Home သတင်း စိတ်နှလုံးငြိမ်းချမ်းလိုပါက ပစ္စုပ္ပန်ဘဝနှင့်သာ ‌နေ‌စေလို‌ကြောင်း ၅၆နှစ်‌မြောက် ‌မွေး‌နေ့မဂင်္လာပွဲတွင် ‌တောင်က‌လေးဆရာ‌တော်‌ဟောကြား

စိတ်နှလုံးငြိမ်းချမ်းလိုပါက ပစ္စုပ္ပန်ဘဝနှင့်သာ ‌နေ‌စေလို‌ကြောင်း ၅၆နှစ်‌မြောက် ‌မွေး‌နေ့မဂင်္လာပွဲတွင် ‌တောင်က‌လေးဆရာ‌တော်‌ဟောကြား

1835

ဇူလိုင် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

မိမိ၏ စိတ်နှလုံးငြိမ်းချမ်းလိုပါက ပစ္စုပ္ပန်ဘဝနှင့်သာ ‌နေ‌စေလို‌ကြောင်း ယ‌နေ့(ဇူလိုင် ၁၄ရက်‌နေ့) ဖားအံမြို့နယ်၊ ‌တောင်က‌လေး ဘုန်းကြီး‌ကျောင်း၌ ကျင်းပသည့် အထင်ကရ ဆရာ‌တော်တစ်ပါးဖြစ်သူ ‌ဒေါက်တာအရှင်ပညာသာမိ၏ ၅၆နှစ်‌မြောက် ‌မွေး‌နေ့မဂင်္ လာပွဲ တရား‌တော်တွင် ဆရာ‌တော်ကိုယ်တိုင်က ‌ဟောကြားလိုက်သည်။

“လူတိုင်း စိတ်နှလုံးငြိမ်းချမ်း‌စေ‌ရေးအတွက် လွန်ခဲ့တဲ့ အတိတ်ကာလ‌တွေကို ပြန်လည်ပြီး သတိမရ‌စေဖို့ မ‌ရောက်လာ‌သေးတဲ့ အနာဂတ်ကာလ‌တွေကိုလည်း ကြိုတင်ပြီး မ‌မျှော်‌တွေးဖို့နဲ့ လက်ရှိ ပစ္စုပ္ပန်ဘဝနဲ့‌နေမှသာ မိမိရဲ့စိတ်နှလုံးငြိမ်းချမ်းမယ်”ဟု ဆရာ ‌တော်၏ ‌မွေး‌နေ့မဂင်္လာ တရားပွဲတွင် ‌ဟောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ‌မွေး‌နေ့မဂင်္လာပွဲတွင် ဆရာ‌တော်ဘုရားက တက်‌ရောက်လာကြသည့် ‌ကျောင်းသူ‌ကျောင်းသားများနှင့် လူထုပရိဿတ် များနှင့်အတူ ၅၆နှစ်‌မြောက် ‌မွေး‌နေ့မဂင်္လာအထိမ်းအမှတ်အ‌နေဖြင့် အများသတ္တဝါများအတွက် စု‌ပေါင်း‌မေတ္တာတရားများ ပို့သ ခြင်းနှင့် ဂျိုးဖြူငှက်‌ပေါင်း ၅၆‌ကောင် လွှတ်‌ပေးခြင်း အစီအစဉ်လည်း ပြုလုပ်ခဲ့သည်။

ဆရာ‌တော်၏ ‌မွေး‌နေ့မဂင်္လာပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ဦး‌ဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည် နယ်လွှတ်‌တော်အမတ်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ရပ်‌ဝေးရပ်နီးရှိ ဆရာ‌တော်ဘုရား၏ တပည့်‌ဟောင်းများနှင့် ဒါယိကာများ စုစု‌ပေါင်း ၁၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

‌မွေး‌နေ့ပွဲ တက်‌ရောက်သည့် ‌နော်ယုဇနဝါက “ဒီ ၅၆နှစ်‌မြောက် ဆရာ‌တော်‌မွေး‌နေ့မှာ ဆရာ‌တော်က ထူးထူးခြားခြား သူရဲ့ဒကာ ‌တွေကို ဘာမှ‌တော့ မ‌ဟောကြားပါဘူး။ သူရဲ့‌မွေး‌နေ့တရားပွဲမှာ‌တော့ စိတ်ငြိမ်းချမ်းချင်ရင် ပစ္စုပ္ပန်ဘဝနဲ့ပဲ ‌နေကြဖို့‌တော့ ‌ဟော ကြားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်က‌လေးဆရာ‌တော် ‌ဒေါက်တာအရှင်ပညာသာမိသည် ကျမ်းစာ‌ပေ‌ပေါင်း‌မြောက်များစွာကို ‌ရေးသားပြုစုသူဖြစ်ပြီး နယ်စပ် ‌ဒေသမှ ဆင်းရဲချို့တဲ့ကြ‌သော တိုင်းရင်းသားက‌လေးသူငယ်များအား ‌ခေါ်ယူ၍ ပညာသင်‌ပေး‌နေသည့် ဆရာ‌တော်တစ်ပါးလည်း ဖြစ်သည်။ ထို့အပြင် ပြည်တွင်းစစ် ပဋိပက္ခချုပ်ငြိမ်းရန်နှင့် ငြိမ်းချမ်း‌ရေးရရှိ‌စေရန် ကြိုးပမ်းလုပ်‌ဆောင်‌ပေးသည့် ငြိမ်းချမ်း‌ရေးလို လား‌သော ဆရာ‌တော်တစ်ပါးဖြစ်‌ကြောင်း လူသိများသည်။