Home သတင်း မဲ‌ဆောက်‌ဒေသအတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု ရာချီရှိ‌နေ

မဲ‌ဆောက်‌ဒေသအတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု ရာချီရှိ‌နေ

1954

ဇူလိုင် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စအို်င်ဆူး

ထိုင်းစစ်တပ်ဦး‌ဆောင်သည့် ပူး‌ပေါင်းအဖွဲ့စုံမှ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်‌ဒေသအတွင်း မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများကို ဇူလိုင် ၂၇ရက်‌နေ့မှစပြီး စီမံချက်(၅)ခုဖြင့် လိုက်လံဖမ်းဆီးရာ ယ‌နေ့အချိန်အထိ လူဦး‌ရေ ၃၀ဝ နီးပါး ဖမ်းဆီးခံရမှုရှိသည်ဟု မြန်မာအလုပ်သမားအ‌ရေး‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။

ကနဦးသတင်းအရ ဇူလိုင် ၂၉ရက်‌နေ့‌နောက်ပိုင်းမှစ၍ အ‌ထောက်အထား မရှိသူ၊ အလုပ်ရှင်အလုပ်သမား အ‌ထောက်အထားလွဲ‌နေသူ၊ တရားမဝင် ‌ဈေး‌ရောင်းသူ၊ မူးယစ်‌ဆေးဝါး၊ ကြက်၊ ချဲ ‌လောင်းကစား စသည့် ရာဇဝတ်မှုပြုသူ၊ တရားမဝင် အလုပ်သမားပွဲစားများစသည့် စီမံချက်(၅)ခုဖြင့် ထိုင်းအာဟာပိုင်များက ဖမ်းဆီးမည် ဖြစ်‌သော်လည်း ၂၇ရက်‌နေ့ညတွင် ထိုင်းစစ်တပ်က ဖမ်းဆီး‌နေခြင်းဖြစ်သည်ဟု မြန်မာပြည်သား များအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မ‌နေ့ကဆိုရင် ခန့်မှန်း‌ခြေ အ‌ယောက်ကိုးဆယ်‌လောက် ဖမ်းတယ်။ ဒီ‌နေ့ဆိုရင် တစ်ရာနီးပါး ‌လောက်ရှိပြီ။ ၂၇ရက်‌နေ့က‌နေ ဒီ‌နေဆိုရင် သုံးရာနီးပါ‌လောက်ရှိ‌နေပြီ၊ ဒီမဲ‌ဆောက်မှာ။ အဖမ်းခံရတဲ့‌နေရာ‌တွေက မယ်‌တော်၊ ‌လောဇုရပ်ကွက်‌တွေမှာ၊ ‌ဟွေးမုတ်‌ကျေးရွာက ‌လှေဂိတ်‌တွေမှာ ဖမ်းတယ်။ ‌နောက် မယ်ကု တိုက်နယ်ဘက်က ရွာ‌တွေမှာလည်း ကား‌တွေနဲ့ ဖမ်းတယ်״ဟု ဦးမိုးကြိုးက ‌ပြောသည်။

ဖမ်းဆီးခံရ‌သောအလုပ်သမားများကို ထိုင်းရဲအချုပ်ကားများဖြင့် မြန်မာဘက်ခြမ်းသို့ နာရီပိုင်းအတွင်း ပြန်လည် ပို့‌ဆောင်ပြီး ယခုဖမ်းဆီးမှုသည် ထိုင်းနိုင်ငံ၏ နိုင်ငံ‌ရေးက‌မောက်ကမာ့ အ‌ခြေအ‌နေ‌ကြောင့်ဖြစ်သလို ဇူလိုင် ၂၉ရက်‌နေ့သည် ယာယီ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်း‌ရောင်ကဒ်)ထုတ်‌ပေးမည့် ‌နောက်ဆုံး‌နေ့ဖြစ်သည့် အတွက် ထိုင်းအလုပ်ရှင်များအား ဖိအား‌ပေးသည့် သ‌ဘောလည်း ဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

ယခုဖမ်းဆီးမှုတွင် ထိုင်းစစ်တပ်မှ ဦး‌ဆောင်ပြီး ထိုင်းနယ်ခြား‌စောင့်တပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်‌ရေးရဲ၊ ယာဉ်ထိန်းရဲ၊ မှုခင်းရဲ၊ ပြည်သူ့စစ်၊ ‌ကျေးလက်နှင့် ‌ဒေသန္တရဖွံ့ဖြိုး‌ရေးအဖွဲ့နှင့် အလုပ်သမားဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူး‌ပေါင်းအဖွဲ့စုံမှ ဖမ်းဆီးခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီး‌နေသည်ဟုလည်း JACBA က ဆိုသည်။

မဲ‌ဆောက်မြို့ ‌ရွှေ့‌ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မစိမ့်မိမ့်‌အေးက “မ‌နေ့က ကျမတို့ (‌ဟွေးမုတ်)ရပ်ကွက်မှာ လာဖမ်းတယ်။ လက်မှတ်မရှိတဲ့သူ ၈၀‌ကျော်‌လောက် ပါသွားတယ်။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ လုပ်ခ လစာလည်း အပြည့်မရကြ‌တော့ ဝင်‌ငွေက နည်းတယ်။ မိသားစုစားဝတ်‌နေ‌ရေးအတွက်ပဲ ရုန်းကန်‌နေရ‌တော့ ဒီအလုပ်သမားကဒ် မလုပ်နိုင်ကြဘူး။ အလုပ်ရှင်‌တွေဘက်ကလည်း တာဝန်ယူ‌ပေးတာမျိုး အားနည်း‌တော့ အရမ်းနစ်နာ‌စေတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃သန်းခန့်ရှိသည့်အနက် ပန်း‌ရောင်ကဒ် ကိုင်‌ဆောင်သူဦး‌ရေ ၆သိန်း‌ကျော်ရှိသည်ဟု မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။ မဲ‌ဆောက်မြို့တွင် မြန်မာနိုင်ငံမှ လာ‌ရောက်‌ရွှေ့‌ပြောင်း‌နေထိုင်အလုပ်လုပ်ကိုင်‌နေသည့် အလုပ်သမားစုစု‌ပေါင်း တစ်သိန်း‌ကျော်ခန့် တည်ရှိပြီး အများစုမှာ ‌ဆောက်လုပ်‌ရေး၊ အထည်ချုပ်၊ ‌ဈေး‌ရောင်း‌ဈေးဝယ်၊ ည‌စောင့်အလုပ်သမားများ ဖြစ်ကြသည်။