Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတက်‌ရောက်ရန် အစိုးရနှင့် UNFC ဆက်‌ဆွေး‌နွေးမည်

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတက်‌ရောက်ရန် အစိုးရနှင့် UNFC ဆက်‌ဆွေး‌နွေးမည်

1826

ဇူလိုင် ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ဩဂုတ်လအတွင်း ပြုလုပ်ရန် စီစဉ်‌နေသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ (၂၁ ရာစု ပင်လုံညီလာခံ)သို့ ညီညွတ်‌သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC) တက်‌ရောက်ရန် အစိုးရနှင့် ဆက်‌ဆွေး‌နွေးသွားမည်ဟု UNFC နိုင်ငံ‌ရေးဆိုင်ရာ ညှိ နှိုင်း‌ဆွေး‌နွေး‌ရေးကိုယ်စားလှယ်အဖွဲ့(DPN) အဖွဲ့‌ခေါင်း‌ဆောင် ခူးဦးရယ်က ဇူလိုင်လ ၁ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ UNFC နိုင်ငံ‌ရေး ဆိုင်ရာညှိနှိုင်း‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ‌ဒေါက်တာတင်မျိုးဝင်း ဦး‌ဆောင်သည့် အစိုးရ ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်‌ရေး‌ကော်မတီတို့ ဇူလိုင် ၁ရက်‌နေ့တွင် ရန်ကုန်မြို့၊ ‌ရွှေလီလမ်း အမှတ် ၁ဝရှိ အမျိုးသားရင်ကြား‌စေ့‌ရေးနှင့် ငြိမ်းချမ်း‌ရေးစင်တာ၌ နှစ်ဖက် ‌ဆွေး‌နွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ခူးဦးရယ်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ကြား သွားရမဲ့ လုပ်ငန်းအဆင့်‌လေး‌တွေ ရှိပါ‌သေးတယ်။ အဲ့ လုပ်ငန်းစဉ်မှာ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် ‌တွေလုပ်မဲ့ ညီလာခံရှိပါတယ်။ ညီလာခံလုပ်ပြီးမှပဲ ဘယ်လိုတက်ကြမလဲ တဆင့်ချင်း ညှိနှိုင်းပြီး‌တော့ ဆုံးဖြတ်သွားရမဲ့ကိစ္စ ဖြစ် တယ်။ ဒီ‌နေရာမှာ ကျ‌နော်တို့အဖွဲ့အစည်းက တပ်‌ပေါင်းစုရှိတယ်။ တပ်‌ပေါင်းစုထဲမှာ မပါဝင်တဲ့အဖွဲ့‌တွေလည်း ရှိ‌တော့ မိုင်ဂျာ ယန်းမှာ အ‌ဖြေရှာဖို့ ရှိတယ်။ ဘယ်လိုတက်မယ် မတက်ဘူးဆိုတာ ‌ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒါ‌ကြောင့် တက်မယ် မတက်ဘူး ဆိုတာ ‌ဖြေရမှာ တိတိပပ မရှိ‌သေးပါဘူး”ဟု DPN ‌ခေါင်း‌ဆောင် ခူးဦးရယ်က ‌ပြောသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်‌ရေး‌ကော်မတီအ‌နေဖြင့် ဇူလိုင်လအတွင်း ပြုလုပ်မည့် တိုင်း ရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ မိုင်ဂျာယန်းညီလာခံသို ့ တရားဝင် စာ‌ပေးပို ့သွားရန်ရှိပြီး ညီလာခံအပြီးတွင် ‌ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံတက်‌ရောက်‌ရေးအတွက် ဆက်‌ဆွေး‌နွေးမည့် လုပ်ငန်းစဉ်များရှိ‌နေ ‌သေး‌ကြောင်း ‌ကော်မတီဝင် ဦးလှ‌မောင်‌ရွှေက ‌ပြောသည်။

UNFC နိုင်ငံ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးကိုယ်စားလှယ်အဖွဲ့နှင့် ၂၁ရာစုပင်လုံ အကြိုပြင်ဆင်‌ရေး‌ကော်မတီတို့ ဇူလိုင်လ ၁ရက်နံနက် ၁ဝနာရီမှ ‌နေ့လည် ၁နာရီခွဲထိ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို မည်သို့ဆက်သွားမည့်ကိစ္စ၊ UNFC နှင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ ဇူလိုင်လလယ်ပိုင်းတွင် ‌တွေ့ဆုံမည့်ကိစ္စနှင့် ငြိမ်းချမ်း‌ရေးညီလာခံ ကျင်းပသည့်အခါ မည်သို့ပူး‌ပေါင်း‌ဆောင်ရွက်ရမည်ဆိုသည့် အ‌ခြေခံမှုများကို ‌ဆွေး‌နွေးခဲ့သည်ဟု ခူးဦးရယ်က ‌ပြောသည်။

အဆိုပါ‌ဆွေး‌နွေးပွဲသို့ DPN အဖွဲ့‌ခေါင်း‌ဆောင် ခူးဦးရယ်(KNPP)၊ ဒုအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်စိုင်းထူး(SSPP)၊ ‌ဒေါက်တာနိုင်‌ရွှေ သိန်း(NMSP)၊ ဗိုလ်မှူးကြီး‌ဆော်လမွန် (LDU)၊ ဗိုလ်မှူးကြီးမင်းထွန်း(ANC)၊ တာ့ညီလူ(WNO)တို ့တက်‌ရောက်ခဲ့ကြပြီး ၂၁ပင်လုံ အကြို ပြင်ဆင်‌ရေး‌ကော်မတီဘက်မှ ဥက္ကဌ ‌ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်း‌ဇော်၊ ဒုဗိုလ်ချုပ်ကြီးခင်‌ဇော်ဦး(ငြိမ်း)၊ ဦးနိုင်ငံလင်း၊ ဦးခက်ထိန်နန်၊ ‌ဒေါ်ဒွဲဘူ၊ ဦးမိုး‌ဇော်ဦးနှင့် ဦးလှ‌မောင်‌ရွှေတို့ တက်‌ရောက်ခဲ့ကြသည်။

လက်ရှိ အစိုးရလက်ထက် UNFC နှင့် အစိုးရတို့ ဇွန်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပထမအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ ပြီး ယင်း၏အဆက်အဖြစ် ယခုကဲ့သို့ ရန်ကုန်မြို့တွင် ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းဖြစ်‌ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များထံမှ သိရသည်။