Home သတင်း ဖာပွန်ခရိုင် ‌တောင်ယာစပါးခင်းတွင် ကြွက်များဝင်‌ရောက်ဖျက်ဆီးမှု ဆိုးဝါးလျှက်ရှိ

ဖာပွန်ခရိုင် ‌တောင်ယာစပါးခင်းတွင် ကြွက်များဝင်‌ရောက်ဖျက်ဆီးမှု ဆိုးဝါးလျှက်ရှိ

1522

ဇူလိုင် ၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU၏ ဖာပွန်ခရိုင် ဘူးသို့၊ ဒွဲ့လိုးနှင့် လူ‌သောမြို့နယ်များရှိ ‌ကျေးရွာအများစုတွင် ‌ဒေသခံ ‌တောင် သူများ စိုက်ပျိုးထားသည့် ‌တောင်ယာစပါးခင်းများကို ဇွန်လဆန်းပိုင်းမှစ၍ ယခုအချိန်ထိ ကြွက်များ ဝင်‌ရောက်ဖျက်ဆီးခံရမှုကို ဆိုးဆိုးဝါးဝါး ကြုံ‌တွေ့‌နေရသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါ မြို့နယ်များအနက် လူ‌သောမြို့နယ်၊ ‌ပေ‌ကေ‌ကျေးရွာအုပ်စုရှိ ‌လေးပူဒန်း၊ထီးဖိုးထ၊ ‌မောယူနီ၊ ‌သေ့ဟန်းမုဒဲ၊ ထီးဆွဲနီ၊ ကလို‌ဘောခို့၊ ကလို‌ဘောထနှင့် ‌သေခထ‌ကျေးရွာများမှာ ကြွက်များ၏ ဖျက်ဆီးခံရမှုကို အဆိုးဝါးဆုံးကြုံ‌တွေ့‌နေရပြီး တချို့မှာ ပြန်လည်လုပ်ကိုင်၍ မရသည့် အ‌ခြေအ‌နေအထိ ဖြစ်‌နေ‌ကြောင်း KNU ဖာပွန်ခရိုင်အတွင်း‌ရေးမှူး ပဒို‌စောလွဲ‌ဂေက ‌ကေအိုင်စီ သို့ ယ‌နေ့ ‌ပြောသည်။

“လူ‌သောမြို့နယ်က အဆိုးဝါးဆုံးကြုံ‌တွေ့‌နေရတယ်လို့‌တော့ ‌လော‌လောဆယ် သိထားတယ်။ တစ်ညတစ်ည ‌ဒေသခံရွာသား ‌တွေ သွားထိုးတာ ကြွက်အ‌ကောင်‌ရေ ရာနဲ့ချီပြီး ရကြတယ်။ ဒီလိုဖြစ်တာက သဘာဝပတ်ဝန်းကျင်ပျက်စီးမှု‌တွေနဲ့ ဆက်စပ်‌နေ တယ်လို့ ကျ‌နော်ထင်တယ်။ သစ်‌တွေ ဝါး‌တွေ ‌တောင်ယာခုတ်ထွင်ရှင်းလင်းမှု‌တွေက များလာ‌တော့ ကြွက်‌တွေလည်း ‌နေစရာ၊ စားစရာ မရှိဖြစ်လာပြီး ဒီလိုဝင်‌ရောက်ဖျက်ဆီးတယ်လို့‌တော့ ‌ပြောလို့ရတာ‌ပေါ့”ဟု ပဒို‌စောလွဲ‌ဂေက ဆိုသည်။

ကြွက်များ ဝင်‌ရောက်ဖျက်ဆီးမှုခံ‌နေရသည့် မြို့နယ်(၃)ခု၏ ပျက်စီးမှု အ‌ရေအတွက်စာရင်းကို သက်ဆိုင်ရာ မြို့နယ်များသို့ ‌တောင်းခံထားပြီး စာရင်းများ အစုံအလင် အတိအကျရရှိပါက ဗဟိုနှင့် လယ်ယာစိုက်ပျိုး‌ရေးဌာန၊ ဌာ‌နေမဲ့ ကရင်ပြည်သူများ ကူညီ‌စောင့်‌ရှောက်‌ရေး‌ကော်မတီ (CIDKP)နှင့် Karen Office of Relief and Development (KORD) စသည့် အဖွဲ့အစည်း များကို အကူအညီ‌တောင်းခံ တင်ပြသွားမည်ဟုလည်း ‌စောလွယ်‌ဂေက ဆက်‌ပြောသည်။

ထိုကဲ့သို့ ‌တောင်ယာစပါးခင်းများအား ကြွက်များ ဆုိုးဆုိုးဝါးဝါး ဝင်‌ရောက်ဖျက်ဆီးမှု‌ကြောင့် ‌ဒေသခံ ‌တောင်ယာလုပ်ကိုင်သူ ရွာသူရွာသားများသည် ၎င်းတို့၏ အဓိက စားနပ်ရိက္ခာဖြစ်‌သော ဆန်စပါးမှာ လာမည့်နှစ်အတွက် အခက်အခဲ ရှိလာနိုင်‌ကြောင်း ၎င်း‌ဒေသများမှ ‌တောင်သူများက အထူး စိုးရိမ်‌နေကြသည်။
လူ‌သော‌ဖော‌ဒေး ‌တောင်ယာခင်း
“ကြွက်‌တွေ ‌တောင်ယာထဲကျခါစကဆိုရင် ‌တောင်ယာခင်းထဲ စပါး လာကြည့်တာ မြက်‌ပေါင်းပင်‌တောင် မခုတ်ချင်‌တော့ဘူး။ ‌တောင်ယာခင်းက စပါး‌တွေကိုကြည့်ပြီး ငို‌တောင်ငိုချင်တယ်။ ‌တောင်ယာခုတ်ပြီး လုပ်ကိုင်စား‌သောက်‌နေရတဲ့ ကျ‌နော်တို့ဘဝ က အခုလို ကြွက်‌တွေလာဖျက်ဆီး‌တော့ အရမ်းကို စိတ်ပျက်သွားတယ်။ လာမယ့်နှစ်‌တွေအတွက် စဉ်းစားလို့‌တောင် မရဲ‌တော့ ဘူး”ဟု ‌တောင်ယာစပါးခင်း ကြွက်ဖျက်ဆီးခံခဲ့ရသူ ရွာသားတစ်ဦး၏ ‌ပြောဆိုချက်ကို KNU ဖာပွန်ခရိုင်၏ လူ‌သော‌ဖော‌ဒေး ဘ‌လော့ဂ်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ကြွက်များသည် စိုက်ပျိုးထားသည့် စပါးမျိုး‌စေ့များ၊ စပါးစို့များနှင့် အပင်‌ပေါက်များကို စား‌သောက် ကိုက်ဖြတ်ဖျက်ဆီး ကြပြီး ကျယ်ပြန့်သည့် ‌တောင်ယာခင်းများကို ‌ဘေးပတ်ပတ်လည်တွင် အဓိက လိုက်လံကိုက်ဖြတ်ဖျက်ဆီးခဲ့ကြပြီး ကျဉ်း‌သော ‌တောင်ယာခင်းအချို့မှာ တစ်ခင်းလုံးနီးပါး ဖျက်ဆီးခံလိုက်ရသည်ဟု ‌ပြောဆိုကြသည်။

ဖာပွန်ခရိုင်အတွင်း ‌နေထိုင်ကြသည့် ဋ္ဌာ‌နေကရင်လူမျိုးများသည် ‌တောင်ယာခုတ်ခြင်းဖြင့် အဓိက အသက်‌မွေးဝမ်း‌ကျောင်းကြ ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း ‌တောင်ယာများအတွင်း ကြွက်များ ဝင်‌ရောက်ဖျက်ဆီးသည့် အလားတူ ဖြစ်ရပ်မျိုး ကြုံ ‌တွေ့ခဲ့ရဖူး‌ကြောင်း သိရသည်။