Home သတင်း ငှက်‌ပျော‌တော‌ဆေး‌ပေးခန်း တည်‌ဆောက်‌ရေး ‌ဒေသခံများက ပြည်နယ်အစိုးရအား အ‌ကြောင်းပြန်‌စေလို

ငှက်‌ပျော‌တော‌ဆေး‌ပေးခန်း တည်‌ဆောက်‌ရေး ‌ဒေသခံများက ပြည်နယ်အစိုးရအား အ‌ကြောင်းပြန်‌စေလို

2106

ဇူလိုင် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

လှိုင်းဘွဲမြို့နယ်၊ ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးရွာအုပ်စုအတွင်း တည်‌ဆောက်မည့် ‌ကျေးလက်ကျန်းမာ‌ရေး‌ဆေး‌ပေးခန်း အ‌ဆောက်အဦးကို မူလ သ‌ဘောတူထားသည့် ငှက်‌ပျော‌တော‌ကျေးရွာတွင် ပြန်လည်တည်‌ဆောက်ရန် ပြည်နယ်အစိုးရအား ‌တောင်းဆိုထားမှုနှင့် ပတ်သက်၍ အ‌ကြောင်းပြန်ရန် ‌ဒေသခံများ ‌မျှော်လင့်‌နေကြသည်။

‌ဆေးခန်း‌နေရာ ‌ပြောင်း‌ရွှေ့မတည်‌ဆောက်ရန်နှင့် မူလက သ‌ဘောတူထားသည့် ‌နေရာတွင် တည်‌ဆောက်သွားရန် ဇွန်လ ၂၄ ရက်‌နေ့က ‌ကော့လုံကျွန်း ‌ဒေသခံများ စု‌ပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပကာ ‌တောင်းဆိုခဲ့‌သော်လည်း ပြည်နယ်အ စိုးရက လက်ရှိအချိန်ထိ မည်သည့်အ‌ကြောင်းပြန်မှုမျှ မရရှိ‌သေး‌ကြောင်း ငှက်‌ပျော‌တော‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောသန်းဦးက ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

“လွန်ခဲ့တဲ့ အစိုးရက ကျ‌နော်တို့ငှက်‌ပျော‌တော‌ကျေးရွာက ဘက်ဂျက်တင်တယ်။ ဘက်ဂျက်ကျတာလည်း ဒီငှက်‌ပျော‌တောရွာ မှာပဲ။ ကျ‌နော်တို့က ‌မြေ‌နေရာကိုလည်း စု‌ပေါင်းပြီးဝယ်ထားခဲ့ပြီး သန့်စင်ခန်းလည်း ‌ဆောက်လုပ်ထားပြီးပြီ။ ဒါကို ကျ‌နော်တို့ ‌ဒေ သခံ‌တွေက လက်မခံတဲ့ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ပြည်နယ်အစိုးရကိုလည်း စာတင်ခဲ့တယ်။ အခုထိ ဘာအ‌ကြောင်းမှ မကြားရ‌သေးဘူး။ ကျန်းမာ‌ရေးက ကျ‌နော်တို့အတွက် အ‌ရေးကြီး‌နေလို့ပါ”ဟု ‌စောသန်းဦးက ‌ပြောသည်။

ပြည်နယ်အစိုးရ ယခု ‌ပြောင်း‌ရွှေ့တည်‌ဆောက်မည့် ကို‌မောင်ရှမ်းစု တည်‌နေရာတွင် သစ်ပင်ကြီးများရှိ၍ ရှင်းလင်းမှုများ လုပ် ‌ဆောင်ရဦးမည်ဖြစ်ပြီး ထို‌နေရာသည် ‌ကော့လုံကျွန်း၏ အလယ်ဗဟိုမကျသလို လူ‌နေထိုင်မှုလည်း နည်း‌နေ‌ကြောင်း ‌ဒေသခံ တစ်ဦးဖြစ်သူ ‌စော‌လေးငယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌လေးငယ်က “အခု‌ပြောင်း‌ရွှေ့မယ့် ကို‌မောင်ရွာက‌တော့ ဘာတခုမှ မရှင်းလင်းရ‌သေးဘူး။ အပင်ကြီး‌တွေရှိတယ်။ သစ်ငုတ် ‌တွေလည်း အများကြီး ရှင်းလင်းရဦးမယ်‌လေ။ မူလသ‌ဘောတူထားတဲ့ ငှက်‌ပျော‌တော‌ကျေးရွာက ဘယ်ရွာပဲလာလာ ဗဟိုကျ တယ်။ ‌ဆောက်ဖို့လည်း အဆင်သင့်လုပ်ထားပြီး ဖြစ်တယ်။ ‌နောက် ဘက်ဂျက် ချထား‌ပေးတာလည်း ဒီရွာပဲ‌လေ။ ထူးထူး‌ထွေ ‌ထွေ‌တော့ မ‌ပြောချင်ပါဘူး။ ဖြစ်နိုင်ရင် ဝန်ကြီးချုပ်ကိုယ်တိုင်က ကွင်းဆင်းပြီး လာကြည့်သင့်ပါတယ်”ဟု ‌ပြောသည်။

ထိုသို့ ‌ပြောင်း‌ရွှေ့တည်‌ဆောက်ရန် ပြည်နယ်အစိုးရ ဆုံးဖြတ်ရခြင်းမှာ ပြည်နယ်ဝန်ကြီးချုပ်က မူလ ‌ဆေးခန်းတည်‌ဆောက်မည့် ‌နေရာ ငှက်‌ပျော‌တော‌ကျေးရွာတွင် ‌ရေနစ်မြှုပ်သည့်‌နေရာဖြစ်‌ကြောင်း လှိုင်းဘွဲမြို့နယ် အုပ်ချုပ်‌ရေးမှူး နိုင်ဝင်း‌ဇော်က ဇွန်လ ၈ ရက် ‌နေ့စွဲဖြင့် မြို့နယ်ကျန်းမာ‌ရေးမှူးထံ ‌ပေးပို့သည့်စာတွင် ‌ဖော်ပြထားချက်အရ သိရသည်။

သို့‌သော် ငှက်‌ပျော‌တော‌ကျေးရွာ၌ တည်‌ဆောက်မည့် ‌ဆေးခန်း‌နေရာသည် ‌ကော့လုံကျွန်းဧရိယာအတွင်းရှိ ‌ကျေးရွာအုပ်စု ငါးခု စလုံး၏ သ‌ဘောဆန္ဒဖြင့် လက်မှတ်ထိုးထားခြင်းဖြစ်ပြီး ‌မြေ‌နေရာမှာလည်း ‌ကျေးရွာများ စု‌ပေါင်းဝယ်ယူထား‌သော ‌ရေနှစ်မြှုပ် ခြင်း မရှိသည့် ကုန်းမြင့်‌နေရာဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ကော့လုံကျွန်း‌ပေါ် တည်‌ဆောက်သွားရန်ရှိသည့် ‌ကျေးလက်ကျန်းမာ‌ရေးဌာနသည် ၎င်းဧရိယာရှိ ကို‌မောင်၊ မြ‌လေး၊ တခွက်ဖိုး၊ အင်းနို့သိပ္ပံနှင့် ‌နော‌ကော့ စသည့်‌ကျေးရွာအုပ်စု ၅ခုအတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၂၄ရွာအတွက် အ‌ထောက်အကူပြုနိုင်မည် ဖြစ် သည်။