Home သတင်း ဖားအံတွင် ‌ကျောင်းသားတပ်ဦး ကိုယ်စားလှယ်များ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌ဆွေး‌နွေးပွဲ ပြုလုပ်

ဖားအံတွင် ‌ကျောင်းသားတပ်ဦး ကိုယ်စားလှယ်များ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌ဆွေး‌နွေးပွဲ ပြုလုပ်

1980

ဇူလိုင် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့နှင့် လူငယ်များ သိရှိထားရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကိုယ်စားလှယ်အချို့မှ ကရင်ပြည်နယ် ဖားအံမြို့တွင် ဇူလိုင်လ ၁၃ရက်‌နေ့က ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တာဝန်ယူရှင်းပြရန်ဖြစ်‌သော်လည်း အချို့‌နေရာများရှိ လိုအပ်သည့် ကွက်လပ်များကို ABSDF က ဝိုင်းဝန်းဖြည့်ဆည်းသည့်သ‌ဘောဖြင့် မြန်မာပြည်နှင့် ငြိမ်းချမ်း‌ရေး ဆိုင်ရာ‌ဆွေး‌နွေးပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ABSDF ဗဟို ဦး‌ဆောင်‌ကော်မတီဝင်တစ်ဦးဖြစ်သူ ဆလိုင်း‌ယော‌အောင်က ‌ကေ အိုင်စီသို့ ‌ပြောဆိုသည်။

၎င်းက “ကျ‌နော်တို့က ဒီအပစ်ခတ်ရပ်စဲ‌ရေးဖြစ်စဉ်မှာ ပါတဲ့အတွက် ပြည်သူလူထုလည်း ကျယ်ပြန့်စွာသိ‌အောင် ဒီငြိမ်းချမ်း‌ရေး ဖြစ်စဉ်သွားတဲ့အခါမှာ အားလုံးပါဝင်ဖို့ လိုတယ်။ ဘယ်အဆင့်‌ရောက်‌နေပြီလဲ သိဖို့လိုတယ်။ သိမှ သူတို့လည်း ဘယ်အခန်းမှာ ပါဝင်ရမလဲ။ ‌နောက်တစ်ခုက JMC ကိစ္စလည်း ပြည်နယ်မှာ တာဝန်ရှိတယ်။ ဒီမှာရှိတဲ့လူထုလည်း ပိုပြီးသိသင့်တယ်။ လူထု‌တွေ က ဘာအခွင့်အ‌ရေးရှိလဲ။ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲ။ တတ်နိုင်သ‌လောက် ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို လိုက်ရှင်းပြတာ ဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အားလုံးပူး‌ပေါင်းပါဝင်ရန် လိုအပ်‌သော‌ကြောင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု အဆင့်ဆင့်ကို လည်း အချို့နိုင်ငံ‌ရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများက သိရှိထားသူရှိသလို ‌သေချာမသိရ‌သေးသူများလည်း ရှိ‌သေး ‌ကြောင်း ဆလိုင်း‌ယော‌အောင်က မှတ်ချက်ပြု‌ပြောဆိုသည်။

အရပ်ဖက်အဖွဲ့၊ မြို့ခံလူထုအချို့နှင့် လူငယ်များ ၂ဝခန့် တက်‌ရောက်ခဲ့ကြသည့် ၎င်း‌ဆွေး‌နွေးပွဲ၌ ABSDF ‌နောက်ခံသမိုင်းနှင့် ငြိမ်းချမ်း‌ရေးတွင် ပါဝင်လာပုံအ‌ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ‌ဖော်‌ဆောင်မှုအဆင့်ဆင့်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးအတွက် ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ အဆင့်ဆင့်နှင့် နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်များ စသည်တို့ကို ABSDF က ရှင်းလင်း‌ပြောကြားခဲ့သည်။

‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေး စီစဉ်‌ပေးသူ ‌စော‌ကျော်နိုင်က “ဒီလိုငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ မသိတဲ့လူထု‌တွေ အများကြီးရှိတယ်။ လူထု‌တွေသိ‌အောင်လည်း တိုင်းရင်းသားလက်နက်ကိုင်‌တွေက လုပ်‌ပေးဖို့ လိုအပ်‌သေးတယ်လို့ မြင်တယ်။ ပြီး‌တော့ လူငယ် ‌တွေက ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ပူး‌ပေါင်းပါဝင်‌စေဖို့နဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို သူတို့အတွက် မစိမ်း‌အောင် သတင်းအချက်အလက်‌တွေကို သိထားဖို့ ရည်ရွယ်ချက်လည်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့သည့် တိုင်းရင်းသားများပါဝင်သည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA) လက်မှတ်ထိုးသည့်အဖွဲ့ ၈ဖွဲ့ထဲတွင် တဖွဲ့ အပါအဝင် ဖြစ်သည်။