Home သတင်း ကရင်တက္ကသိုလ် ‌ကျောင်းသား၊ ‌ကျောင်းသူ ‌ဘောလုံးပွဲ YUOE နှင့် NRDC ဗိုလ်စွဲ

ကရင်တက္ကသိုလ် ‌ကျောင်းသား၊ ‌ကျောင်းသူ ‌ဘောလုံးပွဲ YUOE နှင့် NRDC ဗိုလ်စွဲ

2227

ဇူလိုင် ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန် ကရင်တက္ကသိုလ် ‌ကျောင်းသူ၊ ‌ကျောင်းသားများ တတိယအကြိမ်‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲများကို ဇူလိုင် ၁၉ ရက် ‌နေ့လည်ပိုင်းတွင် ရန်ကုန်ပညာ‌ရေးတက္ကသိုလ်ဝန်း ‌ဘောလုံးကွင်း၌ ကျင်းပရာ အမျိုးသမီးပွဲတွင် ရန်ကုန်ပညာ‌ရေးတက္ကသိုလ်(YUOE)နှင့် အမျိုးသားပွဲစဉ်တွင် ပြည်‌ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ဒီဂရီ‌ကောလိပ် (NRDC)အသင်းတို့က အသီးသီးအနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

ပြိုင်ပွဲ ‌နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင် ၁၉ ရက်‌နေ့တွင် ကျင်းပခဲ့ပြီး အမျိုးသမီးပွဲစဉ်တွင် ရန်ကုန်ပညာ‌ရေး တက္ကသိုလ်အသင်းက ရန်ကုန်သူနာပြုတက္ကသိုလ်အသင်းကို ၃ ဂိုး ပြတ်ဖြင့် လည်း‌ကောင်း၊ အမျိုးသားပွဲစဉ် တွင် ပြည်‌ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ဒီဂရီ‌ကောလိပ် အသင်းက ဒဂုံတက္ကသိုလ်အသင်းကို ၄ ဂိုး ၁ ဂိုး ဖြင့် လည်း‌ကောင်း အသီးသီးအနိုင်ရဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသမီးအ‌ကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သည့် ရန်ကုန်သူနာပြု တက္ကသိုလ် ဒုတိယနှစ် ‌ကျောင်းသူ နန်းစုစု‌ဌေးက “အခုလို အ‌ကောင်းဆုံး ဂိုးသမားဆုနဲ့ အသင်းလိုက် စုစည်းညီညွတ်တဲ့ ဆုရတဲ့အတွက်လည်း ညီမတို့ အသင်းသား‌တွေ ‌ပျော်ရွှင်‌နေကြတယ်။ အနိုင်အရှုံးထက် ကိုယ့်ကရင်‌ကျောင်းသူ‌ကျောင်းသား‌တွေ စုစု စည်းစည်း ပိုမိုသိကျွမ်းခွင့်ရလို့လည်း ‌ပျော်တယ်။ တိုက်တွန်းချင်တာက ချိတ်ဆက်မှုအား‌ကောင်း‌ကောင်းနဲ့ ဒီထက်ပိုပြီး‌ကောင်း‌အောင် ‌နောက်နှစ်ဝိုင်းလုပ်ကြ‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဘောလုံးပြိုင်ပွဲသည် ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးတွင် လာ‌ရောက်ပညာသင်ကြား‌နေသည့် ကရင်‌ကျောင်းသူ‌ကျောင်းသားများ အချင်းချင်း မိတ်ဆက်‌တွေဆုံနိုင်ရန်နှင့် စည်းလုံးညီညွတ်မှုရှိရန် ရည်ရွယ်၍ ကျင်းပသည့် ‌ဘောလုံးပြိုင်ပွဲဖြစ်ပြီး ပွဲဖြစ်‌မြောက်‌ရေးအတွက် အခက်အခဲများစွာ ကြုံ‌တွေ့ခဲ့ရ‌ကြောင်း ပွဲဖြစ် ‌မြောက်‌ရေး‌ကော်မတီဝင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဒီပလိုမာ‌ကျောင်းသား မန်း‌သောလျှံက ‌ပြောသည်။
IMG_5523
“ကျ‌နော်တို့ ဖွင့်ပွဲကို ပညာ‌ရေးတက္ကသိုလ်ကွင်းက မအားလို့ မိုင်လာကွင်းမှာ သွားလုပ်ရတယ်။ အခု ဗိုလ်လုပွဲပြီး ဆုချီးမြှင့်‌ပေးမဲ့ စာယဉ်က ဆရာမ‌တွေမလာဘူး။ သံလျင်ဆရာ‌တော်ကပဲ ဆုချီးမြှင့်‌ပေးတယ်။ ကျ‌နော်တို့ဘဝက အမိမဲ့သား‌တွေလိုပဲ။ ‌ရေးရာဝန်ကြီးကို ‌မောင်မယ်သစ်လွင် ကြိုဆိုပွဲတုံးက ဖိတ်တယ်၊ မအားဘူး ‌ပြောတယ်။ ဘာပဲဖြစ်ဖြစ် တခြား တိုင်းရင်းသား‌တွေက အား‌ပေးသူရှိ‌တော့ ‌ကောင်း‌ကောင်းလုပ်နိုင်တယ်။ ဝိုင်းကူသူ အားလုံးကို ‌ကျေးဇူးတင်ပါတယ်”ဟု မန်း‌သောလျှံက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်‌ကျောင်းသူ‌ကျောင်းသားများ ‌ဘောလုံးပွဲကို အခက်အခဲအမျိုးမျိုးကြားမှ ‌အောင်မြင်စွာ ကျင်းပနိုင်သည့် အတွက် ဂူဏ်ယူသလို နှစ်စဉ်ဖြစ်‌အောင် လုပ်သွားနိုင်‌အောင် ဝိုင်းကြိုးစားသွားမည်ဟု ဂိုးအများဆုံးသွင်းသူ ‌ရွှေဖိနပ်ဆုရ ပြည်‌ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးဒီဂရီ‌ကောလိပ် စတုတ္ထနှစ် အင်ဂျင်နီယာ ‌ကျောင်းသား စခင်နိုင်ဦးကလည်း ‌ပြောသည်။

ယခုနှစ်အတွက် ယင်း‌ဘောလုံးပြိုင်ပွဲကို ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တက္ကသိုလ်များ (ရန်ကုန်)မှ ဦး‌ဆောင်ပြီး တက္ကသိုလ်ကရင် ‌ကျောင်းသားများ ဖလား‌ဘောလုံးပြိုင်ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ စီစဉ်မှုဖြင့် ဇွန် ၂၅ ရက်‌နေ့တွင် စတင်ကျင်းပကာ အမျိုးသားအသင်း ၈ သင်းနှင့် အမျိုးသမီးအသင်း ၃ သင်းတို့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ‌နောက်ဆုံး၌ အဆိုပါ အသင်းတို့ ဗိုလ်စွဲခဲ့ကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က တက္ကသိုလ်စာယဉ် ဦး‌ဆောင်မှုဖြင့် ကျင်းပသည့် တက္ကသိုလ် ကရင်‌ကျောင်းသားများ ‌ဘောလုံးပွဲသည် ယခုဆိုလျှင် သုံးကြိမ်တိုင်ပြည့်‌မြောက်ပြီး အမျိုးသမီး‌ဘောလုံးပြိုင်ပွဲကိုမူ ၂၀၁၅ ခုနှစ်တွင် စတင်ထည့်သွင်းပြုလုပ်ခဲ့‌ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။