Home သတင်း လက်ရှိအချိန်နှင့် လိုက်‌လျောညီ‌ထွေ‌ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်များ သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်း ထုတ်‌ဝေ

လက်ရှိအချိန်နှင့် လိုက်‌လျောညီ‌ထွေ‌ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်များ သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်း ထုတ်‌ဝေ

1734

ဇူလိုင် ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

လက်ရှိ မြန်မာနိုင်ငံ အ‌ခြေအ‌နေနှင့် လိုက်‌လျောညီ‌ထွေရှိစွာ ‌ရေးဆွဲထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အ‌ခြေခံသိပ္ပံ၊ လုပ် ငန်းခွင်ဝင်မည့် ဆရာများအတွက် သင်ကြား‌ရေးနည်းစနစ် လမ်းညွှန်စာအုပ်နှင့် လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်‌နေသည့် လူငယ်များ အတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်ရိုးညွှန်းတမ်း စာအုပ်သစ်များကို သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းက ဇွန်လ ၃ဝရက်‌နေ့ တွင် မိတ်ဆက်ထုတ်‌ဝေလိုက်သည်။

ထို‌နေ့ည‌နေ ၃နာရီမှ ၅နာရီအထိ ရန်ကုန်မြို့၊ စိမ်းလမ်းစို‌ပြေဥယျာဉ် Zephyr စား‌သောက်ဆိုင်ခန်းမ၌ ပြုလုပ်ခဲ့‌သော အဆိုပါ စာအုပ်သုံးအုပ် မိတ်ဆက်ထုတ်‌ဝေခြင်း အခမ်းအနားတွင် အဆိုပါသင်ရိုးညွှန်းတမ်းများကို လက်ရှိ မြန်မာနိုင်ငံ၏ အ‌ခြေအ‌နေနှင့် ကိုက်ညီစွာ ‌ရေးဆွဲထားခြင်းဖြစ်သည်ဟု သ‌ပြေပညာ‌ရေး ‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူများက အခုလို ‌ပြောသည်။

“အခု သဘာဝပတ်ဝန်းကျင်နဲ ့ပတ်သက်ပြီး‌တော့ စာအုပ်‌တွေ အများကြီးရှိတယ်။ ဘာလို ထပ်ပြုစုစရာလိုလည်း ‌မေးစရာရှိ တယ်။ သဘာဝပတ်ဝန်းကျင်နဲ ့ပတ်သက်ပြီး‌တော့ သင်‌နေတဲ့‌နေရာမှာ လွယ်ကူ‌အောင်၊ သင်တဲ့အခါမှာလည်းပဲ မြန်မာနိုင်ငံရဲ့ အ‌ခြေအ‌နေ၊ အ‌နေအထားနဲ့ ကိုက်ညီမဲ့ သင်ခန်းစာ အချက်အလက်‌တွေ ပါဝင်‌အောင်၊ ‌နောက်တချက်က‌တော့ ‌ထွေ‌ထွေထူးထူး သိပ္ပံအခန်း‌တွေဘာ‌တွေ သုံးစရာမလိုဘဲနဲ့ လွယ်လွယ်ကူကူ သင်ကြားနိုင်‌အောင် ကျ‌နော်တို ့ဒီစာအုပ်ကို ပြုစုထားတာဖြစ် တယ်”ဟု သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်း အမှု‌ဆောင်ဒါရိုက်တာ ‌စောမျိုးမင်းသူက ‌ပြောသည်။

ထို့အပြင် ‌နေရာ၊ ‌ဒေသ၊ အ‌ခြေအ‌နေ လိုအပ်ချက်အရ နယ်စပ်‌ဒေသ‌ရွှေ့‌ပြောင်း‌ကျောင်းများ၊ ဘုန်း‌တော်ကြီးသင် စာသင် ‌ကျောင်းများ စသည်တို့တွင် ဆရာအတတ်သင်‌ကျောင်းများ တက်‌ရောက်နိုင်ခြင်းမရှိဘဲ သင်ကြား‌ရေးလုပ်ငန်းခွင်ဝင်မည့် ဆရာ များအ‌နေဖြင့် မြန်မာစာဖြင့် မိတ်ဆက်ထုတ်‌ဝေသည့် သင်ကြား‌ရေး အတတ်ပညာနည်းလမ်းများ သင်ရိုးစာအုပ်ကို အလွယ်တ ကူ ‌လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်ထုတ်‌ဝေခဲ့ခြင်း ဖြစ်‌ကြောင်း ‌ဖောင်‌ဒေးရှင်း ဒါရိုက်တာတဦးဖြစ်သူ မအိအိထွန်းရှိန်က လည်း ‌ပြောဆိုသည်။

အလားတူ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်ရိုးညွှန်းတမ်းပြုစုရခြင်းမှာ မြန်မာနိုင်ငံတွင် လက်ရှိလူငယ်များ အလုပ်‌လျှောက်ရာတွင် ကျား၊ မ၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ အရပ် အမြင့် စသည်များကို ကိုယ်‌ရေးအကျဉ်း (CV) တို့တွင် ထည့်သွင်း‌ဖော်ပြထား ပြီး အမှန်တကယ်လုပ်ငန်းခွင်တွင် ယင်းအချက်များမှ မလိုအပ်ပဲ လုပ်ငန်းကျွမ်းကျင်မှုကိုသာ အဓိကထားရမည်ဖြစ်သည့်အ တွက် အခုလို လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာများ၊ အဓိက ‌ရေးသား‌ဖော်ပြထားသည့် ‌လျှောက်လွှာများ မည်သို ့‌ရေးရမည်ကို သင်ရိုးညွှန်းတမ်း ပြုစု ထုတ်‌ဝေခဲ့ခြင်းဖြစ်သည်ဟု ‌စောမျိုးမင်းသူက ဆက်‌ပြောသည်။

လက်ရှိ မိတ်ဆက်ထုတ်‌ဝေလိုက်သည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို နယ်စပ်အ‌ခြေပြု ‌ရွှေ့‌ပြောင်း‌ကျောင်းများ၊ ဘုန်း‌တော်ကြီး သင် ပညာ‌ရေး‌ကျောင်းများ ပြည်တွင်း လူမှုအဖွဲ့အစည်းအချို့ဖြစ်သည့် ‌ဒေါ်ခင်ကြည်‌ဖောင်‌ဒေးရှင်း စသည့်‌ကျောင်းများတွင် သင်ကြားသွားမည်ဖြစ်သည်။

ထို ့ပြင် သ‌ပြေပညာ‌ရေး ‌ဖောင်‌ဒေးရှင်းအ‌နေဖြင့် အဂင်္လိပ်စာ သင်ကြား‌ရေး အ‌ခြေခံစာအုပ်များ၊ မြန်မာသမိုင်း၊ အ‌ခြေခံသချင်္ာ၊ နိုင်ငံ‌ရေးအ‌တွေးအ‌ခေါ် စသည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ထုတ်‌ဝေခဲ့ပြီးဖြစ်သလို ပြည်တွင်း၌ ဘာသာစကား၊ ပတ်ဝန်း ကျင်ထိန်းသိမ်း‌ရေး၊ လူမှုဖွံ့ဖြိုး‌ရေး စသည့်သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လွန်ခဲ့သည့် ၁၉နှစ်ခန့်က စတင်တည်‌ထောင်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ကံ့‌ကော်ပညာ‌ရေးစင်တာကို တိုးချဲ့ဖွင့်လှစ်ခဲ့သလို ပြည်တွင်း၌ ၂၀၁၁ခုနှစ်တွင် ‌ပြောင်း‌ရွှေ့ဖွင့်လှစ်ခဲ့ပြီး ယခုလတွင် ကံ့‌ကော် ဘာသာပြန်သင်တန်း‌ကျောင်းကို ‌တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်းသိရသည်။