီး အ‌ခြေခံဥပ‌ဒေအထက်မှ ‌နေကာ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေး၊ ယဉ်‌ကျေးမှု စသဖြင့် နယ်ပယ်‌ပေါင်းစုံကို စိတ်ကြိုက်လက်ဝါးကြီးအုပ်၊ ချုပ်ကိုင်ခြယ်လှယ်ထား သည့်လမ်းစဉ်”ပင် ဖြစ်သည်။

ယ‌နေ့‌ပြော‌နေကြသည့် “စည်းကမ်းပြည့်ဝ‌သော ဒီမိုက‌ရေစီနှင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဆိုသည်မှာ “မူလပထမ ဗိုလ်‌နေဝင်းလမ်း စဉ်”ကို ‌ခေတ်စနစ်နှင့်အညီ ပြုပြင်‌ပြောင်းလဲထားသည့် “၂၁ရာစု ဗိုလ်‌နေဝင်းလမ်းစဉ်”သာ ဖြစ်ပါသည်။

သို့ပါ၍ ပြည်သူလူထုသည် “မူလပထမဗိုလ်‌နေဝင်းလမ်းစဉ်”ကိုဖြစ်‌စေ၊ ‌ခေတ်စနစ်နှင့်အညီ မိတ်ကပ်လိမ်းအလှခြယ်သထား သည့် “၂၁ ရာစု ဗိုလ်‌နေဝင်းလမ်းစဉ်”ကိုဖြစ်‌စေ ရင်ထဲအသည်းထဲမှ ရွံရှာမုန်းတီးပါသည်။

“ဗိုလ်ချုပ်‌အောင်ဆန်းလမ်းစဉ်”ကား အဘယ်နည်း။

အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး ‌ပြောပြရမည်ဆိုလျှင် “ပြည်သူလူထုကို ပထမနှင့် အဓိက‌နေရာမှာထား‌သော လမ်းစဉ်”သည် “ဗိုလ် ချုပ်‌အောင်ဆန်းလမ်းစဉ်”ပင် ဖြစ်ပါသည်။ “တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံ‌သောလမ်းစဉ်”ကို ဗိုလ် ချုပ်‌အောင်ဆန်းလမ်းစဉ်ဟု ‌ခေါ်ဆိုနိုင်ပါသည်။

ထို့အပြင် စစ်တပ်သည် ပြည်သူ့အ‌စေခံအဖြစ်၊ ဒီမိုက‌ရေစီနှင့် ပြည်သူ့အကျိုးစီးပွားကို အစဉ်ထိန်းသိမ်း‌စောင့်‌ရှောက် ကာကွယ် ‌သောလမ်းစဉ်ဟု အခြားတစ်ဖက်မှ‌နေ၍ ‌ပြောလျှင်လည်း ရပါသည်။ တစ်နည်း‌ပြောရလျှင် “ကာချုပ်နှင့်စစ်တပ်”သည် အစိုးရအ ဖွဲ့၏ ဝန်ကြီးဌာနတစ်ခုဖြစ်‌သော ကာကွယ်‌ရေးဝန်ကြီးဌာနလက်‌အောက်တွင် တိုင်းပြည်နှင့်လူထုအား အချိန်မ‌ရွေး ရင်ဆိုင်၊ ကျ ‌ရောက်လာနိုင်သည့် ပြည်ပရန်၊ သဘာဝ‌ဘေးအန္တရာယ်များမှ ကာကွယ်‌ရေးနှင့် ကူညီ‌ရေးကို စွမ်းစွမ်းတမံ ထမ်း‌ဆောင်သည့် စနစ်ဟုလည်း ‌ပြောလို့ရပါသည်။

အခြားတစ်နည်းဖြင့်‌ပြောရလျှင် “ကာချုပ်နှင့်စစ်တပ်” ပြည်‌ထောင်စုလွှတ်‌တော်၊ နိုင်ငံ‌တော်အစိုးရနှင့် နိုင်ငံ‌တော်သမ္မတ၏ အမိန့် ကို တ‌သွေမတိမ်း လိုက်နာ‌ဆောင်ရွက်ခြင်းသည် “ဗိုလ်ချုပ်‌အောင်ဆန်းလမ်းစဉ်”ဟု ‌ပြောနိုင်ပါသည်။

“ကာချုပ်နှင့်စစ်တပ်”က အ‌ခြေခံဥပ‌ဒေ၊ လွှတ်‌တော်၊ နိုင်ငံ‌တော်အစိုးရနှင့်သမ္မတကို အမိန့်‌ပေးနိုင်၊ စိတ်ကြိုက်ခြယ်လှယ် ထိန်း ‌ကျောင်းနိုင်ခွင့်ဥပ‌ဒေအရ တရားဝင် တည်ရှိ‌နေ‌သောစနစ်သည် စစ်အာဏာရှင်စနစ်သာ ဖြစ်ပါသည်။ ဗိုလ်‌နေဝင်းလမ်းစဉ်သာ ဖြစ်မြဲ ဖြစ်ပါလိမ့်မည်။
ဘယ်‌တော့မှ၊ ဘယ်လိုမှ ဗိုလ်ချုပ်‌အောင်ဆန်းလမ်းစဉ် မဟုတ်နိုင်ပါ/ မဖြစ်နိုင်ပါ။

ထိုသို့ “ဗိုလ်‌နေဝင်းလမ်းစဉ်” ရွံရှာမုန်းတီး‌ကြောင်း၊ လုံးဝ မလိုလား‌ကြောင်း၊ “ဗိုလ်ချုပ်‌အောင်ဆန်းလမ်းစဉ်”ကိုသာ နှစ်သက်လို လားတန်ဖိုးထား‌ကြောင်း၊ ချစ်ခင်မြတ်နိုးပါ‌ကြောင်း တစ်တိုင်းတစ်ပြည်လုံးမှ ပြည်သူများသည် မိမိတို့‌နေထိုင်ရာ နယ်ပယ်‌ဒေသ အသီးသီးတွင် ၆၉နှစ်‌မြောက်အာဇာနည်‌နေ့ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပကြခြင်းဖြင့် ရင်ထဲအသည်းထဲကဆန္ဒကို ထုတ်‌ဖော် ပြသခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ဖြင့် ပြည်သူများသည် သူတို့ရင်ထဲမှ အမုန်းနဲ့အချစ်ကို လင်းလက်ထင်ရှား‌စေခဲ့ပြီ။

ထို့အပြင် သမိုင်း၏ အရှိတရားနှင့် အာဇာနည်များ၏ မ‌ပျောက်ပျက်နိုင်‌သော ပကတိဂုဏ်ဒြပ်ကို မှိန်‌ဖျော့‌သေးသိမ်သွား‌အောင် မည်သူကမျှ၊ မည်သို့မျှ လုပ်၍မရနိုင်‌ကြောင်း အထင်အရှား သက်‌သေပြခဲ့သည်။

ပြည်သူများ၏ ဤသို့ဆန္ဒထုတ်‌ဖော်ပြသမှုကို ဒီချုပ်ပါတီအစိုးရအ‌နေဖြင့် အ‌လေးအနက် အသိအမှတ်ပြုလိမ့်မည်ဟု မှတ်ယူပါ သည်။ ဒီမိုက‌ရေစီဆိုသည်မှာ ပထမအချက်အ‌နေဖြင့် ပြည်သူများ၏ အဆုံးအဖြတ်ကို ခံယူခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုအ ချက်၌သာ ရပ်တန့်‌နေရန် မဟုတ်ပါ။ ဒုတိယအချက် ဒီမိုက‌ရေစီရဲ့ဝိဉာဉ်ဟု ဆိုရမည့်အချက်မှာ ပြည်သူများက ‌ပေးအပ်လိုက် သည့် အဆုံးအဖြတ်ကို ‌လေးစားလိုက်နာပြီး ပြည်သူတို့က ‌ပေးအပ်ထားသည့် အဆုံးအဖြတ်အတိုင်း တိကျခိုင်မာစွာ အ‌ကောင် အထည်ရမည်သာ ဖြစ်သည်။

ယင်းသို့ ‌လေးစားလိုက်နာ၊ လက်‌တွေ့ အ‌ကောင်အထည်‌ဖော်သည့် စနစ်ကိုသာ စစ်မှန်‌သောဒီမိုက‌ရေစီစနစ်ဟု ‌ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ယင်းသို့‌သောစနစ်ကို လက်‌တွေ့တွင် တိကျစွာ တာဝန်ယူ၊ တာဝန်ခံ၍ အ‌ကောင်အထည်‌ဖော်‌သော အစိုးရကိုသာ ဒီမိုက ‌ရေစီ အစိုးရဟု ‌ခေါ်ဆိုနိုင်ပါလိမ့်မည်။ ‌ခေါ်ဆိုရပါလိမ့်မည်။

ဗိုလ်ချုပ်‌အောင်ဆန်းသမီး အမှူးပြု‌သော ဒီချုပ်အစိုးရသည် “ဗိုလ်ချုပ်‌အောင်ဆန်းလမ်းစဉ်”ကို ပြည်သူများနှင့်အတူ ရဲရင့်ပြတ် သားစွာ ‌အောင်မြင်စွာ အ‌ကောင်အထည်‌ဖော်‌ဆောင်နိုင်ပါ‌စေသတည်း။